Jurong Lake Gardens စင်္ကာပူဥယျာဉ်သစ်တွင် ရေပန်းချီပြခန်း ပါဝင်မည်

Jurong Lake Gardens စင်္ကာပူဥယျာဉ်သစ်တွင် ရေပန်းချီပြခန်း ပါဝင်မည် - Property News in Myanmar from iMyanmarHouse.com
7 Dec 2016 10:04 am တွင် တင်ခဲ့သည်
916 ကြိမ် ကြည့်ရှု့ပြီး
နှစ်အနည်းငယ်အတွင်း ပေါ်ပေါက်လာမည့် စင်္ကာပူဥယျာဉ်သစ်ဖြစ်သည့် Jurong LakeGardens ဥယျာဉ်တွင် အပန်းဖြေလှေအပျော်လာစီးကြသူများအတွက် လှေစီးရင်း
သဘာဝနှင့်အနုပညာပေါင်းစပ်မှုကို တ၀ကြီးခံစားနိုင်မည့် ရေပန်းချီပြခန်းတစ်ခုလည်း
ပါဝင်တော့မည်ဖြစ်သည်။

စင်္ကာပူဗိသုကာကုမ္ပဏီ Liu & Wo Architects က စင်္ကာပူရုက္ခဗေဒဥယျာဉ်ဖြစ်သည့်
Singapore Botanic Gardens ဥယျာဉ်နှင့် Gardens by the Bay ဥယျာဉ်တို့ပြီးလျှင်
တတိယမြောက်အမျိုးသားဥယျာဉ်အဖြစ် တင်စားခံထားရသည့် Jurong Lake Gardens၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းနေရာများအတွက် ၎င်း၏အစီအစဉ်များကို နိုဝင်ဘာလ ၂၆
ရက်က ချပြခဲ့သည်။

ယင်းကုမ္ပဏီသည် ထိုဥယျာဉ်သစ်အား ဒီဇိုင်းဖော်ရန် ပြီးခဲ့သည့် အောက်တိုဘာလက
တင်ဒါအောင်ခဲ့သည်။ ၎င်းကုမ္ပဏီက ဇီဝမျိုးကွဲပေါင်းစုံ
တည်ရှိရာနေရာများကို မထိခိုက်
စေဘဲ သဘာဝအတိုင်းထိန်းသိမ်းရမည့် အရေးကြီးအချက်အား ထည့်သွင်းစဉ်းစားကာ
လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းစီမိံကန်းကို ၂၀၂၀ ပြည့်နှစ်တွင် ပြီး
စီးရန် လျာထားသည်။

Jurong ရေကန်ကိုပတ်လည်မြေ ၉၀ ဟက်တာ (စတုရန်းမီတာ ၉ သိန်း) ကျယ်ဝန်းသည့်
ဥယျာဉ်တစ်ခုလုံးကို အနောက်ပိုင်း၊ အလယ်ဗဟိုပိုင်းနှင့် အရှေ့ပိုင်းဟူ၍ သုံးပိုင်း
ခွဲထားသည်။ လက်ရှိအချိန်တွင် အနောက်ပိုင်းဖြစ်သည့် JLG West ဥယျာဉ်ကို
အကောင်အထည်ဖော်နေပြီး ၂၀၁၈ ခုနှစ်တွင် ဖော်ဆောင်ပြီးစီးရန် လျာထားသည်။
အလယ်ပိုင်းနှင့် အရှေ့ပိုင်းကို ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြီးစီးရန် လျာထားသည်။

အလယ်ဗဟိုပိုင်းဥယျာဉ် Jurong Lake Gardens Central ကို အပူပိုင်းသစ်သီးဝလံ
ပန်းမန်ဥယျာဉ်အဖြစ် ဖော်ဆောင်မည်ဖြစ်သဖြင့် အပူပိုင်းသစ်သီးဝလံပန်းမန်ဥယျာဉ်၏

လက္ခဏာတစ်ရပ်အနေဖြင့် ယင်း Jurong Lake Gardens Central တွင် ၃ မီတာ
မြင့်သည့် ရေတံခွန်က အရပ်သုံးမျက်နှာပတ်လည်ဝန်းရံခံထားရသည့် ရေ-နံရံပြင်တစ်ခု
ရှိမည်ဖြစ်သည်။ ပင်လယ်ကမ်းခြေစင်္ကြံင်္ံအဖြစ် ပြောင်းလဲမည့် ဥယျာဉ်အရှေ့ပိုင်း
ဖြစ်သည့် Jurong lake Gardens East တွင် အပန်းဖြေလှေအပျော်စီးသူများအတွက်
လှေစီးရင်း သဘာဝနှင့်အနုပညာပေါင်းစပ်မှုကို တ၀ကြီးခံစားနိုင်စေရန် လှေသွားသည့်
ရေလမ်းကြောင်းတစ်လျှောက် ရေပန်းချီပြခန်းတစ်ခုကိုပါ ဖန်တီးမည်ဖြစ်သည်။

ထို့ပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး လောရင့်စ်ဝမ်ကလည်း ဥယျာဉ်တစ်ခုလုံးတွင်
စားသောက်ဆိုင်ငယ်လေးများလည်း ရှိမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် အကောင်အထည်
ပေါ်လာမည့် မြန်နှုန်းမြင့်ရထားလမ်းဆုံးဘူတာကလည်း ၎င်းဥယျာဉ်နှင့် ချိတ်ဆက်နေမည်
ဖြစ်သဖြင့် သွားရေးလာရေးအဆင်ပြေစွာ ယင်းဥယျာဉ်တွင် အပန်းဖြေပျော်ရွှင်နိုင်ကြမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Jurong Lake Gardens စင်္ကာပူဥယျာဉ်သစ်တွင် ရေပန်းချီပြခန်း ပါဝင်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service