” မီလျံနာ” တိုင်းဆီမှာ တွေ့ရတဲ့ အမူအကျင့် ၇ ခု...!

” မီလျံနာ” တိုင်းဆီမှာ တွေ့ရတဲ့ အမူအကျင့် ၇ ခု...! - Property Knowledge in Myanmar from iMyanmarHouse.com
7 Feb 2017 12:52 pm တွင် တင်ခဲ့သည်
2364 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မီလျံနာ တစ်ဦးရဲ့ ဘဝဆိုတာ မတော်တဆအခြေအနေမျိုးမှာ ရလာတာမဟုတ်ပါဘူး။ ယနေ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေ အားလုံးရဲ့ အတိတ်မှာ အများနဲ့မတူတဲ့ အတွေးအခေါ်
အမူအကျင့်တွေရှိခဲ့မယ်ဆိုတာ သေချာလှပါတယ်။မီလျံနာတစ်ဦးကို မြင်လိုက်ရင်ကံကောင်းလိုက်တာလို့
တွေးတတ်ကြပေမဲ့ နောက်ကွယ်မှာ သူတို့ရဲ့ အလုပ်ကြိုးစားခဲ့မှုကို မေ့လျော့နေတတ် ကြပါတယ်။ မီလျံနာတစ်ဦးဖြစ်ဖို့ဆိုတာ ပုံပြင်တွေထဲနဲ့ လက်တွေ့ဘဝ များစွာကွာခြားနေတတ်ပြီး အာရုံစူးစိုက်မှု၊ အမူအကျင့်နဲ့ လုပ်ရည်ကိုင်ရည် စတဲ့အရာတွေကလည်း အရေးပါလွန်းလှပါတယ်။

လူတိုင်းနီးပါး မီလျံနာသဌေးဖြစ်ချင်ကြပါတယ်။ ဒီတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အမူအကျင့် ၁၀ ချက်ကို ကြည့်ကြရအောင်ပါ။

၁။ အိပ်ယာစောစောထခြင်း

နယ်ပယ်အသီးသီးက အောင်မြင်နေတဲ့လူတိုင်းမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်ဖြစ်ပါတယ်။ အထူးသဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေဆီမှာ အိပ်ယာစောစောထတတ်တဲ့ အမူအကျင့်တွေ တွေ့ရတတ်ပါတယ်။ HARO လုပ်ငန်းတည်ထောင်သူ ပီတာရှိတ်မန်းဆိုရင် နေ့တိုင်း မနက် ၄း၃၀ ခွဲမှာ အိပ်ယာထလေ့ရှိသူ ဖြစ်ပါတယ်။ မနက်စောစောထပြီး တစ်နေ့တာလုပ်စရာရှိတာတွေကို ပြင်ဆင်ထား တဲ့ အမူအကျင့်ဟာ
အောင်မြင်သူတွေရဲ့ အလေ့အထဖြစ်ပါတယ်။

၂။ ထပ်ခါထပ်ခါ လေ့လာခြင်း

ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်အကြောင်း အမြဲတမ်းလေ့လာနေဖို့လည်း အရေးကြီးပါတယ်။ အောင်မြင်သူ လုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့စိတ်ကို ပိုပြီးရင့်သန်စေဖို့နဲ့ ကမ္ဘာကြီးအကြောင်းပိုသိဖို့
နေ့စဉ်စာဖတ်ကြပါတယ်။ NetCom လုပ်ငန်းရဲ့ အကြီးအကဲ ရက်ဆဲလ်ဆာဒါဆိုရင် နေ့စဉ် စာဖတ်သူ ဖြစ်ပါတယ်။ အလုပ်များတဲ့ ကြားရက်တွေမှာတောင် တစ်နေ့ကိုတစ်နာရီကနေ နှစ်နာရီခန့်ထိ
စာဖတ်လေ့ရှိပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ဟာ အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၃။ ငွေကြေးကို စီမံခန့်ခွဲခြင်း

အောင်မြင်သူမီလျံနာတွေက ငွေကြေးကိုစီမံခန့်ခွဲဖို့ ဝါသနာပါသူတွေ ဖြစ်တတ်ကြပါတယ်။ ပုဂ္ဂိုလ်ရေး ဘဝနဲ့ လုပ်ငန်းနယ်ပယ် နှစ်ခုလုံးကို အဆင်ပြေအောင်စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းကလည်း မီလျံနာတစ်ယောက် ဖြစ်ဖို့ အရေးကြီါးပတယ်။ The Millionaire Next Door စာအုပ်ကို ရေးသားတဲ့ စာရေးဆရာ သောမတ်စတန်လေ ကတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကြီးပွားလာသူတွေဆီမှာ ဘဏ်အကောင့်ထဲက ငွေအနည်းအများကို အမြဲတမ်း စိစစ်တွက်ချက်နေတတ်တဲ့ အကျင့်ရှိတယ်လို့ ရေးသားထားပါတယ်။

