ကာတာကမ္ဘာ့ဖလားဘောလုံးကွင်း တည်ဆောက်မှု လုပ်ငန်းခွင်တွင် ဗြိတိန်ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံး

ကာတာကမ္ဘာ့ဖလားဘောလုံးကွင်း တည်ဆောက်မှု လုပ်ငန်းခွင်တွင် ဗြိတိန်ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံး - Property News in Myanmar from iMyanmarHouse.com
25 Jan 2017 11:47 am တွင် တင်ခဲ့သည်
1214 ကြိမ် ကြည့်ရှု့ပြီး
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲလက်ခံကျင်းပမည့် ကာတာနိုင်ငံရှိ ကာလီဖာနိုင်ငံတကာအားကစားကွင်း ဆောက်လုပ်မှု လုပ်ငန်းခွင်တွင် ဗြိတိန်လုပ်သားတစ်ဦး သေဆုံးသွားကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကာတာကမ္ဘာ့ဖလားကျင်းပရေးဆိုင်ရာ ကော်မတီတစ်ခုက ထုတ်ပြန်ကြေညာခဲ့ရာတွင် “ခါလီဖာ နိုင်ငံတကာအားကစားကွင်တွင် အလုပ်လုပ်ကိုင်နေသော အသက် ၄၀ နှစ်အရွယ်ရှိ ဗြိတိသျှအမျိုးသားတစ်ဦး အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။

သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကို အသိပေးအကြောင်းကြားပြီးဖြစ်ပါသည်။ ထို့အပြင် သေဆုံးသူ၏ မိသားစု၊ ဆွေမျိုးသားချင်းများကိုလည်း အကြောင်းကြားပြီး ဖြစ်ပါသည်။
သေဆုံးရခြင်း၏ အကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားပါမည်” ဟု ဖော်ပြထားသည်။

ကမ္ဘာ့ဖလားကျင်းပရေးကော်မတီအနေဖြင့် သေဆုံးသူ၏ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်ဟုလည်း ဖော်ပြထားသည်။
ခါလီဖာအားကစားကွင်းသည် ထိုင်ခုံ ၄၀၀၀၀ ဆံ့ ကစားကွင်းဖြစ်ပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များကို လက်ခံကျင်းပမည့်ကွင်း ဖြစ်သည်။

ကစားကွင်း၏ အသံနှင့် အလင်းထိန်းချုပ်ကွပ်ကဲရေးစင်တစ်ခု ပြိုကျခဲ့မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ဘီဘီစီက ထုတ်ပြန်သည်။

အားကစားကွင်းဆောက်လုပ်သည်မှာ Midmac-Six Construct ကန်ထရိုက်တာမှ ဖြစ်ပြီး ဗြိတိန်နိုင်ငံသားကို အလုပ်ခန့်ထားခဲ့သည်မှာ တောင်အာဖရိက subcontractor မှ ဖြစ်သည်ဟု ဆိုသည်။

အသံ၊အလင်းထိန်းညှိစင်ကို ပင့်တင်ပေးထားသည့် လီဗာတစ်ခု ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး အကြောင်းရင်းကို မသိရှိသေးကြောင်းနှင့် နယ်မြေအာဏာပိုင်တို့နှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း Midmac-Six Construct
ကုမ္ပဏီက ထုတ်ပြန်သည်။

“ယခုစီမံကိန်းကြီး အကောင်အထည်ဖော်ရာတွင် ပါဝင်သူအားလုံး ယခုဖြစ်ရပ်ကြီးနှင့် စပ်လျဉ်း၍ ကြေကွဲတုန်လှုပ်ရပါသည်။ သေဆုံးသူ၏ မိသားစု၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များအတွက် ကျွန်တော်တို့အနေဖြင့် အလေးအနက်ကြေကွဲဝမ်းနည်းရပါသည်” ဟုလည်း ဖော်ပြထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service