သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီ ၆၈ ခုကို ခွင့်ပြုပြီးဖြစ်

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီ ၆၈ ခုကို ခွင့်ပြုပြီးဖြစ် - Property News in Myanmar from iMyanmarHouse.com
15 Nov 2016 9:40 am တွင် တင်ခဲ့သည်
1450 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါအထူးစီးပွားရေး ဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ ရန် လျှောက်ထားသည့် ကုမ္ပဏီ များထဲမှ ကုမ္ပဏီပေါင်း ၆၈ ခုကို ပါမစ်ထုတ်ပေးထားပြီဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေး ဇုန်စီမံ ခန့်ခွဲရေးကော်မတီက သတင်း ထုတ်ပြန်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ၏ ကနဦးစီမံကိန်းဟက်တာ ၄၀၀ ဧရိယာအတွင်း လုပ်ကိုင်နိုင်ရန် ထုတ်ပေးထားသည့် ပါမစ်အရေ အတွက်ကို နိုဝင်ဘာ ဒုတိယပတ် တွင် ထုတ်ပြန်သည်။

ပါမစ်ထုတ်ပေးသည့် ကုမ္ပဏီ များထဲတွင် လက်အိတ်စက်ရုံ၊ ဓာတ်ခဲထုတ်လုပ်သည့် စက်ရုံ၊ ကင်မရာမှန်ဘီလူးများ ထုတ်လုပ် သည့် စက်ရုံများအထိ ပါဝင် ကြောင်း သိရသည်။

ပါမစ်ထုတ်ပေးသည့် ကုမ္ပဏီ များထဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်ပြီး အထူးသဖြင့် ဟောင် ကောင်၊ ဂျပန်နှင့် တရုတ်ကုမ္ပဏီ များ အများဆုံးဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိသီလ၀ါတွင် ကုန် ထုတ်လုပ်နိုင်သည့်အဆင့် စက်ရုံ ၂၀ ရှိလာပြီဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် (အေ)ကို ၂၀၁၅ စက်တင်ဘာတွင် စီးပွားဖြစ် စတင်လည်ပတ်ပြီး လက်ရှိ၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၉ ခုက သဘော တူစာချုပ် ချုပ်ဆိုထားသည်။ ဇုန်အေကို မြေ ၄၀၅ ဟက်တာ (ဧက ၁,၀၀၀) ကျော်၌ အကောင် အထည်ဖော်ထားခြင်းဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် အေရှိ မြေတစ်စကွဲယားမီတာလျှင် အမေရိကန်ဒေါ်လာ ၈၀ သတ် မှတ်ပြီး ငှားရမ်းကြောင်း သိရ သည်။ ငှားရမ်းမှုမှာ နှစ် ၅၀ စာ ချုပ်သက်တမ်းဖြင့် ငှားရမ်းသော ကြောင့် မြေဈေးသက်သာသော စီးပွားရေးဇုန်ဖြစ်၍နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက အလွန်စိတ် ၀င်စားလျက်ရှိသည်။

ထပ်မံ တိုးချဲ့လုပ်ဆောင် မည့် ၁၀၁ ဟက်တာ (၂၅၂ ဧက ကျော်) အကျယ်အ၀န်းရှိသော သီလ၀ါဇုန်ဘီ စီမံကိန်းကို ယခု နှစ်ကုန်တွင်
စတင်ရန် မူလက ရည်ရွယ်ထားသော်လည်း လက်ရှိ အထိ ဒေသခံများနှင့် အစိုးရညှိ နှိုင်းမှုတွင် တိကျသည့် အဖြေမရ ရှိသေးသဖြင့် စီမံကိန်းနောက် ဆုတ်ရမည့် အခြေအနေဖြစ်နေ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service