ဒူဘိုင်းတွင် တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာရောင်းချရာ၌ ငှားရမ်းခမဲ့ကာလများ ပေးအပ်လာခြင်းကြောင့် အငှားဈေးကွက်အပေါ် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့
Asteco မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင်
ဖော်ပြကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒူဘိုင်းမြောက်ပိုင်း ရှာဂျာ၊ အစ်ဂ်ျမန်နှင့် ဖူဂျိုင်ရာတို့တွင် ၂၀၁၆ နောက်ဆုံး ၃ လပတ်ကာလအတွင်း အငှားကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်ဟု Asteco ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
“တန်ဖိုးနည်းအိမ်ရာ အရောင်းဈေးကွက်ဝင်မှုတွေ အလုံးအရင်းရှိနေဦးမယ်ဆိုရင် ၂၀၁၇ ခုနှစ်အတွင်းမှာလည်း အငှားကျဆင်းမှုတွေကို ဆက်လက်မြင်တွေ့ရဖွယ်ရာရှိပါတယ်” ဟု
Asteco မှ မန်နေးဂျင်းဒါရိုက်တာ ဂျွန်စတီဗန်က ပြောကြားသည်။
ဒူဘိုင်းတွင် အိပ်ခန်းတစ်ခန်းပါ လူနေခန်းတစ်ခန်း၏ ပျှမ်းမျှတစ်နှစ်တာ ငှားရမ်းခမှာ ဒူဘိုင်းငွေ ၃၁၀၀၀ ဖြစ်သည်။
ငှား-ဝယ်စနစ်ဖြင့် ရောင်းချရာတွင် အငှားခမဲ့ကာလများ ပေးအပ်ထားသည့်အပြင် ၆ ရစ်မှ ၁၂ ရစ်အထိ ပိုမိုဖြေလျော့အရောင်းမြှင့်တင်မှုများ ပြုလုပ်လာကြသည်။
လက်ရှိနေထိုင်သူများကို ဆက်လက်ထိန်းသိမ်းထားပြီး လူသစ်များ ဆွဲဆောင်နိုင်ရန် ရည်ရွယ်ချက် ဖြစ်သည်။
မကြာသေးမီက အသစ်ဆောက်လုပ်ပြီးစီးသွားသော ဆာဟာရတာဝါတွင်လည်း ငှားရမ်းခမဲ့ကာလများ သတ်မှတ်ပေးထားသည်ဟု ဆိုသည်။
“ အယ်လ် မာဂျန်ကျွန်းမှာလည်း လူနေခန်းပေါင်း ၁၄၀၀ ကျော် ပြီးစီးသွားပြီဆိုတော့ ငှားရမ်းခတွေ ဆက်လက်ကျဆင်းဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်” ဟု စတီဗန်က ပြောကြားသည်။
အယ်လ် မာဇူကီအမည်ရှိ တာဝါသစ်တွင်လည်း ငှားရမ်းခများ ကျဆင်းလျက်ရှိပြီး စတုရန်းတစ်ပေလျှင် ဒူဘိုင်းငွေ ၅၅ မှ ၆၅ (မြန်မာငွေ ၂၀၀၀၀ မှ ၂၄၀၀၀ ) ကြားသာ ရှိသည့်အပြင် ငှားရမ်းခမဲ့ကာလကိုလည်း
၃ လနှင့်အထက် ပေးအပ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)