ပြု ပြင်ပြောင်းလဲမှုများဖြင့် တိုင်းပြည်ကိုအကျိုးပြုနိုင်သော စက်မှုဇုန်မြေများ

ပြု ပြင်ပြောင်းလဲမှုများဖြင့် တိုင်းပြည်ကိုအကျိုးပြုနိုင်သော စက်မှုဇုန်မြေများ - Property News in Myanmar from iMyanmarHouse.com
25 Oct 2016 10:33 am တွင် တင်ခဲ့သည်
992 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန် ဈေးကွက်အနေအထားသည် ပြည်ပရင်းနှီးမြုပ်နှံမှု၊ဆန်ရှင်လျော့ပေါ့မှု၊တိုးပွားလာသော ရင်းနှီးမြုပ်နှံသူများကြား အကောင်းဘက်သို့ပိုမိုဦးတည်လာနေသည်ကိုတွေ့ရသည်။

လုံလောက်သော အခြေခံအဆောက်အအုံမပြည့် ဝမှုများရှိနေခြင်းကြောင့် ထပ်မံဖော်ဆောင်ရန်လည်းလိုအပ်နေပေသေးသည်။
ယင်းသို့ ထပ်မံမဖော်ဆောင်မီကာလတွင် အရံသင့်ရှိသော.စက်မှုဇုန်များသည် ဈေးကွက်အရမူ လိုအပ်ချက်အရ ဈေးကွက်တွင်အပေါင်းလက္ခဏာ
ပင်ဆောင်နေပေဦးမည်ဖြစ်သည်။

""မြန်မာပြည်မှာ စက်မှုဇုန်က အရမ်းနည်းနေသေးတယ်။အများကြီးထပ်ဖော်ရဦးမယ်။
ဒီလိုဖော်မှလဲ Investment ကြီးမားပြီး ကျွန်တော်တို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမှာလေ။ စက်မှုဇုန်မြေဈေးကွက်နဲ့ပတ်သက်ရင် အစိုးရရဲ့ ထိန်းကျောင်းမှုကိုအများဆုံးခံရတဲ့ မြေဈေးကွက်လို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုရင် ယခင် အစိုးရ ၊ ယခု အစိုးရ အစိုးရအဆက်ဆက်မှာ အိမ် ခြံ မြေ ဖိအားပေးမှုတွေထက် စက်မှုဇုန်မြေဈေးကွက်ကိုဖိအားပေးမှုတွေပိုလုပ်လေ့ရှိပါ
တယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာလည်း စက်မှုဇုန်မြေဈေးတွေနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တာရှိပါတယ်။ဒါကတော့ အများသိထား
သလို အမှန်တကယ်လုပ်ကိုင်နေခြင်းမရှိတဲ့ စက်မှုဇုန်မြေကွက်လွတ်တွေကို ပြန်လည်သိမ်းဆည်းမယ့် သတင်းပဲဖြစ်ပါတယ်။ဒီ သတင်းဟာ အရင် အစိုးရလက်ထက်တွေမှာလည်း ထုတ်ပြန်မှုတွေရှိခဲပေမယ့် အမှန်တကယ် အရေးယူဆောင်ရွက်တာတွေ မရှိခဲပါဘူး။
ဒါ့ အပြင် ဒီလိုသတင်းတွေထွက်ပေါ်ပြီးတိုင်း စက်မှုဇုန်မြေဈေးဟာ ပိုမြင့်ခဲ့သလို အရောင်းအဝယ်ဈေးကွက်ကိုလည်းမထိခိုက်ခဲ့ပါဘူး။
ဒီဘက်ခေတ်အစိုးရလက်ထက်မှာတော့ ဇုန်မြေကွက်တွေအကြောင်းပြောဆို ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဇုန်မြေဈေးကွက်ဟာ လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။

