အမေရိကန် သမ္မတ အပြောင်းအလဲကြောင့် ရွှေဈေး အတက်အကျကြမ်းနိုင်

အမေရိကန် သမ္မတ အပြောင်းအလဲကြောင့် ရွှေဈေး အတက်အကျကြမ်းနိုင် - Property News in Myanmar from iMyanmarHouse.com
11 Nov 2016 10:58 am တွင် တင်ခဲ့သည်
1295 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန် သမ္မတအဖြစ် စီးပွားရေး လုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့် တက်ရောက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ များနိုင်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျ ကြမ်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်းရွှေဈေး အပြောင်းအလဲသည် တစ်ကျပ်သားလျှင် ကျပ် ၈ဝဝ,ဝဝဝ မှ ၉ဝဝ,ဝဝဝ အတွင်းသာ အတက်အကျ ကြမ်းမည်ဖြစ်ပြီး ကျပ် ၉ဝဝ,ဝဝဝ ကိုမူ ကျော်လွန်နိုင်ခြေ မရှိကြောင်း ၎င်းတို့က သုံးသပ် ပြောဆိုသည်။

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တက်ရောက်သည့်နေ့ (နိုဝင်ဘာ ၉ ရက်) က ကမ္ဘာ့ ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၃ဝ ထိ မြင့်တက်ခဲ့ရာမှ နိုဝင်ဘာ ၁ဝ ရက်နေ့တွင်မူ တစ်အောင်စလျှင် ဒေါ်လာ ၁၂၉ဝ သို့ ပြန်လည် ကျဆင်းသွားကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

ထို့ကြောင့် မြန်မာ့ရွှေဈေးသည်လည်း နိုဝင်ဘာ ၉ ရက်နေ့က ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းကျော်ထိ မြင့်တက်ခဲ့သော်လည်း ယခုအခါ တစ်ကျပ်သားလျှင် ကျပ် ၇ဝဝဝ ကျပ်ခန့် ပြန်လည် ကျဆင်းကြောင်း ရန်ကုန်မြို့တော် အတွင်းရှိ ရွှေဆိုင်များထံမှ သိရသည်။

“အရောင်းအဝယ်က ပုံမှန်ပဲ။ မနေ့တုန်းကတော့ ဒေါ်နယ်ထရမ့်ကြောင့် ကုန်သည်အချို့ ရွှေဝယ်စုလိုက်တဲ့အတွက် ကမ္ဘာ့ဈေး တက်သွားတယ်။ ဒီရက်ထဲ ဈေးက အပြောင်းအလဲ များနိုင်တယ်”ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးဇော်အောင်က ပြောဆိုသည်။

ရွှေဈေးနှုန်းများသည် နိုဝင်ဘာ ၈ ရက်နေ့က ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၈၇၈,ဝဝဝ ကျပ်မှ နိုဝင်ဘာ ၉ ရက်နေ့တွင် ၈၉၁,ဝဝဝ မှ ယခုအခါ ကျပ် ၈၈၄,ဝဝဝ သို့လည်းကောင်း၊ ကမ္ဘာ့ဈေးမှာ နိုဝင်ဘာ ၈ ရက်နေ့က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၇ဝ မှ နိုဝင်ဘာ ၉ ရက်နေ့တွင် ၁၃၃ဝ မှ ယခုအခါ ၁၂၉ဝ သို့လည်းကောင်း အတက်အကျများ ဖြစ်ပေါ်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service