တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး

တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
31 Mar 2017 3:57 pm တွင် တင်ခဲ့သည်
1557 ကြိမ် ကြည့်ရှု့ပြီး
iMyanmarHouse.com မှ ကြီးမှူး၍ တောင်ကြီးမြို့ Taunggyi Business Center (ကားကြီးဂိတ်) တွင် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ကို ၃၁ မတ်လမှ ဧပြီ ၂ရက်နေ့အထိ (၃)ရက်တိုင်
တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိပါသည်။

အဆိုပါပွဲသည် iMyanmarHouse.com အနေဖြင့် တောင်ကြီးမြို့ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အိမ်ခြံမြေ၊ ကားနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး ဖြစ်ပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် အကြီးမားဆုံး ပြပွဲကြီးဖြစ်အောင် စီစဉ်ထားကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ရှိ တဝှမ်းလုံးမှ ဂုဏ်သရေရှိလူကြီးမင်းများ၊ အထူးဧည့်သည်တော်များ၊ ထိပ်သီးအစိုးရအရာရှိများ (ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါအဝင်)နှင့် ရန်ကုန်မြို့ မှ အထူးဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြောင်းလည်း သတင်းရရှိပါသည်။

ပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမည် ဖြစ်ပြီး ကံစမ်းမဲအစီအစဉ်များ၊ စာပေဟောပြောပွဲများ၊ နိုင်ငံကျော်အနုပညာရှင်များဖြစ်ကြသည့် တင်ဇာမော်၊ အေးမြတ်သူ၊ အမ်ဆိုင်းလု၊ အွန်ဆိုင်း၊ ဘီလီလမင်းအေး တို့မှ ဖျော်ဖြေတင်ဆက်သွားမည့် အစီအစဉ်များလည်း ထည့်သွင်းထားကြောင်း သိရပါသည်။

ဆောက်လုပ်ရေးလုပ်ငန်း (၁၃)ခုမှ တိုက်ခန်းကွန်ဒိုများ၊ ဘဏ်များ၊ လူသုံးကုန်ပစ္စည်းများ၊ Toyota နှင့် Ford Showroom များမှ ကားမော်ဒယ်အသစ်များကို ခင်းကျင်းပြသထားတာ တွေ့ရပါသည်။

ဒီပွဲမှာ ရန်ကုန်မြို့ မှ တိုက်ခန်း၊ ကွန်ဒိုတွေလည်း လာပြမယ်။ စာပေဟောပြောပွဲတွေလည်းပါတယ်လို့ ကြေငြာထားလို့ လာကြည့်တာပါ ဟု ပွဲသို့လာရောက်လေ့လာသူတစ်ဦးမှ မှတ်ချက်ပေးခဲ့ပါသည်။

ဒေါက်တာ ဦးထွန်းလွင် (မိုးလေဝသ)၊ ဦးမျိုးမြင့် (MKT Construction) ၊ ဦးကိုကိုထွေး (Taw Win Center) ၊ ဦးဝင်းဇော် (CHD Bank) ၊ ဦးစိုင်းအောင်ကျော် ( မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ် ဥက္ကဌ) ၊ ဦးစိုးဟိန်း (SME Institute) ၊ ဦးပြည့်ဖြိုးပိုင် (BaganTrade) ၊ ဦးဇင်ဖြိုးပိုင် (MESI) ၊ ဦးနေမင်းသူ (iMyanmarHouse.com) စသည့် ကဏ္ဍအသီးသီးမှ ဆရာများက နေ့စဉ်ဟောပြောပေးမည်ဖြစ်သဖြင့် မည်သူမဆိုလာရောက် လေ့လာနိုင်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
တောင်ကြီးမြို့ တွင် ကျင်းပနေသည့် အိမ်ခြံမြေ ၊ ကား နှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service