၎။ အလုပ်ကြိုးစားပါ

လျှင်လျှင်မြန်မြန် ချမ်းသာလာခြင်းရဲ့ အဓိအကြောင်းအကြောင်းအရင်းတစ်ချက်က အလုပ်ကြိုးစားခြင်း
ဖြစ်ပါတယ်။ ပိုက်ဆံများများ ဘယ်လိုရှာရမလဲဆိုတာ လူတိုင်းနီးပါး စဉ်းစားတက်ကြပေမယ့် အလုပ်ကို ကြိုးကြိုးစားစား လုပ်ရမယ်ဆိုတာတော့ သတိမေ့နေ တတ်ကြပါတယ်။

၅။ ခိုင်မာတဲ့ ရည်မှန်းချက်ရှိခြင်း

စွန့်ဦးတီထွင်လုပ်ငန်းရှင်တိုင်းဆီမှာ တိကျပြတ်သားတဲ့ ရည်မှန်ချက်ပန်းတိုင်ရှိပါတယ်။ သူတို့ရဲ့ အနာဂတ်ဟာ ဘယ်အချိန်မှာ ဘာဖြစ်ရမယ်၊ ဘာလုပ်ရမယ် ဆိုတာတွေနဲ့ ပြည့်နေတတ်ပါတယ်။
နောက်လာမယ့် လေးပတ်အတွင်းဘာလုပ်ရမယ်ဆိုတာကအစ နောက်ငါးနှစ်အတွင်းဘာလုပ်ရမယ်
ဆိုတာလည်းသူတို့စဉ်းစားထားပြီးသား ဖြစ်နေတတ်ပါတယ်။ လေ့လာချက်အရတော့ဘာလုပ်မယ်ဆိုတာ
တိတိကျကျ ဆုံးဖြတ်ထားသူတွေက လိုရာပန်းတိုင်းကိုရောက်ဖို့ သာမန်ထက် ၇၈ ရာခိုင်နှုန်း အခွင့်အလမ်း ပိုပါတယ်။

၆။ မအောင်မြင်မှာ ကြောက်ရွံ့ခြင်း

မအောင်မြင်မှာကိုတွေးပြီး ကြောက်ရွံ့နေတက်ခြင်းကလည်း သင့်ကိုအောင်မြင်သူတစ်ဦးဖြစ်လာဖို့
နှောင့်နှေးစေတက်ပါတယ်။ အောင်မြင်နေသူ လုပ်ငန်းရှင်တွေက ကြိုးစားရင်း ရှုံးနိမ့်မှာကို မကြောက်တတ်ကြပါဘူး။ စွန့်စားမှုကိုလည်း နှစ်သက်ကြပါတယ်။ ရှုံးနိမ့်မှုဟာ မဖြစ်မနေသင်ယူဖို့
လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ သူတို့ သဘောပေါက်ကြပါတယ်။ ရှုံးနိမ့်မှုဟာ သင့်အတွက်
နောက်ဆုံးအဖြေမဟုတ်ဘူးဆိုတာကို သတိရဖို့ လိုပါတယ်။


၇။ နားချိန်ယူခြင်း
အောင်မြင်လိုစိတ်ပြင်းပြသူ လုပ်ငန်းရှင်တိုင်း နားချိန်မယူချင်ကြပါဘူး။ ဒါပေမယ့် အောင်မြင်နေသူ အားလုံးကလည်း အနားယူခြင်းဟာ အရေးကြီးတယ်ဆိုတာ သိထားကြပါတယ်။ စာရေးဆရာမ အာရီယာနာဟက်ဖင်တန်ကလည်း ဒါဟာအရေးအကြီးဆုံးလို့ ထောက်ပြထားပါတယ်။ သင့်တော်တဲ့ အနားယူမှု ပြုလုပ်ခြင်းဟာ လူကိုပြန်လည်လန်းဆန်းတက်ကြွစေပြီး အတွေးအခေါ်အသစ်အဆန်းတွေ
ပေးနိုင်မှာ ဖြစ်ပါတယ်။

Credit:Duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service