စလစ်မှ ဂရန် ပြောင်းလျှောက်လိုလျှင် မူလပိုင်ရှင် ထောက်ခံရမည်

စလစ်မှ ဂရန် ပြောင်းလျှောက်လိုလျှင် မူလပိုင်ရှင် ထောက်ခံရမည် - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2017 11:53 am တွင် တင်ခဲ့သည်
2938 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေချပါမစ် စလစ်မြေများအား အိမ်ခြံမြေ ဈေးကွက်အတွင်း အထွေထွေ ကိုယ်စားလှယ် လွှဲစာဖြင့် အဆင့်ဆင့် လွှဲပြောင်း ရောင်းချနေခြင်းကြောင့် နောက်ဆုံး ဝယ်ယူထားသူအနေဖြင့် မြေဂရန် လျှောက်ထားရာတွင် မူလ မြေချပါမစ် (စလစ်)ပါ မူရင်းပိုင်ရှင်၏ ထောက်ခံချက် လိုအပ်သည့် အတွက် မူလ ပိုင်ရှင်များက ငွေကြေး တောင်းခံမှုများ ရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ နှင့် ဥပဒေ ပညာရှင်များထံမှ သိရသည်။

”စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှစ်ယောက်ပဲ ပြောင်းသွားပါစေ နောက်ဆုံး ဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မပေးနိုင်ဘူးဆိုရင်တော့ မဝယ်သင့်ဘူး။ မူလ စလစ် ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့ အခုဈေးက အရမ်းကွာနေတော့ အလွယ်တကူ လက်မှတ် မထိုးချင်ကြဘူး။

ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ် ထိုးခိုင်းလာကြတယ်။ တခြားနည်းလမ်းတွေလည်း ရှိပေမယ့် ကုန်ကျစရိတ်ကအရမ်းများတော့ ဝယ်တဲ့သူ တော်တော်များများက အဲဒီ အတိုင်းလုပ်တာ။ ဈေးကွက်ထဲမှာ အများကြီးပဲ”ဟု တရား လွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။

မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင် သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ်စောင့်ဆိုင်းပြီး ကန့်ကွက်မည့်သူ မရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည့် နည်းလမ်းအပြင် အိမ်ခြံမြေ ဈေးကွက် အတွင်း၌ မသမာသောနည်းလမ်းများဖြင့်လည်း အိမ်ခြံမြေ အကျိုးဆောင်အချို့နှင့် ရှေ့နေအချို့ကအမည်ပေါက် ရရှိရန် လုပ်ကိုင်ပေးနေခြင်းတို့ ရှိနေသော် လည်း ငွေကုန်ကြေးကျ များခြင်းကြောင့် လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်လျက် ရှိသည်။

”တချို့ကလည်း လိုင်းရိုက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ပိုက်ဆံလည်း မြေကွက်တန်ဖိုးအလိုက် ပေးရတာရှိတယ်။ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဒီပြဿနာတွေက အများကြီးပဲ။ လုံးဝ အစ ပျောက်နေတာကို လုပ်ပေးတဲ့သူတွေလည်း ရှိနေပေမယ့် ဥပဒေအရ မူလပိုင်ရှင်ကို မဖြစ်မနေ ရှာရမယ်။ လုပ်တဲ့လူတွေမှာလည်း သူတို့ချိတ်တွေနဲ့ လုပ်တာများတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြို့ကွက်သစ်များအဖြစ် ဖော်ထုတ်ချထားပေးသည့် မြို့နယ်များရှိ နေထိုင်သူအများစုမှာ ယနေ့အချိန်အိ မြေချဂရန် ထုတ်ပြီးထားသည့် လူနေအိမ်၊ မြေကွက်များထက် စလစ်မြေများကိုသာ ပိုမို အရောင်းအဝယ် လုပ်လာလိုကြကြောင်း သိရသည်။

“၂၀၀၀ ပြည့်နှစ်တုန်းက ၁၅ သိန်းနဲ့ ရောင်းသွားတဲ့ စလစ်မြေကို အခု နောက်ဆုံးပိုင်တဲ့သူက ဂရန်အဖြစ်ပြောင်းချင်လို့ မူလပိုင်ရှင်ကိုရှာတော့ ပိုက်ဆံ ဘယ်လောက်မှ လက်မှတ်ထိုးပေးမယ်လို့ ဖြစ်ကုန်တယ်။ ဝယ်တဲ့သူကလည်း ဂရန်လိုချင်တော့ ညှိပြီး ပိုက်ဆံပေးလိုက်တော့အဆင်ပြေသွား တယ်” ဟု ရွှေမာလာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

စလစ်နှင့် ရောင်းချထားသော မြေများသာမက တိုက်ခန်း၊ ကွန်ဒို များ အရောင်းအဝယ် ပြုလုပ် ပြီးပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ စာရင်းပေးသွင်းထားမှသာ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမှုအခင်း များဖြစ်ပွားလာပါက တရားရုံးများတွင် တရားဝင် သက်သေအဖြစ် တင်ပြနိုင်သည့် အခွင့်အရေးများ ရှိမည်ဖြစ်သည်။ “စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ရာခိုင်နှုန်း အလိုက် အခွန်ဆောင်ရမယ်။ ပြီးလို့ စလစ်ထွက်လာမှ အမည်ပြောင်းလို့ရမယ်” ဟု တရား လွှတ်တော် ရှေ့နေ ဦးအေးမင်းက ပြောသည်။

Credit : ကိုဇေယျာလင်း

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service