တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၀၀၀ ကျော်ရောင်းချရန်ရှိ

တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂,၀၀၀ ကျော်ရောင်းချရန်ရှိ - Property News in Myanmar from iMyanmarHouse.com
27 Oct 2016 10:16 am တွင် တင်ခဲ့သည်
2520 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့အတွက်တန်ဖိုးနည်းအိမ်ရာ များ တည်ဆောက်ပေးလျက်ရှိရာ ပြီးခဲ့သည့် ရက် ၁၀၀ အတွင်းအခန်းပေါင်း၂,၀၀၀ကျော်ကိုဆောက်လုပ်ပြီးစီးခဲ့သည့်အတွက်နိုဝင်ဘာလတွင်စတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရက် ၁၀၀ အတွင်းမှာ အခန်းပေါင်း ၂,၂၀၈ ခန်း ဆောက်လုပ်လို့ ပြီးသွားပါပြီ။ အရင်ကတည်းက ဆောက်နေတာပဲ။ဒါပေမဲ့ရောင်းချင်တဲ့အ တွက် ရက် ၁၀၀ အတွင်းမှာ ဆောက်လို့ပြီးမယ့် တိုက်ခန်းတွေကို အမြန်တည်ဆောက်လိုက်ပြီး ရရှိတဲ့ တိုက်ခန်းတွေ ကို အမြန်ဆုံးရောင်းမှာပါ" ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင် အေးက မြန်မာတိုင်း(မ်)ကိုပြော သည်။

ဆောက်လုပ်ပြီးခဲ့သည့် တန်ဖိုးနည်းအိမ်ခန်း ပေါင်း ၂,၀၀၀ ကျော်သည်လှိုင်သာယာမြို့နယ် တွင် တည်ဆောက်လျက်ရှိ သည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာမှအပိုင်း(၃) အဆောက် အအုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက် လျက်ရှိသည့်ကနောင် တန်ဖိုးနည်းအိမ် ရာ၊ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)နှင့် (၂) အဆောက်အအုံများက အခန်းများဖြစ်သည်။

ထို့ပြင် မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက အဆိုပါ အိမ်ခန်း ၂,၀၀၀ ကျော်၏၇၀ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကို၎င်းတို့ စီမံခန့်ခွဲမှုဖြင့် ရောင်းချနိုင်ရန်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် အခန်း ၃၀ ရာခိုင်နှုန်းကို ဦးစီးဌာနက စီမံခန့်ခွဲရောင်းချသွားမည်ဖြစ် သည်။

"အဲဒီ အခန်းပေါင်း ၂,၀၀၀ ကျော်က ၇၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရကိုလွှဲလိုက်ရတယ်။ သူတို့ဆီမှာ ၁,၅၀၀ ကျော် ရှိတယ်။ ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရကအခုထိ မရောင်းသေးဘူး။ ကျွန်တော်တို့ဌာန ကတော့ ကျန်နေတဲ့ တိုက်ခန်းတွေကို ထုတ်ရောင်းတော့မှာပါ" ဟု ၎င်းက ပြော သည်။

မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းအိမ်ခန်းများကို ရောင်းချရာတွင် ယခင်တန်ဖိုးနည်းအိမ်ခန်းများ ရောင်းချသကဲ့သို့မဲနှိုက်ခြင်းစ နစ်ဖြင့် ရောင်းချမည် မဟုတ်ဘဲဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် (CHDB) ၌ အိမ်ရာငွေစုသူများ ကိုသာရောင်းချ သွားမည်ဖြစ်ပြီး အိမ်ရာငွေ စုသူများထဲမှ အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပေးချေနိုင်သည့် စုငွေပမာဏရှိသူများကို ပထမဦးစားပေးရောင်းချသွားမည်ဖြစ် ကြောင်းဦးမင်းအောင်အေးက ပြောသည်။

"ကျွန်တော်တို့ဆီမှာ ၃၀ ရာခိုင်နှုန်း ကျန်တဲ့ အခန်း ၆၆၅ ခန်းကျော်ကို (CHDB) ဘဏ်မှာပိုက်ဆံစုထားတဲ့ ၃၀ ရာခိုင်နှုန်း ပြည့်ပြီးတဲ့သူတွေကို ဦးစားပေး စရောင်းလိုက်မယ်။ ဒီဟာတွေကို ၀ယ်ဖို့အတွက် ဘဏ်မှာ စုဆောင်းထားရမယ့်ငွေ ရှိဖို့လိုမယ်။ ဘဏ်စနစ်နဲ့ချိတ်ဆက်ရ မယ်။ အခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို စုရမယ်။ စုတဲ့လူတွေကို ဦးစားပေးရောင်းမယ်။ ဘဏ်မှာ တော်တော် များများ ပိုက်ဆံစုထားပြီးဘယ်နေ ရာက အခန်းကို လိုချင်တယ်ဆိုတာတွေကို ပေးထား ပြီးပြီ"ဟု ၎င်းက ပြောသည်။လက်ရှိတွင် (CHDB) ဘဏ်၌ အိမ်ရာ ငွေကြေးစုဆောင်းသူ ဦးရေ ၅,၀၀၀ ကျော်ရှိနေပြီဟုသိရှိရပြီး အခန်းတန်ဖိုး၏ ၃၀ ရာခိုင် နှုန်း ပေးချေနိုင်သည်အထိ ငွေစုပြီးသူဦးရေမှာ ၃၀ကျော်ခန့်ရှိနေပြီဖြစ် သည်။

