သိန်း ၂၀၀၀ တန် မြေကွက်ကို ၉၆ သိန်းနဲ့ ချထားပေးခဲ့တာတွေ စိစစ်တွေ့ရှိ

သိန်း ၂၀၀၀ တန် မြေကွက်ကို ၉၆ သိန်းနဲ့ ချထားပေးခဲ့တာတွေ စိစစ်တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
10 Oct 2016 9:54 am တွင် တင်ခဲ့သည်
25682 ကြိမ် ကြည့်ရှု့ပြီး
အစိုးရ အကူးအပြောင်းကာလမှာ အများပြည်သူပိုင် မြေနေရာတွေကို လူပုဂ္ဂိုလ်နာမည်တွေနဲ့ မြေယာချထားပေးခဲ့တာတွေကို ပြန်လည်စစ်ဆေးတဲ့ အခါမှာ ကာလပေါက်ဈေး ကျပ်သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိတဲ့ မြေကို ၉၆ သိန်းနဲ့ ချထားပေးတာစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အစိုးရအကူးအပြောင်းကာလ မြေယာစီစစ်ရေး အဖွဲ့က အဖွဲ့(၂)ခေါင်းဆောင်ဦးတင်အောင်က ပြောပါတယ်။

အစိုးရအလွဲအပြောင်းကာလဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြေယာတွေကို လူပုဂ္ဂိုလ်အမည်တွေနဲ့ ချထားပေးခဲ့တယ်။အများပြည်သူအကျိုးအတွက် စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က ဦးမြင့်အောင်မိုးက အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ကန့်ကွက်သူမရှိခဲ့တာ ကြောင့် မြေယာစိစစ်ရေးအဖွဲ့ ကို အခုနှစ် သြဂုတ်လက စတင်ဖွဲ့ စည်းခဲ့တယ်။စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

ဦးတင်အောင်က စစ်ဆေးတဲ့ အခါမှာ ၂၉ ရက်၃လ ၂၀၁၆ မှာဆို တစ်ရက်တည်းနဲ့ အမှုတွဲပေါင်း ၂၄၀ လောက်ချထားပေးတာ တွေ့ရတယ်။တစ်ရက်တည်းနဲ့ ငွေတွေ အများကြီး ဘဏ်ကိုသွင်းထားတာ တွေ့ရတယ်၊အံ့တောင်သြတယ်၊ဒီလောက်ငွေတွေကို ဘဏ်ကလဲလက်ခံနိုင်တယ်တချို့ဟာတွေကျတော့ လယ်ယာမြေတွေကို တခြားနည်းနဲ့ ပြောင်းပြီး စီမံကိန်းတွေလုပ်တယ်၊စီမံကိန်းတင်မကဘူး ဂရန်တွေပါထုတ်ပေးတဲ့ အနေအထားတွေကို တွေ့ရတယ်လို့ပြောပါတယ်။

မြေယာချထားပေးမှုတွေ စိစစ်တဲ့ ကိစ္စကို မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းက အမှုတွဲပေါင်း ၄၀၀ကျော်ကို စစ်ဆေးခဲ့တာဖြစ်တယ်။မြေယာချထားပေးခဲ့တဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူ ၁၀ ဦးခန့်ကို ခေါ်ယူမေးမြန်းပြီး ဖြစ်ပါတယ်။လာမယ့် ၁၀ ရက်နေ့မှာတော့ မြေယာချထားပေးခြင်းခံရတဲ့သူ တွေထဲက ခြောက်ဦးကို ခေါ်ယူမေးမြန်းမှာပါ။
၂၀၀၀ တန်မြေကွက်ကို ၉၆ သိန်းပဲသွင်းရတော့ ၀င်ငွေခွန်ဖော်ပြထားတာရှိလားဆိုတော့ မရှိဘူးတဲ့ ၊အဲဒီတော့ နိုင်ငံတော်အနေနဲ့ လဲ ၀င်ငွေခွန်မကောက်ရသလို မြေကွက်မှာ ရရှိရမယ့် အတိုင်းအတာတွေလဲ ဆုံးရှုံးရတာတွေ တွေ့ရှိရတယ်လို့ ဦးတင်အောင်ကပြောပါတယ်။

မြေယာစိစစ်တွေ့ရှိမှုတွေကို သုံးသပ်ချက်ရေးပြီး တိုင်းအစိုးရကို တင်ပြပြီးတာနဲ့ မန္တလေးတိုင်းအတွင်းက အခြားမြို့နယ်တွေမှာလည်း ဥပဒေနဲ့ မညီညွှတ်ဘဲ ရယူထားတာတွေ သွားရောက်စစ်ဆေးဖို့ စီစဉ်ထားပါတယ်။

Credit : The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service