တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၈၆၀၀ သုံးနှစ်အတွင်း ထပ်မံဆောက်မည်

တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၈၆၀၀ သုံးနှစ်အတွင်း ထပ်မံဆောက်မည် - Property News in Myanmar from iMyanmarHouse.com
29 Dec 2016 10:49 am တွင် တင်ခဲ့သည်
1245 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးမျှတ တိုက်ခန်းပေါင်း ၈၆၀၀ထပ်မံဆောက်လုပ်ပြီး လက်ရှိလျှောက်ထားသူများအား အလှည့်ကျရောင်းချ ပေးမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မြို့ ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနက ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ သုံးနှစ်အတွင်း တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၈၆၀၀ ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ လျှောက်ထားပြီးဖြစ်သူများအား အလှည့် ကျ မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း ယင်းဌာနညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။

လက်ရှိတွင် မြရည်နန္ဒာရပ်ကွက် ၌ တည်ဆောက်ပြီးစီးနေသည့်တန်ဖိုးမျှ တအိမ်ရာ အခန်းပေါင်း ၅၆၀ ကို ရောင်းချရန် နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက် အထိ လျှောက်လွှာပေါင်း ၁၃၀၀၀ ကျော် ရောင်းချပေးပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ရာ ယင်းအိမ်ရာမရရှိခဲ့ပါက ထပ်မံ ဆောက်လုပ်မည့် အိမ်ရာများကို အလှည့်ကျမဲစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ “ဒီဇင်ဘာ ၂၈ ရက်အထိ လျှောက်လွှာတင်သူ ၆၀၀၀ ကျော်ရှိတယ်။ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်အထိဆိုရင် ၉၀၀၀ ကျော်မယ်လို့ ခန့်မှန်းတယ်။

ဒါကြောင့် လျှောက်ထားသူအားလုံးကို မှတ်ပုံတင် ထားဖို့နဲ့ သုံးနှစ်အတွင်းမှာ သူတို့အားလုံး အိမ်ပိုင်ရပြီလို့ သဘောထားပြီး ကြိုတင် ငွေစုထားကြပါ”ဟု ၎င်းက ပြောသည်။ အသစ်ထပ်မံ ဆောက်လုပ်မည့် တန်ဖိုး မျှတအိမ်ရာ ၈၆၀၀ ကို ၂၀၁၇-၂၀၁၈ မှ စ၍ ဘတ်ဂျက်ချထားမှုပေါ် မူတည်၍ နှစ်စဉ်ဆောက်လုပ်မည်ဖြစ်ရာ ယခု လျှောက်ထားသူအားလုံးကို ရောင်းချ ပေးပြီးမှသာ လျှောက်လွှာသစ်များကို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

Credit : MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service