မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံရေးဆွဲထုတ်လုပ်ရန် စီစဉ်နေ

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံရေးဆွဲထုတ်လုပ်ရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
1 Feb 2017 11:19 am တွင် တင်ခဲ့သည်
3711 ကြိမ် ကြည့်ရှု့ပြီး
ရှေးဟောင်းရခိုင်ယဉ်ကျေးမှုလက်ရာများ တည်ရှိရာ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အသေးစိတ် လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ၏ အကူအညီဖြင့် 3D မြေပုံ ရေးဆွဲထုတ်လုပ်ရန် စီစဉ်လျက် ရှိကြောင်း မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး
ဌာန၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်န၀ါရီလ ၃၁ ရက်က ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ ပညာရှင် ၁၀ ဦး ပါဝင်သော အဖွဲ့နှင့် မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသား
ပြတိုက် ဦးစီးဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မြောက်ဦးမြို့အား 3D မြေပုံရေးဆွဲရန်နှင့် ကောင်းကင်
မြေပုံရိုက်ကူးနိုင်ရန် ဇန်နဝါရီ ၂၇ ရက်က မောင်းသူမဲ့ လေယာဉ်များဖြင့် ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် မြောက်ဦးယဉ်ကျေးမူနယ်မြေရှိ အထင်ကရနေရာများဖြစ်သော ရှေး ရခိုင်
နန်းတော် ဖြစ်ခဲ့သည့် နန်းတော်ရာကုန်း၊ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်၊ လောင်းဗွန်းပြောက်နှင့် မာန်ငါးပါးစေတီများ စသည့် ထုထည်ကြီးမားသော စေတီပုထိုးများအား မောင်းသူ
မဲ့ ဒရုန်းလေယာဉ်ဖြင့် ထောင့်ပေါင်းစုံမှ ရိုက်ကူးကာ 3D မြေပုံရေးဆွဲနိုင်ရန် စီစဉ်နေကြပြီး ကျန်ရှိနေသေးသည့် အခြားနေရာများကိုလည်း နောက်အကြိမ်များတွင် လာရောက်၍ ထပ်မံ
ရိုက်ကူးကြမည် ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်တို့ နောက်ဆုံးစိုးစံခဲ့သော မြို့တော်ဖြစ်ပြီး ၁၄၃၀ ပြည့်နှစ်မှ ၁၇၈၅ အထိ ရှည်ကြာခဲ့သည်။ မြို့တည်ဘုရင် မင်းစောမွန်သည် တောတောင်ချောင်းမြောင်းများကို အခြေ
ခံကာ ခံတပ်မြို့ ကြီးသဖွယ်ဖြစ်အောင် တည်ဆောက်ခဲ့ကာ ရခိုင်မင်းဆက်ပေါင်း ၄၉ ဆက်၊ ၃၅၄
နှစ် ကြာရှည်ခဲ့သဖြင့် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ နေရာ ဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service