လယ်ယာမြေအကွက်ရိုက် ရောင်းချရာတွင် အစိုးရ၀န်ထမ်းများ ပါဝင်ပါက အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ဆို

လယ်ယာမြေအကွက်ရိုက် ရောင်းချရာတွင် အစိုးရ၀န်ထမ်းများ ပါဝင်ပါက အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
27 Mar 2017 11:09 am တွင် တင်ခဲ့သည်
3521 ကြိမ် ကြည့်ရှု့ပြီး
မွန်ပြည်နယ် အတွင်း လယ်ယာမြေကို ခြံမြေအ ကွက်ရိုက် ရောင်းချရာတွင် ပါဝင်သည့် အစိုးရ၀န်ထမ်းမည်သည့်
ပုဂ္ဂိုလ်မဆို ဥပဒေကြောင်းအရ အရေးယူမည်ဟု မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

‘‘ခွင့်ပြုချက်မရှိဘဲ ခြံမြေအကွက်ချ ရောင်းချတဲ့ ပါဝင်ပတ် သက်တဲ့ အစိုးရ၀န်ထမ်း မည် သည့် ပုဂ္ဂိုလ်မဆိုသက်ဆိုင်တဲ့ ဥပဒေနဲ့ အရေးယူမှုပြုလုပ်မယ်။ မြေရောင်းချလို့ ရရှိထားတဲ့ငွေတွေ ကိုလည်း နိုင်ငံတော်ဘဏ္ဍာ အ ဖြစ် သိမ်းယူမယ်။ လယ်မြေကို
လည်း ပြန်သိမ်းမယ်’’ဟု ဒေါက် တာအေးဇံက မတ်လ ၂၄ ရက်တွင်ပြည်နယ်လွှတ်တော်အစည်းအ ဝေး၌ ပြောသည်။

လယ်ယာမြေများကို ခွင့်ပြု ချက်မရှိဘဲ အခြားနည်းသုံးစွဲခြင်း (အကွက်ရိုက်ရောင်းချခြင်း)၊ လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) ကို ကျူးလွန်ဖောက်ဖျက်ရာရောက် ၍ သတ်မှတ်သည့်ဒဏ်ကြေးငွေ ပေးဆောင်ခြင်း၊ သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေ ကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်တွင် နှင်ထုတ်ထိုက်သူ များကို နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံ များကို ဖယ်ရှားမည်ဟု မွန်ပြည် နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ ဆောင်ဆက်သွယ်ရေး
ဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

‘‘ပေါင်မြို့နယ်မှာ လယ်မြေ တွေကို အကွက်ရိုက်ရောင်းချတာ အများဆုံးပဲ။ လယ်မြေအကွက် ရိုက်ရောင်းချလို့ ပါဝင်ပတ်သက် တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကို တိုင်ကြားထားတာ ရှိတယ်။ တိုင်ကြားမှုရှိလို့ အရေးယူထား တာ ရှိပါတယ်။
ဒီလိုလယ်မြေတွေကို အကွက်ရိုက်မရောင်းချဖို့ ဖေဖော်ဝါရီလက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးချင်းကို ၀န်ခံကတိပြုလက်မှတ်ရေးထိုးထားခိုင်းတယ်’’ဟု ဦးထွန်းဌေးက ဆိုသည်။

ပေါင်မြို့နယ် မြလေးချောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ခြင်း၊ ပေါင်မြို့နယ် ကတွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဥပဒေအရ တာဝန်မှရပ်စဲခြင်း၊ ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ အများပိုင်မြေနုကျွန်းများ ခြံကွက်ရိုက်ရောင်း ချခြင်းတို့ကြောင့် အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ကို ဥပဒေအရ တာဝန်မှရပ်စဲခြင်း၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အရေးယူခြင်းများ ဆောင်ရွက်ထားကြောင်း ဦးထွန်းဌေးက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service