ထားဝယ် အထူးစီးပွား ရေးဇုန် ပြန်လည်စတင်ရန် ထိုင်း နိုင်ငံ က မြန်မာနို င်ငံအား ကျပ်ငွေ ၁၇၅ ဘီလီယံခန့် (ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ) ချေးငွေပေးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြ ထား သည်။
အဆိုပါချေးငွေသည့် ၁၃၂ ကီလိုမီတာ (၈၂ မိုင်) ရှည်လျား သည့် ထိုင်းနိုင်ငံ နယ်စပ် ကန်ချ နာဘူရီမှ ထားဝယ်အထူးစီးပွား ရေးဇုန်သို့သွားသည့် လမ်း မကြီး ဖောက်လုပ်ရန်ဖြစ်ကြောင်း ထိုင်း နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး မစ္စတာ အာခွန်းကပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်အတွက် နှစ်ဖက်အ စိုးရ ဆွေး နွေးပွဲတွင် မြန် မာအစိုးရက ချေး ငွေပေးရန် တောင်းဆိုခဲ့သည်ဟု မစ္စတာအာခွန်း ကပြော သည်။
အဆိုပါချေးငွေဖြင့် ကန်ချာ နာဘူရီနယ်စပ် ဘန်ဖူနန်းရွန်းဂိတ် မှ ထားဝယ် အထူးစီးပွားရေးဇုန် အထိ နှစ်လမ်းသွားလမ်း တည် ဆောက်မည်ဟု ၎င်းက ဆက် လက်ပြောကြားသည်။
အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗ န်ထီးယူနှင့် မြန်မာ- ထိုင်း ထားဝယ်အထူးစီးပွားရေး ဇုန်နှင့် ဆက်စပ်စီမံ ကိန်းဧရိယာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးတွဲကော်မတီ (JCC) ဥက္က ဋ္ဌ မစ္စတာအာခွန်းတို့ ဖေဖော်ဝါရီ ၁၀ ရက်တွင် နေပြည်တော် ၌တွေ့ဆုံေ ဆွးနွေးခဲ့သည်။
ထို့အပြင် ထိုင်းအစိုးရက ထားဝယ်အထူးစီးပွားရေးဇုန် အ ကောင်အ ထည်ဖော်ခဲ့သည့် အီ တာလျံ-ထိုင်းကုမ္ပဏီကို အသေး စားဆိပ်ကမ်းနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တွင် အသုံးပြုမည့် ဓာတ်အားပေးစက်ရုံတစ်ခု တည် ဆောက်ရန် တွန်းအားပေးမည်ဟု ဆိုသည်။ ထိုစီမံကိန်းများသည် လက်ရှိတွင် ဒီဇိုင်းရေးဆွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ် နာမှုများ ကို လေ့လာနေသည်ဟု ဆိုသည်။
အဆိုပါချေးငွေဖြင့် လမ်း တည်ဆောက်မှု၊ ဆိပ်ကမ်းနှင့် ဓာတ်အားပေး စက် ရုံ စီမံကိန်းအ တွက် အချိန်သတ်မှတ်ရန် ထိုင်း- မြန်မာ ထားဝယ်အထူးစီး ပွားရေး ဇုန်ဆိုင်ရာ ဘုတ်အဖွဲ့အစည်းအ ဝေးကို မတ်လတွင် ကျင်းပမည် ဟု ဆိုသည်။
‘‘ဒီစီမံကိန်းအတွက် လမ်း ပန်းဆက်သွယ်ရေးကောင်းမှ အခြား ရင်းနှီးမြှုပ်နှံ မယ့်သူတွေက စိတ်ဝင်စားမယ်။ ဒါကြောင့် လမ်းကို အရင်လုပ်ဖို့ ဆွေးနွေး ထားတာပါ’’ဟု ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးဖြိုးဝေထွန်း ကပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်ကို အီတာလျံ-ထိုင်းကုမ္ပဏီက စတင် အကောင်အထည်ဖော်ခဲ့ပြီး ယင်းကုမ္ပဏီက ငွေကြေးအခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်းခဲ့သည်။ ထားဝယ်အထူးစီး ပွားရေးဇုန်စီမံကိန်း ပြန်လည် စတင်ရန် အစိုးရသစ်လက်ထက် တွင် ဖွဲ့စည်းခဲ့သည့် စီမံခန့်ခွဲမှု ကော်မတီ သည် ပထမဆုံးအကြိမ် ဂျပန်နိုင်ငံနှင့် စတင်ဆွေးနွေးပြီး နောက် ဒုတိ ယမြောက်အနေဖြင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ဆွေး နွေးခြင်းဖြစ်သည်။ ထို့နောက် ထိုင်းအစိုးရနှင့် ဆက်လက်ဆွေး နွေးခဲ့သည်။
Credit: 7DayDaily