နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလျော့ကျနေပေမဲ့ လျာထားချက် ကန်ဒေါ်လာ ၆ ဘီလီယံ ပြည့်မီသွားမယ်လို့ MIC ဆို

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလျော့ကျနေပေမဲ့ လျာထားချက် ကန်ဒေါ်လာ ၆ ဘီလီယံ ပြည့်မီသွားမယ်လို့ MIC ဆို - Property News in Myanmar from iMyanmarHouse.com
22 Dec 2016 10:28 am တွင် တင်ခဲ့သည်
1142 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက်
အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပြည့်မီသွားမယ်လို့ သုံးသပ်
မိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊
အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်(ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ)
ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းများအရ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ
ဝင်ရောက်ထားပြီး ဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ်
ကာလတူအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ
၎ ဒသမ ၉ ဘီလီယံ ၀င်ရောက်ခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ်မှာ
ယခင်နှစ်ကာလတူထက် ရင်းနှီးမြှုပ်နှံမှုကန်ဒေါ်လာ
၁ ဒသမ ၃ ဘီလီယံ ခန့် လျော့နည်းလျက်ရှိနေပါတယ်။
အစိုးရသစ်စတင်တာဝန်ယူတဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံခန့်
ဝင်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။

“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလက်ရှိအနေအထားက နှေးနေတယ်။
ယခင်နှစ်ကထက်လည်း နည်းနေတယ် ဆိုတဲ့အခြေအနေတွေကြောင့်
လျာထားချက်ကို ပြည့်မှပြည့်ပါမလားပေါ့။ ဒါပေမဲ့ MIC လက်ထဲမှာ
အဆိုပြုလွှာ ၅၂ စောင်ရှိနေပါတယ်။ ဒီအဆိုပြုလွှာတွေကိုသာ
ဘဏ္ဍာနှစ်ကုန်အတွင်း ပြီးပြတ်အောင် MIC အနေနဲ့
ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ရင်းနှီးမြှပ်နှံမှုပမာဏ
ဒေါ်လာ ၆ ဘီလီယံကျော်သွားနိုင်ပါတယ်။ မူလရည်မှန်ချက်
အတိုင်းပြည့်မီမယ်လို့ သုံးသပ်မိပါတယ်” လို့ ဦးအောင်နိုင်ဦးက
ပြောပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်လက်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အဆိုပြုလွှာ ၅၂ စောင်ရှိနေပြီး အဆိုပါအဆိုပြုလွှာများရဲ့
ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ
ရှိနေပါတယ်။

ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုများလျော့နည်းကျဆင်းလျက်ရှိသလို
လက်ရှိအစိုးရသစ်လက်ထက်မှာ မူဝါဒအပြောင်းအလဲများ၊
ဦးစားပေးကဏ္ဍများအပေါ်ဆောင်ရွက်ချက်အပေါ် ရင်းနှီးမြှုပ်နှံသူများက
စောင့်ကြည့်နေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ လျော့ကျခဲ့တာဖြစ်တယ်
လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယူဆလျက်ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ
ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်စတင် ကျင့်သုံးမှာ ဖြစ်တဲ့အတွက်
ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဥပဒေနဲ့ နည်းဥပဒေများ
အသက်ဝင်လာချိန်မှ လုပ်ငန်းများစတင်လုပ်ကိုင်ရန်
စောင့်မျှော်နေတဲ့အတွက် လာမယ့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုမြင့်တက်လာဖို့ မျှော်မှန်းလျက်ရှိပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service