၂၀၁၇ ၏ အကောင်းဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပေးမည့် အာရှမြို့နှစ်မြို့

၂၀၁၇ ၏ အကောင်းဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပေးမည့် အာရှမြို့နှစ်မြို့ - Property News in Myanmar from iMyanmarHouse.com
9 Jan 2017 11:00 am တွင် တင်ခဲ့သည်
554 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယသည် ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံးစီးပွားရေးကြီးသာမက ၂၀၁၇ ခုနှစ်တွင် အာရှ၏အကောင်းဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများကိုလည်း ပေးနိုင်မည်ဖြစ်သည်။
စစ်တမ်းတစ်ခုတွင် ဘန်ဂလိုးနှင့် မွမ်ဘိုင်းမြို့တို့က အာရှဈေးကွက် ၂၂ ခု၏ ထိပ်တန်း
နေရာများကို သိမ်းပိုက်ခဲ့ကြသည်။

၂၀၁၇ တွင် ကမ္ဘာ့အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူအများစု၏ အာရုံကို ဆွဲဆောင်နိုင်သည့်မြို့
များမှာ ပေကျင်း၊ ရှန်ဟိုင်း သို့မဟုတ် စန်းကျန်းတို့ မဟုတ်ဘဲ ဘန်ဂလိုးနှင့် မွမ်ဘိုင်းတို့ဖြစ်လာမည်ဟု အကျိုးအမြတ်အတွက် မဟုတ်သည့် သုတေသနအဖွဲ့အစည်း Urban Land Institute နှင့် PricewaterhouseCoopers ၀န်ဆောင်မှုကွန်ရက်ကုမ္ပဏီတို့ ပူးတွဲထုတ်ပြန်လိုက်သည့် ၂၀၁၇ခုနှစ်အတွက် အာရှပစိဖိတ်အိမ်ခြံမြေအလားအလာ ခန့်မှန်းချက်တွင် ဖော်ပြထားသည့် ရင်းနှီးမြှုပ်နှံမှုအလားအလာညွှန်းကိန်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းမြို့နှစ်မြို့သည် ၂၀၁၆ အတွက် ခန့်မှန်းချက်တွင် နံပါတ် ၁၂ နေရာနှင့် ၁၃
နေရာတို့၌သာ ရှိခဲ့ပြီး ၂၀၁၅ အတွက် ခန့်မှန်းချက်အထိမူ အောက်ခြေတွင်သာ ရှိခဲ့သည်။

အိန္ဒိယအစိုးရက ငွေစက္ကူအချို့ကို တားမြစ်ဖျက်သိမ်းကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ၈ ရက်က မကြေညာမီ ၎င်းစစ်တမ်းကို ကောက်ယူခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ်ကအိန္ဒိယအိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုရှိနိုင်၊ မရှိနိုင်နှင့်ပတ်သက်၍မူ PwC ကတစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပေ။

တိုကျိုသည် ၂၀၁၆ အတွက် စစ်တမ်းတွင် ပထမနေရာ၌ ဖော်ပြခံခဲ့ရရာမှ ယခု ၂၀၁၇
အတွက် ခန့်မှန်းချက်စစ်တမ်းတွင် နံပါတ် ၁၂ နေရာသို့ ကျဆင်းခဲ့သည်။ ဂျပန်တွင်
အာဘေးနောမစ်ဟုခေါ်သည့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီးပွားရေးအစီအစဉ်မူဝါဒ
များသက်ရောက်မှုအပေါ် မကျေနပ်ကြမှု ကြီးထွားလာခြင်း၏ ပြယုဂ်တစ်ခုဖြစ်သည်။

စီးပွားရေးအလားအလာကျဆင်းလာခြင်းက ရုံးခန်းအငှားဈေးကွက်ဖွံ့ဖြိုးမှုအတွက်
ရေတိုအလားအလာကို ထိခိုက်စေကြောင်း ထိုစစ်တမ်းက တွေ့ရှိခဲ့သည်။ အနုတ်လက္ခဏာပြသောအတိုးနှုန်းများကြောင့် ရောင်းလိုအားမရှိသဖြင့် ယင်းအတိုးနှုန်းများကလည်း ထိခိုက်စေသောအချက်တစ်ခုဖြစ်သည်။

၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့အတွက် စစ်တမ်းများတွင် ပထမနေရာရခဲ့သည့် စင်္ကာပူ
က ၂၀၁၇ အတွက် ၂၁ နေရာသို့ ကျဆင်းခဲ့သည်။ စင်္ကာပူလူနေအိမ်ဈေးကွက် သုံးလ
ပတ် ၁၂ ခု ဆက်တိုက် ကျဆင်းခြင်းနှင့် ၂၀၁၆ ခုနှစ် တတိယသုံးလပတ်တွင် စီပွားရေးဖွံ့ဖြိုးမှုနှုန်းကျဆင်းမှုတို့ကြောင့် အပါအ၀င်ဖြစ်သည်။

၎င်း ၂၀၁၇ အတွက် စစ်တမ်းသည် အိန္ဒိယအတွက် ကောင်းသတင်းများချည်းသက်သက်
မဟုတ်ပေ။ ယင်းစစ်တမ်းက အာရှအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများသည် ဒေသတွင်းပြင်ပသို့ အထူးသဖြင့်
နယူးယောက်နှင့် လန်ဒန်တို့သို့ ပြောင်းလဲရင်းနှီးမြှုပ်နှံရန် လေ့လာစိုင်းပြင်း
နေကြကြောင်း၊ အထူးသဖြင့် တရုတ်မှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများက အများဆုံးဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

တရုတ်ဝယ်လက်များသည် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်သည့်အရေးပြီးနောက် လန်ဒန်
အိမ်ခြံမြေဈေးကွက်ကို စုပြုံလာကြသည်။ ယွမ်ဈေးပျော့လာခြင်း၊ ပြည်တွင်းအိမ်ဈေးနှုန်း
များမြင့်တက်လာခြင်းနှင့် ပြည်ပအိမ်ခြံမြေများပိုင်ဆိုင်လိုလာကြခြင်းတို့ကြောင့် အပါအ၀င်ဖြစ်သည်။

ယင်းအခြေအနေသည် တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ၌သာမကဘဲ ကော်ပိုရေးရှင်းများ
တွင်ပါ ဖြစ်ကြောင်း PwC က ထုတ်ပြန်ခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် သူတို့၏
နိုင်ငံခြားအိမ်ခြံမြေပိုင်ဆိုင်မှုကို ၁ ရာခိုင်နှုန်းမှ သူတို့၏ပြိုင်ဘက် အမေရိကန်ရင်းနှီးမြှုပ်နှံသူများပိုင်ဆိုင်ထားသော ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန်အလို့ငှာ အမေရိကန်ဒေါ်လာ ၂၄၀
ဘီလျံ သုံးစွဲရန်လိုအပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
၂၀၁၇ ၏ အကောင်းဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ ပေးမည့် အာရှမြို့နှစ်မြို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service