အဆင့်မြင့်အိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်မှု အခြေအနေများ

အဆင့်မြင့်အိမ်ရာ ဆောက်လုပ်အကောင်အထည်ဖော်မှု အခြေအနေများ - Property News in Myanmar from iMyanmarHouse.com
22 Nov 2016 10:12 am တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိပြည်တွင်းမှာ ဆောက်လုပ်အကောင်အထည်ဖော်နေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေရဲ့ ပြီးစီးမှုအခြေအနေဖြစ်ပါတယ်။

ချယ်ရီမြိုင်အိမ်ရာစီမံကိန်း

သည်စီမံကိန်းကိုတော့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဆောက်လုပ်အကောင်အထည်ဖော် နေတာဖြစ်ပါတယ်။ ဝယ်ယူသူတွေကို အမည်ပေါက်နဲ့မြေကွက်ဝယ်ယူသူတွေအတွက် ၁၀ နှစ် သက်တမ်းဂရန်နဲ့ အိမ်ပါတစ်ခါတည်း ဆောက်လုပ်သူတွေကိုတော့ နှစ် ၃၀ ဂရန်လျှောက်ထားပေးမှာဖြစ်ပါတယ်။ ပေ ၄၀ x ပေ ၆၀၊ ပေ ၆၀ x ပေ ၈၀၊ ပေ ၆၀ x ပေ ၅၀၊ ပေ ၆၀ x ပေ  ၁၀ဝ စတဲ့ အကျယ်အဝန်းမြေကွက်တွေကို ကျပ်သိန်း ၃၆၀ ဝန်းကျင်ကနေ သိန်း ၁၀ဝ၀ ဝန်းကျင်အထိ ဈေးသတ်မှတ်ထားပါတယ်။

မြေကွက်အားလုံးကိုတော့ အာရ်စီအုတ်တံတိုင်း၊ ရေ၊ မီး စတဲ့ဝန်ဆောင်မှုတွေကို တစ်ခါတည်းလုပ်ဆောင်ပေးပါတယ်။ အိမ်ဆောက်လုပ်ချင်သူတွေအတွက် အဆောက် အအုံဒီဇိုင်းတွေကို ကုမ္မဏီမှာ လာရောက်ကြည့်ရှု ဆောက်လုပ်နိုင်သလို မိမိကြိုက် နှစ်သက်တဲ့အဆင့်မြင့် အိမ်ရာဒီဇိုင်းတွေကိုလည်းရွေးချယ်ဆောက်လုပ်နိုင်ပါတယ်။

လက်ငင်းပေးစနစ်၊ အရစ်ကျစနစ်နဲ့ ဘဏ်ချေးငွေစနစ် စတာတွေနဲ့ ဝယ်ယူနိုင်ပါတယ်။ အဆိုပါအိမ်ရာစီမံကိန်းကိုတော့ ရှမ်းပြည်နယ် လားရှိုးမြို့ လားရှိုးနားမခေကားကြီးဝင်း သစ်မှာဆောက်လုပ်အကောင်အထည်ဖော်နေ တာဖြစ်ပါတယ်။

စွယ်တော်စီးတီးအိမ်ရာစီမံကိန်း

သည်စီမံကိန်းကတော့ အမှတ်(၃) လမ်းမကြီးအနီး၊ အောင်မင်္ဂလာအဝေးပြေး အနီး အနီးဆုံးနေရာမှာတည်ရှိပြီး ရန်ကုန်စက်မှုဇုန်၊ Royal Mingalardon Golf Resort တို့ တည်ရှိတဲ့ မင်္ဂလာဒုံမှာတည်ရှိဆောက်ထားပါတယ်။

မင်္ဂလာဒုံ ဥယျာဉ်မြို့တော်ရှိ မြေဧက ၃၀ ပေါ်မှာတည်ဆောက်နေတဲ့စီမံကိန်းဖြစ်ပြီး တိုက်ခန်းပိုင်ရှင်တွေက အချိုးကျမြေပိုင်ဆိုင်မှုခိုင်မာစွာရရှိနိုင်မယ့်စုပေါင်းအိမ်ရာဖြစ်ပါတယ်။ အထပ်ပေါင်း ရှစ်ထပ်ပါဝင်ပြီး အခန်းအကျယ် အဝန်းတွေကတော့ ၉၀ဝ စတုရန်းပေနဲ့ ၁၂၆၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ ရေကူးကန်၊ စားသောက်ဆိုင်၊ Fitness centre, ၂၄ နာရီဖွင့်လှစ်တဲ့ ဆိုင်ခန်းတွေ၊ ကလေးကစားကွင်းနဲ့ လူ ၃၀ဝ ခန့် စုဝေးနိုင်တဲ့မြက်ခင်းပြင်ခန်းမ ကျယ်များပါဝင်တဲ့နေရာတွေပါရှိပါတယ်။ အခန်းဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ကျပ် ၇၅၀ နဲ့ ရောင်းချနေတာဖြစ်ပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service