ဧက ၅၀အထိ ပိုင်ဆိုင်တဲ့ တောင် သူတစ်ဦးကို ကျပ်သန်း ၅၀ အထိ ချေးငွေ ထုတ်ပေးမည်

ဧက ၅၀အထိ ပိုင်ဆိုင်တဲ့ တောင် သူတစ်ဦးကို ကျပ်သန်း ၅၀ အထိ ချေးငွေ ထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1 Dec 2016 11:09 am တွင် တင်ခဲ့သည်
2021 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေ ဧက ၅၀ အထိပိုင်ဆိုင်တဲ့ တောင်သူလယ်သမားတစ်ဦးကို ကျပ်သန်း ၅၀ အထိ ချေးငွေ ထုတ်ပေး သွား မှာကြောင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူက ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတဲ့ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီထံကနေ ဂျပန်ယန်း သန်းပေါင်း ကိုးသောင်းလေးထောင်နီးပါး ချေးယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထံ ရှင်းလင်းတင်ပြရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံကနေ ချေးယူမယ့်ငွေတွေထဲက မြန်မာ့လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဂျပန်ယန်းသန်းပေါင်း တစ်သောင်းငါးထောင်ကျော်ကို စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အသုံးပြုသွားမှာဖြစ်ပါတယ်။

ဝန်ကြီးဌာနက အကောင်အထည်ဖော်မယ့် လယ်ယာကဏ္ဍနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းကို လာမယ့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် မှာ နေပြည်တော်ကောင်စီနယ်မြေ ၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအနောက်ဖက်ခြမ်းမှာ စတင်မှာဖြစ်ပြီး နောက်နှစ်မှာ မွန်ပြည်နယ်၊ ရှမ်းပြနယ်တောင်ပိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဒေါက်တာအောင်သူက ပြောပါတယ်။

အဲဒီချေးငွေဟာ အတိုးနှုန်း သုည ဒသမ သုညတစ် ရာခိုင်နှုန်းဖြစ်ပြီး ပြန်ဆပ်ရမယ့်ကာလမှာ ဆိုင်းငံ့ကာလ အပါအ၀င် နှစ်ပေါင်း လေးဆယ်နဲ့ အတိုးကို တစ်နှစ် နှစ်ကြိမ်ပေးသွင်းရမှာဖြစ်ပါတယ်။

အဲဒီချေးငွေတွေနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက တိုင်းနဲ့ပြည်နယ်တွေမှာ လမ်းနဲ့တံတား စီမံကိန်းတွေအတွက် အသုံးပြုမှာဖြစ်သလို၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းကိုအကောင်အထည်ဖော်မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကလည်း တိုင်းနဲ့ပြည်နယ်တွေနဲ့ မြို့ကြီးတွေအတွက် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးလုပ်ငန်းတွေကိုအသုံးပြုသွား မှာဖြစ်ကြောင်းနဲ့ ရန်ကုန်မြို့ ရေပေးဝေရေးလုပ်ငန်းအတွက်လည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာနတွေ က ပြည်ထောင်စု လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ အဲဒီချေးငွေထဲကနေ တောင်သူလယ်သမားတွေနဲ့ လယ်ယာစီးပွားရေး လုပ်ငန်းရှင်တွေကို တစ်နှစ်ကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ချေးပေးသွားမှာဖြစ်ပါတယ်။

Credit:RFA

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service