ဒဂုံမြို့သစ် မြို့နယ်တွေရဲ့ မြေကွက်ဈေး ယခင်ဈေးထက် သုံးဆကျော် ကျဆင်း

ဒဂုံမြို့သစ် မြို့နယ်တွေရဲ့ မြေကွက်ဈေး ယခင်ဈေးထက် သုံးဆကျော် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
3 Feb 2017 12:03 pm တွင် တင်ခဲ့သည်
8859 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် မြို့နယ်တွေဖြစ်တဲ့ ဒဂုံအရှေ့၊တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေရဲ့ မြေကွက်ဈေးဟာ မူလဈေးထက် သုံးဆကျော် ကျဆင်းနေတယ်လို့သိရပါတယ်။

မုဒိတာအိမ်ခြံမြေ အကျိုးဆောင်အဖွဲ့ တာဝန်ရှိသူက လက်ရှိကတော့ အရောင်းအ၀ယ်အေးနေတဲ့ ကာလပေါ့ ၊အဓိကပြဿနာက အ၀ယ်မရှိတဲ့ ပြဿနာ ၊အဲဒီတော့ လက်ရှိမှာ ကျွန်တော်တို့ အကျိုးဆောင်တွေကပဲ ၀ယ်ပြီးတော့ ထိန်းထားနေရတာ ၊အပြင်အ၀ယ်မရှိဘူးဗျာ၊တော်တော်ကြီးကို ပါးနေတာ ၊ဒါပေမဲ့ အရောင်းအ၀ယ်ပါးတာကတော့ တစ်နှစ်ကျော်လောက်ရှိပြီ၊ အရင်တုန်းကတော့ သိန်း ၂၀၀ ကျော် ၃၀၀ တန်တဲ့ အကွက်တွေ အခုလက်ရှိမှာတော့ သိန်း၇၀၊၈၀၀န်းကျင်ပဲရှိတော့တယ်၊ ဈေးကတော်တော်ကျသွားတယ်၊သုံးပုံ ပုံတစ်ပုံလောက်ထိ ကိုကျသွားတာ၊ မြေကွက်ဈေးက သိန်း၂၀ ကနေပြီး ထောင်ကျော်အထိပေါက်ဈေးရှိတယ်၊ ဒါပေမယ့်အခုကတော့ တော်တော်ကြီးကိုဈေးတွေပြုတ်ကျနေတဲ့ အချိန်ပါလို့ပြောပါတယ်။

' အဓိကကတော့ အ၀ယ်မရှိတာ၊ရောင်းတဲ့သူတွေကတော့ ရှိတယ်၊အ၀ယ်မရှိတော့ လေးမြို့နယ်လုံးကို အေးနေတာ ၊အ၀ယ်ကတော့ တော်ရုံတန်ရုံမရှိဘူးဗျာ တစ်လမှ တစ်ကွက်နှစ်ကွက်ပဲ ၀ယ်နေကြတာပါ ' လို့ နိုင် အိမ်ခြံမြေအကျိုးဆောင်အဖွဲ့က တာဝန်ရှိသူကလည်းပြောပါတယ်။

အခုအခါ အရှေ့ဒဂုံက ၁၅၉၊၁၆၀ ရပ်ကွက်တွေရဲ့ မြေကွက်ဈေးဟာ ဈေးအပေါဆုံးဖြစ်နေ
ပါတယ်။အဲသည်ရပ်ကွက် နှစ်ခုပြီးရင် တောင်ဒဂုံ ရဲ့ရပ်ကွက်တွေဖြစ်ပြီး ၀ယ်လက်တောင်မရှိဘူးလို့ သိရပါတယ်။

' ကျွန်တော်တို့က ဈေးကွက်အကြောင်းနားလည်တယ်
ဈေးကတက်လာပြီဆို အဆပေါင်းများစွာတက်တာ ၊
မနေ့က ၁၀၀နဲ့ ရောင်းတဲ့မြေက နောက်နေ့ကျ ၁၅၀ လောက်အထိကိုတက်တာ အရင်ကတော့ ဈေးအ၀ယ်အများဆုံးဆင်းတဲ့ သူတွေက ရှမ်းတရုတ်တွေ သူတို့အတွက် အခုကအခွင့်အလမ်းပိတ်ထားတယ်၊အရင်တုန်းကတော့ပေါ တာပေါ့ အဲဒီတော့ မြေကွက်ဘက်မလှည့်ပဲ အခြားစီးပွားရေးဘက်ပြောင်းကုန်တော့ ဒီဘက်မှာလဲ အ၀ယ်တွေ ဈေးတွေကျကုန်တာပေါ့ 'လို့ မုဒိတာအိမ်ခြံမြေအကျိုးဆောင်အဖွဲ့ ကပြောပါတယ်။
မြေကွက်ဝယ်မယ့် သူတွေအတွက် ယခုကာလက အကောင်းဆုံးအနေအထား တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Credeit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service