ဆင်ပေါင်ဝဲ အင်ပင်လှ(ချွန်းညို) ရေလှောင်တမံကြောင့် ဆုံးရှုံးလယ်ယာမြေများအား လျော်ကြေးပေးမည်

ဆင်ပေါင်ဝဲ အင်ပင်လှ(ချွန်းညို) ရေလှောင်တမံကြောင့် ဆုံးရှုံးလယ်ယာမြေများအား လျော်ကြေးပေးမည် - Property News in Myanmar from iMyanmarHouse.com
7 Dec 2016 10:26 am တွင် တင်ခဲ့သည်
1688 ကြိမ် ကြည့်ရှု့ပြီး
ဆင်ပေါင်ဝဲမြို့နယ် အတွင်း အင်ပင်လှ(ချွန်းညို)ရေ လှောင်တမံ တည်ဆောက်ခဲ့ရာ တွင် ဆုံးရှုံးခဲ့သော လယ်ယာမြေ များအား လာမည့်ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံရရှိပါက လျော်ကြေးပေးမည်ဟု သတင်း ရရှိသည်။

အဆိုပါတမံနှင့်ပတ်သက်၍ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေထက် ဝင်းက ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်တတိယပုံမှန်အစည်း အဝေးတွင် ကြည်ပွင့်မပြမေးခွန်း အဖြစ် မေးမြန်းခဲ့ခြင်းဖြစ်ပြီး မ ကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးစိုးမြင့်က စာဖြင့် ပြန်လည် ပေးပို့ဖြေဆိုခဲ့ခြင်းဖြစ် သည်။

အင်ပင်လှ(ချွန်းညို)ရေ လှောင်တမံသည် ဦးသိန်းစိန်အစိုး ရလက်ထက်က တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ဒေသခံတောင်သူများ၏ လယ်ယာမြေလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ ထွက်ရှိထားကာ ယာမြေ ၂၅ ဧကနှင့် ပုံစံ(၇) လျှောက်ထားဆဲ လယ်ယာမြေခုနစ်ဧကခန့်ပါဝင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနေထက်ဝင်းက ပြောသည်။

‘‘တမံက ပြီးခဲ့တဲ့ အစိုးရ လက်ထက်က ပြည်သူလူထု တောင်းဆိုလို့ ယခင်လွှတ်တော် ကိုယ်စားလှယ်များလက်ထက်မှာ စတင်တည်ဆောက်ပေးခဲ့တာပါ။ ဒါပေမဲ့ ဘယ်လိုနားလည်မှုလွဲမှား တယ်မသိဘူး။ မြေလွတ်မြေရိုင်း လို့ ဆိုပြီးတော့ ဒေသခံတောင်သူ တွေရဲ့ပုံစံ (၇)ထွက်ပြီးရော၊ မ ထွက်ရသေးတာတွေပါ တည် ဆောက်တဲ့အထဲ ပါသွားခဲ့ရ တယ်။ ဒါကြောင့် နစ်နာတဲ့တောင်သူတွေက တင်ပြလို့ သက်ဆိုင်ရာ အစိုးရထံကို မေးခွန်းမေးမြန်းခဲ့ တာဖြစ်တယ်’’ဟု ၎င်းက ပြော သည်။

အင်ပင်လှ(ချွန်းညို)ရေ လှောင်တမံစီမံကိန်းကို လွှတ် တော်ကိုယ်စားလှယ်များ၏မေး ခွန်းမေးမြန်းမှု၊ ပြည်သူလူထု၏ တောင်းဆိုမှုများကြောင့် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်တွင် တိုင်းအစိုးရ အဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး ကျပ် ၆၃ သန်းတန်ဖိုး ရှိ ရေလှောင်တမံတည်ဆောက် ခြင်းဆိုင်ရာ မြေသားလုပ်ငန်းများ ကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား တင်ဒါစနစ်ဖြင့် လုပ်ကိုင်ခွင့်ပေး အပ်ခဲ့ခြင်းဖြစ်သည်။

တမံကြောင့် ဆုံးရှုံးခဲ့သော လယ်ယာမြေများအတွက် သက် ဆိုင်ရာမြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီအဆင့်ဆင့်၏ စိစစ် ချက်အရ မြေဧရိယာနှင့်မြေအမျိုး အစားအလိုက် ပေးလျော်ရမည့် တစ်ဧကနှုန်းထားများကို တိုင်း အစိုးရထံတွင် အတည်ပြုချက်ရ ယူကာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရန်ပုံငွေစာရင်းတွင် တင်ပြ တောင်းခံမည်ဖြစ်သည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service