"နိုဝင်ဘာလထဲမှာ သတင်းစာမှာ စပြီး အသိပေးကြေညာပြီးတော့ ငွေစုထားတဲ့သူတွေကိုလျှောက်လွှာတွေ ပြန်တင်ခိုင်း မယ်။ တိုက်ခန်း ပိုင်ဆိုင်သူ မဟုတ်တဲ့အကြောင်း၊ ပြီးတော့အိမ်ထောင်ဦးစီး ဖြစ်ရမယ်။ မိသားစု ၀င်ငွေ သုံးသိန်းနဲ့ ငါးသိန်းကြား ရှိရမယ်။ သက်ဆိုင်ရာရပ် ကွက်မှာနေတဲ့ အုပ်ချုပ်ရေး မှူးတွေ ထောက်ခံချက်နဲ့တင်ရမယ်။ အဲဒီ အချက်အလက်အားလုံးစုံရင် ဦးစားပေး ရောင်းချတဲ့စာရင်းထဲပါသွား ပြီ"ဟု ဦးမင်း အောင်အေးကပြောသည်။

သို့သော် မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက အဆိုပါ တန်ဖိုးနည်းအိမ်ခန်းများကိုရောင်းချရာတွင် အခန်းတန်းဖိုး သိန်း ၁၀၀ခန့်ကိုငွေ လက်ငင်း ပေး ၀ယ်ယူနိုင်မည့်သူများကို လုံးဝ ရောင်းချသွားမည်မဟုတ်ဘဲ အမှန်တကယ် အခန်းလိုအပ်နေသူများ အတွက်ရောင်းချမည်ဖြစ် သောကြောင့် (CHDB) ဘဏ်တွင် ငွေစုပြီး ၀ယ်ယူသူများကိုသာရောင်းချမည်ဖြစ်သည်။

"အခန်းအများကြီး မထွက်ပေါ်သေးဘဲ နဲ့ ပိုက်ဆံ လုံးခနဲ တန်းပေးနိုင်တဲ့သူကိုရောင်းလိုက်မယ်ဆိုရင် အမှန်တကယ်နေဖို့ အခန်းလိုတဲ့သူတွေ မရတော့ဘဲဖြစ်သွားမှာပါ။ အဲဒါကြောင့် ငွေလက်ငင်းချေပြီး ၀ယ်မယ့်သူတွေကို ကျွန်တော်တို့ မရောင်း ပါဘူး။ ဘဏ်မှာလည်း ငွေစုရမယ်၊ အိမ်ရာနဲ့ ပတ်သက်တဲ့ အချက်အလက်လည်း ရအောင်၊စုတဲ့အလေ့အကျင့်လည်း ရအောင် ဘဏ်မှာ မဖြစ်မနေ ငွေစုရမယ်"ဟုဦးမင်း အောင်အေးကပြောသည်။

ထို့ပြင် လာမည့်နှစ်နှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကသိန်း ၁၀၀ အောက် တန်ဖိုး နည်း အခန်း ၈,၀၀၀ ခန့် ထွက်ပေါ်ရေးအတွက် ရန်ကုန်မြို့ရှိ မြို့နယ်များတွင် ဆောက်လုပ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့စွန် မြို့နယ်များတွင် ဆက်လက်တည်ဆောက် သွားရန် လျာထားသည့် တန်ဖိုးနည်းအိမ်ရာ များမှာလှိုင်သာ ယာမြို့နယ်တွင် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ၊ ရွှေပြည်သာမြို့နယ်တွင် ပျဉ်းမပင် တန်ဖိုးနည်းအိမ်ရာ၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင်ရိုးမတန်ဖိုး နည်းအိမ်ရာ၊ ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း(၃)တိုးချဲ့၊ သန်လျင် မြို့နယ်တွင်အောင်ချမ်းသာ တန်ဖိုးနည်း အိမ်ရာ နှင့်သီလ၀ါ စက်မှုဇုန် တန်ဖိုးနည်း အိမ်ရာတို့ဖြစ်သည်။ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ဖိုး နည်းအိမ်ရာများကို ဆောက်လုပ်ခြင်းများသည်အစိုးရ၏ ၀င်ရောက် လုပ်ကိုင်ပေးခြင်း Government Intervention ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မတည်ကာ အဆိုပါ တန်ဖိုးနည်းအိမ်ရာများကို တည် ဆောက်ခြင်းဖြစ်ကြောင်း ဦးမင်းအောင်အေး က ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service