တညင်းဂုံးဈေးသစ်ရင်းနှီးမြှပ်နှံလိုသူများအားအစုရှယ်ယာများ စတင်ရောင်းချပေးနေ

တညင်းဂုံးဈေးသစ်ရင်းနှီးမြှပ်နှံလိုသူများအားအစုရှယ်ယာများ စတင်ရောင်းချပေးနေ - Property News in Myanmar from iMyanmarHouse.com
27 Jan 2017 10:22 am တွင် တင်ခဲ့သည်
1832 ကြိမ် ကြည့်ရှု့ပြီး
တညင်းကုန်းဈေးသစ်ကိုဆိုင်ခန်းပေါင်း ၅၀၀၀ ကျော်ဖြင့် ဖေဖော်ရီလကုန်ပိုင်းတွင်စတင်ဖွင့်လှစ်
မည်ဖြစ်ကြောင်း အင်ဂရိုအိတ်(စ်)ချိန်း ပတ်ဘလစ် လီမိတက် (MAEX)၏ ဒါ
ရိုက်တာ ဦးသူရိန်က ပြောသည်။

ထိုဈေးတွင် ဆိုင်ခန်းပေါင်း ၅,၀၀၀ ကျော်ပါရှိပြီး ယခင်ရောင်းချသည့်
ဈေးဆိုင် ၁,၀၀၀ ကျော်အား နေရာပြန်လည်ချထားပေးမည်ဖြစ်ကာ အခြားရောင်းချလိုသူများကို ဇန်န၀ါရီ နောက်ဆုံးပတ်၌ ဖိတ်ခေါ်မည်ဟုသိရသည်။

အဆိုပါ ကုမ္ပဏီသည်တညင်းကုန်း ဈေးသစ်ကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူတည်ဆောက်နေပြီး ကျပ်ငါးဘီလီယံတန်ဖိုးရှိ အစုရှယ်ယာပေါင်း ငါးသိန်းကို
ရှယ်ယာတစ်စုလျှင် ကျပ် ၁၀,၅၀၀ ဖြင့် ဇန်န၀ါရီ ၁၆ ရက်က စတင်ရောင်းချနေသည်။

MAEX ကုမ္ပဏီကို ၂၀၁၅ စက်တင်ဘာအတွင်းက အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအစုအဖွဲ့တွင် ဒဂုံအင်တာနေရှင်နယ်
ကုမ္ပဏီအပါအ၀င် မူလရှယ်ယာရှင်၂၁ ဦးက
ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမြတ်၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၇၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ရ ခြင်းဖြစ်ပြီး ကုမ္ပဏီသို့
ငှားရမ်းထားသည့်ကာလမှာ နှစ်၇၀ ဖြစ် သည်။

‘‘အခု ငါးရက်အတွင်းမှာ ရှယ်ယာ ၂၅ ရာခိုင်နှုန်းရောင်း ထားရပါတယ်။ တန်ဖိုးက ကျပ် သိန်းပေါင်း ၁၂,၀၀၀ ကျော် လောက်ရှိနေပြီ’’ ဟု
အမှုဆောင် အရာရှိ ဦးအောင်ကြီးက ပြောသည်။ MAEX ကုမ္ပဏီသည်
တညင်းကုန်းဈေးသစ်ကို အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်နေပြီး
ပထမပိုင်းအဖြစ် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့် မြင့် လက်ကားဈေးသစ်ဖွင့်လှစ် မည်ဖြစ်သည်။

အဆိုပါ စီမံကိန်း၏ စုစုပေါင်း အကျယ်အ၀န်းသည် ၈၃ ဧကရှိပြီး
စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု ပမာဏသည် ကျပ်ငွေ ၉၉ ဒသမ ၈ ဘီလီယံဖြစ်သည်။ စီမံကိန်း ပထမပိုင်းအတွက် ရင်းနှီးမြှုပ်နှံမှု
ကုန်ကျငွေကျပ် ၂၅ ဒသမ ၁၈ ဘီလီယံဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏထဲမှ ကျပ် ၂၀ ဘီလီယံကို
ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားပြီး ကျန်ငါးဘီလီယံကို အများပြည်သူထံ ရောင်းချမည် ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
တညင်းဂုံးဈေးသစ်ရင်းနှီးမြှပ်နှံလိုသူများအားအစုရှယ်ယာများ စတင်ရောင်းချပေးနေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service