အိန္ဒိယတွင် လိုအပ်သည်မှာ စမတ်မြို့တော်များမဟုတ်ဘဲ စမတ်ကျေးရွာများသာဖြစ်ကြောင်း အိန္ဒိယ၏အကြီးမားဆုံးကုမ္ပဏီဥက္ကဌက ဝေဖန်

အိန္ဒိယတွင် လိုအပ်သည်မှာ စမတ်မြို့တော်များမဟုတ်ဘဲ စမတ်ကျေးရွာများသာဖြစ်ကြောင်း အိန္ဒိယ၏အကြီးမားဆုံးကုမ္ပဏီဥက္ကဌက ဝေဖန် - Property News in Myanmar from iMyanmarHouse.com
7 Oct 2016 11:31 am တွင် တင်ခဲ့သည်
1337 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယအစိုးရက နိုင်ငံတစ်ဝန်းတွင် စမတ်မြို့တော်များ ဆောက်လုပ်လျက်ရှိသည့်အပြင် ထပ်မံ၍လည်း ဆောက်လုပ်ရန် စီစဉ်လျက်ရှိရာ အိန္ဒိယတွင် လိုအပ်သည်မှာ စမတ်မြို့တော်များမဟုတ်ဘဲ စမတ်ကျေးရွာများသာဖြစ်ကြောင်း အိန္ဒိယ၏အကြီးမားဆုံးကုမ္ပဏီ မဟိန္ဒရ နှင့် မဟိန္ဒရ ကုမ္ပဏီဥက္ကဌ အာနန် မဟိန္ဒရက ဝေဖန်ပြောကြားလိုက်ကြောင်း အိန္ဒိယအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဆက်လက်တည်ဆောက်မည့် စမတ်မြို့တော်ပေါင်း ၂၇ ခု၏ တည်နေရာနှင့် အမည်ကို အိန္ဒိယအစိုးရက မကြာသေးမီက ထုတ်ဖော်ကြေညာလိုက်သည်။

မိုဒီအစိုးရသည် ၂၀၁၉-၂၀၂၀ ခုနှစ်အမှီ မြို့ပေါင်း ၁၀၀ ကို အဆင့်မြှင့်တင်သွားရန် ရည်မှန်းထားပြီး ငါးနှစ်တာကာလအတွင်း ရူပီး သန်းပေါင်း ၄၈၀၀၀၀ သုံးစွဲသွားရန် ရည်မှန်းထားသည်။

မဟိန္ဒရက ပြောကြားရာတွင် အိန္ဒိယတွင် နည်းပညာဖွံ့ဖြိုးလာစေရန်အတွက် စမတ်မြို့ကြီးများသာ အကောင်အထည်ဖော်နေရုံမျှဖြင့် မပြီးဘဲ စမတ်ကျေးရွာများ တည်ထောင်ရမည်ဖြစ်ကြောင်း သုံးသပ်လိုက်ခြင်းလည်း ဖြစ်သည်။

မဟိန္ဒရကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် လုပ်ငန်းလည်ပတ်လျက်ရှိပြီး အာကာသ၊ စိုက်ပျိုးရေး၊ မော်တော်ကား၊ စက်ပစ္စည်းအစိတ်အပိုင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကိရိယာ၊ ကာကွယ်ရေး၊ စွမ်းအင်၊ လယ်ယာသုံးပစ္စည်း၊ ဘဏ္ဍာရေးနှင့် အာမခံ၊ စက်ရုံသုံးပစ္စည်း၊ နည်းပညာ၊ ဟိုတယ်လုပ်ငန်း၊ အိမ်ခြံမြေနှင့် လက်လီကဏ္ဍများစွာတွင် လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သည်။

“စမတ်မြို့တော်တွေသာမဟုတ်ဘဲ စမတ်ကျေးရွာတွေကိုလည်း ကျွန်တော်တို့ စဉ်းစားသင့်တယ်။ စရိတ်တွေ ကျဆင်းနေတဲ့အချိန်မှာ အိန္ဒိယဟာ နည်းပညာဖွံ့ဖြိုးမှုမှာ ဘာကြောင့် ဦးမဆောင်နိုင်ရမှာလဲ”ဟု မဟိန္ဒရက ပြောကြားသည်။

အိန္ဒိယအစိုးရက ကြေညာလိုက်သည့် စမတ်မြို့တော် ၂၇ ခုမှာ

အမ်ရစ်ဆာ (ပန်ဂျပ်ပြည်နယ်)၊

ကယ်လ်ယမ်-ဒွန်ဗီဘီလီ (မဟာရပ်ရှ်ထရာ)၊

ယူဂျိန်း (မဒရာ ပရာဒက်ရှ်)၊

တီရူပါတိ (အန်ဒရာ ပရာဒက်ရှ်)၊

နက်ဂ်ပူရ် (မဟာရပ်ရှ်ထရာ)၊

မန်ဂါလူရူ (ကာနာတာကာ)၊

ဗယ်လိုရီ (တမီလ် နာဒူး)၊

သိန်း (မဟာရပ်ရှ်ထရာ)၊

ဂွါလီယာ (မဒရာ ပရာဒက်ရှ်)၊

အဂ္ဂရာ (ဥတာ ပရာဒက်ရှ်)၊

နာဆစ် (မဟာရပ်ရှ်ထရာ)၊

ရောကီလာ (အိုဒီရှာ)၊

ကန်ပူရ် (ဥတာ ပရာဒက်ရှ်)၊

မာဒူရိုင်း (တမီလ် နာဒူး)၊

တူမာကူရူ (ကာနာတာကာ)၊

ကိုတာ (ရာဂျက်စ်သန်)၊

သန်ဂျာဗာ (တမီလ် နာဒူး)၊

နမ်ချီ (ဆစ်ကင်)၊

ဂျာလန်ဒါ (ပန်ဂျက်)၊

ရှီဗာမော့ဂါ (ကာနာတာကာ)၊

ဆာလမ် (တမီလ် နာဒူး)၊

အစ်ဂ်ျမာ (ရာဂျက်စ်သန်)၊

ဗာရာဏသီ (ဥတာ ပရာဒက်ရှ်)၊

ကိုဟီးမား (နာဂလန်း)၊

ဟူဘလီ-ဒါဝက် (ကာတာနာကာ)၊

အူရန်ဂါဘက် (မဟာရပ်ရှ်ထရာ)နှင့်

ဗာဒိုဒါရာ (ဂူဂျာရက်) တို့ ဖြစ်ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service