ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပေါ်ထွက်လာပါက စာချုပ်များ ချုပ်ဆိုသွားမည်ဟု ရုရှားသံအမတ် ပြော

ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ပေါ်ထွက်လာပါက စာချုပ်များ ချုပ်ဆိုသွားမည်ဟု ရုရှားသံအမတ် ပြော - Property News in Myanmar from iMyanmarHouse.com
9 Feb 2017 10:11 am တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အတည်ပြုထွက်ပေါ်လာလျှင် ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ချုပ်ဆိုသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကိုလိုင်းလစ်တိုပါဒေါဗ့် က ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) တွင် ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်သွားရန် ရုရှားနိုင်ငံအနေဖြင့် အဆင်အသင့်ရှိနေပြီဖြစ်ပြီး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောခဲ့သည်။

ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ရေနံလုပ်ငန်းနှင့် သံစိမ်းစက်ရုံ လုပ်ငန်း အချို့တွင်သာ ရုရှားရင်းနှီးမြုပ်နှံမှု အနည်းသာရှိသေးသည်။

"ကျွန်တော်တို့ဘက်က ချုပ်ဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်ကအသင့်မရှိသေးဘူး။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး အခုဥပဒေအသစ်ကို ရေးဆွဲနေတယ်။ ပြည်သူ့လွှတ်တော်က အတည်မပြုသေးဘူး။ ဒါမကြာခင် အတည်ပြုတော့မယ်။ နောက်မှ ကျွန်တော်တို့ နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုနဲ့ ဆိုင်တဲ့ စာချုပ်ချုပ်နိုင်ပါမယ်။" ဟု မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာနီကိုလိုင်းလစ်တိုပါဒေါဗ့် က ပြောသည်။

ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံက ဖိတ်ခေါ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်က ၂၀၁၆ ခုနှစ် မေလ (၁၉) ရက် နှင့် (၂၀) ရက်များတွင် ရုရှားနိုင်ငံ ဆိုချီ မြို့၌ ကျင်းပခဲ့သော မြန်မာ-ရုရှား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ပြောသွားခဲ့သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ၁၉၄၈ လွှတ်လပ်ရေးရစဉ်ကာလက စတင်ခဲ့ပြီး ယခုနှစ်တွင် နှစ်ပေါင်း ၆၉ နှစ်ရှိခဲ့ပြီဖြစ်သည်။

Credit: Mizzima Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service