ရှန်ဟိုင်းအိမ်ရောင်းလိုအားပြန်လည်နာလန်ထူကာ အရောင်းပြန်သွက်

ရှန်ဟိုင်းအိမ်ရောင်းလိုအားပြန်လည်နာလန်ထူကာ အရောင်းပြန်သွက် - Property News in Myanmar from iMyanmarHouse.com
29 Nov 2016 9:32 am တွင် တင်ခဲ့သည်
1025 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ရောင်းလိုအားသည် ကာလအတန်ကြာ ကျဆင်းပြတ်လပ်
နေခဲ့ပြီးနောက် ပြန်လည်မြင့်တက်နာလန်ပြန်ထူလာခဲ့ကာ အိမ်ဝယ်လက်များအကြား
ဈေးကွက်သဘောထားသည်လည်း အကောင်းဘက်သို့ ဆက်လက်ဦးမော့နေခဲ့ကြောင်း
နိုဝင်ဘာလ ၂၈ ရက်တွင် ထွက်ရှိလာခဲ့သည့် ဈေးကွက်အချက်အလက်များက ဖော်ပြ
ခဲ့သည်။

အစိုးရမတည်သည့် တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်များအား နိုဝင်ဘာ ၂၇ တွင်
ကုန်ဆုံးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဧရိယာအားဖြင့် စတုရန်းမီတာ ၁၃၈,၀၀၀
ရောင်းချခဲ့ရပြီး ယင်းမတိုင်မီသီတင်းပတ်ကထက် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့
ခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline
Property က နိုဝင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းမတိုင်မီသတင်းပတ်ဖြစ်သည့် နိုဝင်ဘာ ၂၀ တွင် ကုန်ဆုံးခဲ့သည့် သီတင်းပတ်က
လည်း အဆင့်မြင့်အိမ်များအရောင်းသွက်ခဲ့သဖြင့် ထိုအရောင်းသွက်မှုနှင့်အတူ အိမ်သစ်
ရောင်အား စံချိန်တင်ပြန်လည်မြင့်တက်လာခဲ့သည်။ သို့ဖြစ်ရာ နိုဝင်ဘာ ၂၇ တွင် ကုန်
ဆုံးသည့် ပြီးခဲ့သည့်သီတင်းပတ်သည် ရောင်းအားပြန်လည်မြင့်တက်သည့် နှစ်ပတ်ဆက်
တိုက်မြောက် သီတင်းပတ်ဖြစ်သည်။

မြို့တစ်ဝန်း အိမ်သစ်ရောင်းလိုအားသည် ယင်းမတိုင်မီသီတင်းပတ်(နိုဝင်ဘာ ၂၀ ကုန်)
က သုညအဆင့်မှ ပြီးခဲ့သည့်သီတင်းပတ်တွင် စတုရန်းမီတာ ၁၃၅,၀၀၀ ကျော် ရှိခဲ့သည်။
ယင်းမတိုင်မီ သီတင်းပတ်ငါးခုအတွင်း ဈေးကွက်ထဲသို့ အိမ်သစ်စတုရန်းမီတာ ၃၀,၀၀၀

ကျော်သာ ရောက်ရှိလာခဲ့သည်။ ယင်းသီတင်းပတ်ငါးခုအနက် သုံးပတ်တွင် အိမ်သစ်
လုံးဝမ၀င်လာခဲ့ပေ။ သို့ဖြစ်ရာ ပြီးခဲ့သည့်သီတင်းပတ်သည် သီတင်းပတ်ခြောက်ပတ်
အတွင်း ရောင်းလိုအားအပြတ်အသတ်အမြင့်ဆုံးသီတင်းပတ်ဖြစ်သည်။ ထိုရောင်းလိုအား
စတုရန်းမီတာ ၁၃၅,၀၀၀ ကျော်အနက် ၆၀,၀၀၀ ကျော်က အလတ်အလတ်အိမ်များနှင့်
သာမန်အိမ်အမျိုးအစားများဖြစ်သည်။

ဈေးနှုန်းအားဖြင့်မူ အိမ်သစ် ၁ စတုရန်းမီတာလျှင် ပျမ်းမျှအားဖြင့် ယွမ် ၄၁,၄၈၅
(အမေရိကန်ဒေါ်လာ ၆,၀၀၈) ဈေးဖြင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချခဲ့ရပြီး
ထိုဈေးသည် ယင်းမတိုင်မီသတင်းပတ်အောက် ၂၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း
ဖြစ်သည်။ ထိုသို့ဈေးနှုန်းကျဆင်းရခြင်းမှာ တည်ဆောက်ပုံဆိုင်ရာအပြောင်းအလဲ
ကြောင့်ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service