အိုဘားမားဝယ်ယူဖွယ်ရှိသည့် နေအိမ်များ

အိုဘားမားဝယ်ယူဖွယ်ရှိသည့် နေအိမ်များ - Property News in Myanmar from iMyanmarHouse.com
29 Nov 2016 10:22 am တွင် တင်ခဲ့သည်
3450 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်သမ္မတတာဝန်မှ အနားယူတော့မည်ဖြစ်သော ဘားရက်အိုဘားမားသည် နေအိမ်ဝယ်ယူရန် စုံစမ်းလျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘားရက်နှင့် မီရှဲလ် အိုဘားမားတို့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ရေးဗားဆိုက်ခရိုင်ရှိ ရန်ချိုမိုင်ရေ့ခ်ျအမည်ရှိ အပန်းဖြေမြို့ကလေးတွင် နေအိမ်စုံစမ်းလျက်ရှိသည်ဟု ယခင်ကပင် သတင်းထွက်ပေါ်ခဲ့ဖူးရာ ယခုအခါ အဆိုပါသတင်းများ Coachella Valley ရှိ အိမ်ခြံမြေပွဲစားလောကတွင် ပြန်လည်ထွက်ပေါ်လာလျက်ရှိသည်ဟု ဆိုသည်။

အိုဘားမားအနေဖြင့် နေအိမ်တစ်လုံးလုံးကို ၀ယ်ယူပြီးခဲ့ပြီဟူ၍မူ အတည်ပြုနိုင်သေးခြင်းမရှိချေ။
အိုဘားမားမိသားစုနှင့် များစွာရင်းနှီးကျွမ်းဝင်သူ မိုက်ကယ် အက်စ် စမစ်ဆိုသူသည် ရန်ချိုမိုင်ရေ့ခ်ျမြို့ကလေးတွင် မကြာသေးမီကာလအတွင်း နေအိမ်အချို့လိုက်လံကြည့်ရှုခဲ့ရာ အိုဘားမားက စေခိုင်းထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

အိုဘားမားမိသားစုသည် လုံခြုံရေးအတွက် အခြားအမည်ဖြင့် ၀ယ်ယူဖွယ်ရာရှိကြောင်းလည်း ခန့်မှန်းထားသည်။
အောက်ပါနေအိမ်တို့မှာ မိုက်ကယ် အက်စ်စမစ် ကြည့်ရှုခဲ့သော နေအိမ်များဖြစ်ပြီး အိုဘားမားဝယ်ယူဖွယ်ရာရှိသည်ဟု ခန့်မှန်းရသည်။

(၁) ဤနေအိမ်မှာ ဒေသ၀န်းကျင်ရှိ အခြားနေအိမ်များကဲ့သို့ပင် အတွင်း၊ အပြင်ကောင်းစွာ မွမ်းမံထားသည်။ အဆိုပါဝန်းကျင်ရှိ နေအိမ်တို့မှာ ရေကန်များ၊ ပန်းခြံများ၊ တင်းနစ်ကွင်း အစရှိသည်တို့ ပါဝင်လေ့ရှိသည်။
ခြံအကျယ်အ၀န်း ၂ ဒသမ ၄ ဧက ကျယ်ဝန်းပြီး ပင်မနေအိမ်တစ်လုံးနှင့် ဧည့်ဂေဟာ ၂ ဆောင်ပါဝင်သည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်း
အိပ်ခန်း- ၇ ခန်း
ရေချိုးခန်း -၉ ခန်း
နေအိမ်အကျယ်အ၀န်း- ၅၇၄၄ စတုရန်းပေ

(၂) အိုဘားမားအနေဖြင့် ငွေအနည်းငယ်ပိုသုံးလိုပါက ယခုနေအိမ်ကို ရွေးချယ်ဖွယ်ရှိသည်။
ရန်ချိုမိုင်ရေ့ခ်ျတွင် လက်ရှိအားဖြင့် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်သည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး Casa Bella ဟု နေအိမ်ကို အမည်ပေးထားသည်။
လွန်ခဲ့သော ၄ နှစ်ခန့်ကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဓာတ်လှေကားတစ်စင်းပါဝင်ကာ ကားငါးစီးဆံ့ ကားဂိုဒေါင်တစ်လုံးပါဝင်သည့်အပြင် ၉ ကျင်း ဂေါက်ကွင်းတစ်ခုပင် ပါဝင်သည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၁၂ ဒသမ ၉၉၅ သန်း
အိပ်ခန်း- ၅ ခန်း
ရေချိုးခန်း -၆ ခန်း (အပြည့်)၊ ၄ ခန်း (တစ်ဝက်)
နေအိမ်အကျယ်အ၀န်း- ၁၅၃၀၀ စတုရန်းပေ

(၃) ဤနေအိမ်မှ ရန်ချိုမိုင်ရေ့ခ်ျမြို့ကလေး၏ အလှ၊ သဲကန္တာရ၏ အလှကို ကောင်းစွာစီးမိုးရှုမြင်နိုင်ပြီး အားကစားလိုက်စားသော အိုဘားမားတို့ဇနီးမောင်နှံအတွက် အားကစားခန်းမ ပါဝင်သောကြောင့် အကြိုက်တွေ့စေမည်ဖြစ်သည်။
ရေကူးကန်နှင့် အိမ်ပြင်ခြံဝန်းအတွင်း သာယာလှပခြင်းများကြောင့် အိုဘားမားတို့အနေဖြင့် တစ်နှစ်ပတ်လုံး နေထိုင်ကြဖွယ်ရာရှိသည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၃ ဒသမ ၇၉၅ သန်း
အိပ်ခန်း- ၃ ခန်း
ရေချိုးခန်း -၄ ခန်း
နေအိမ်အကျယ်အ၀န်း- ၆၃၇၁ စတုရန်းပေ

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service