မြေယာပြဿနာများကို အစိုးရသက်တမ်းသုံးနှစ်အတွင်း အပြီးဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

မြေယာပြဿနာများကို အစိုးရသက်တမ်းသုံးနှစ်အတွင်း အပြီးဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
18 Jan 2017 9:45 am တွင် တင်ခဲ့သည်
3137 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းရှိ မြေယာသိမ်းဆည်းမှု ပြဿနာများကို အစိုးရသက်တမ်း သုံးနှစ်အတွင်း အပြီးဖြေရှင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိရန်ကုန်တိုင်းတွင် လယ်ယာမြေနှင့် မြေလွတ်၊ မြေ​ ရိုင်းများရယူထားသည့် ကုမ္ပဏီ များသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှု အားနည်းချက်များရှိနေသည်ကို တိုင်းဒေသကြီး အစိုးရအနေဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် တွန်းအားပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ၀န်ကြီးချုပ်က ပြောသည်။

‘‘မြေသိမ်းယာသိမ်းပြဿနာ တွေကို သုံးနှစ်အတွင်း အပြီးပြတ် အောင် လုပ်ဆောင်ဖို့ တိုင်းအစိုးရ အနေနဲ့ လျာထားပါတယ်။ ဒီပြဿနာတွေ ကို ဖြေရှင်းဆောင် ရွက်ရာမှာလည်း အစိုးရအမြင်၊ ၀န်ကြီးဌာန အမြင်၊ ပြည်သူလူထု အမြင်တွေ ကို ပေါင်းစပ် လုပ် ဆောင်သွားပါ့မယ်’’ဟု ၀န်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ရန်ကုန်တိုင်းတွင် စိုက် ပျိုး ရေးလုပ်ကိုင်နိုင်မည့် လယ်ယာ မြေဧက ၂၅ သိန်းကျော်ရှိပြီး လက် ရှိ အမှန်တကယ် စိုက်ပျိုးမှုသည် ထက်ဝက်ခန့်သာ ရှိသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ပြောသည်။

ရန်ကုန်တိုင်းတွင် ပြီးခဲ့ သည့် နှစ်များ က မြေတန်ဖိုးကြီးမြင့် လာ ခြင်း၊ မြေဈေးကစားလိုသူများ၊ ငွေကြေးခ၀ါချလိုသူများက ဈေး နှုန်းတိုးမြှင့်ပေးပြီး လယ်ယာမြေ များ ၀ယ်ယူရင်းနှီးမြှုပ်နှံမှုကြောင့် လယ်သမားများက လယ်ယာလုပ် ငန်းခွင်မှ စွန့်ခွာရမှုများရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင် အချို့က ပြောသည်။

ထို့အပြင် စက်သုံးဆီဆိုင် များ၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားသော စီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရန်အတွက်လည်း လယ်ယာမြေများကို မူလတန်ဖိုး ထက် ဈေးနှုန်းတိုးမြှင့်ပေး၍ ၀ယ် ယူမှုရှိသည်ဟု အကျိုးဆောင်အ ချို့က ရှင်းပြသည်။

ရန်ကုန်တိုင်းတွင် နိုင်ငံတော်က သိမ်းယူပြီးနောက် ပြန်လည်စွန့်လွှတ်သည့် မြေဧက စုစုပေါင်းသည် ၂၀၁၆ မတ်လအထိ ဧက ၇,၀၀၀ကျော်ရှိကြောင်း မြေအသုံးချစီမံ ခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service