ဒီလိုရပ်တန့်ခဲ့တယ်ဆိုပေမယ့် ဇုန်မြေကွက်လွတ်တွေဟာလည်း ချက်ခြင်းအသက်ဝင်လာခဲ့တာ တွေ့ရပါတယ်။ဒါကြောင့်
လည်း အချိန်အတိုင်းအတာတစ်ခု ကြားပြီးတဲ့နောက်မှာ အခြားအိမ်ခြံမြေ နည်းတူ ဇုန်မြေကွက်တွေဟာ ပြန်လည် အလုပ်ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ဇုန်မြေဈေးကွက် ပေါက်ဈေးတွေအရတော့ ပျမ်းမျှနှုန်းထားအရ တစ် ဧက ကို သိန်း တစ်ထောင်ကျော်ကနေ သိန်းပေါင်းသောင်းချီ အထိ ဈေးကွက်ဖြစ်ထွန်းနေပါတယ်။ဈေးနှုန်းအ
ရကတော့ အမှန်တကယ်လည်ပတ်သက်ဝင်နေတဲ့ ဇုန်မြေတွေဟာ ဈေးပိုရနေတာဖြစ်ပြီး ရေ မီး အဆင်သင့်မဖြစ်သေးဘဲ လည်ပတ်ဖို့ အားယူနေရဆဲဖြစ်တဲ့ နေရာတွေကတော့ သိန်း ထောင်ဂဏန်း ပတ်လည်နဲသာ အရောင်းအဝယ်ဖြစ်နေပါတယ်။

လတ်တလောလည်ပတ်ရန်အဆင်သင့်ဖြစ်နေတဲ့
တောင်ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယာ မြို့နယ်က ရွှေလင်ဗန်းစက်မှုဇုန် တွေရဲ့ ဈေးနှုန်းဟာ တစ် ဧကကို သိန်း ၃၀၀၀ ၊ ၅၀၀၀ ၊ ၇၀၀၀ နှင့် ၈၀၀၀ အကြားရှိပါတယ်။""ဟု ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးစိုင်းခွန်နောင်မှ သုံးသပ်ပြောပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်မူ ဇုန်အနေအထားအရ SEZ ဟုခေါ်ဆိုသော Special Economic Zone မှာ လွန်စွာနည်းပါးလျက်ရှိနေသေးသည်။ရန်ကုန်ရှိ sez တစ်ခုဖြစ်သော သီလဝါ ဆိပ်ကမ်းသည် ထင်သည့်အတိုင်း ဈေးကွက်ကို သိသာစွာအကျိုးဖြစ်ထွန်းခဲ့ခြင်းမရှိကြောင်းကိုတွေ့ရသည်။

ထို့ပြင်ပြည်ပ ရင်နှီးမြုပ်နှံမှုများအား တံခါးဖွင့်ပေးသည့်ကာလတွင် စက်မှုဇုန်၏ အရေးပါမှုသည် အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်ထွန်းလာပေသည်။လက်ရှိရှိနေသော အသုံးပြုရန်အဆင်သင့်ဖြစ်နေသော ဇုန်များသည် နိုင်ငံတကာစံနှုန်းများနှင့်နှိုင်းယှဉ်ပါက မျးစွာနိမ့်ကျနေသေးကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များကပြောဆိုထောက်ပြသည်။

အမှန်တကယ်တွင်လည်း အဆောက်အအုံလိုအပ်မှု ၊ လျှပ်စစ်မီး လုံလောက်စွာမရရှိမှု စသည့် အခက်အခဲများသည် ဇုန်နှင့်လာရောက်ရင်နှီးမြုပ်နှံလိုသူများအကြား ကြီးမားသော စိန်ခေါ်မှုများပင် ဖြစ်နေသည်။ယင်းကဲ့သို့ Infrastructure ပြည့်စုံကောင်းမွန်ရေးအပြင် ပြည်ပ
ရင်နှီးမြုပ်နှံသူများအတွက် Investment law ၊ တိကျခိုင်မာသော အလုပ်ရှင် အလုပ်သမား ဥပဒေ အစရှိသည်တို့သည် လိုအပ်နေဆဲပင်ဖြစ်သည်။

မည်သို့ဆိုစေလာရောက်ရင်းနှီးမြုပ်နှံလိုသူများအတွက် SEZ များဖော်ဆောင်မပေးနိုင်ခင်အတွင်း ရှိပြီးသား ဇုန်မြေများ အဆင်သင့်ဖြစ်စေရန် မွမ်းမံထားပါက ဇုန်မြေဈေးကွက်သည် ကောင်းမွန်သော ဈေးကွက်တစ်
ခုအနေဖြင့် တိုင်းပြည်ကိုအကျိုးပြုနိုင်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service