၁ လ​ဒေါ်လာ ၃၀,၀၀၀ ဖြင့်​ ဂျိုလီ ကလေးများနှင့်အတူ အိမ်ပြောင်းငှါး​နေ

၁ လ​ဒေါ်လာ ၃၀,၀၀၀ ဖြင့်​ ဂျိုလီ ကလေးများနှင့်အတူ အိမ်ပြောင်းငှါး​နေ​ - Property News in Myanmar from iMyanmarHouse.com
7 Oct 2016 10:17 am တွင် တင်ခဲ့သည်
1102 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်အမျိုးသားသရုပ်ဆောင် ဘရတ်ပစ်နှင့် တရားဝင်မကွာရှင်းရသေးသော်လည်း တစ်အိမ်တည်းအတူမနေတော့သည့် အမေရိကန်အမျိုးသမီးသရုပ်ဆောင် အိန်ဂျလီနာဂျိုလီသည် ဘရတ်​ပစ်​နှင့်​အတူ​နေခဲ့သည့်​ အ​မေရိကန်​​ဒေါ်လာ ၁၂ သန်းတန်​ မလိဘူးအိမ်ကြီးမှ သားသမီး ၆ ဦးနှင့်အတူ နာမည်ကျော်အိမ်နီးချင်းများရှိသော ဟစ်ဒန်းဟေးလ်ရှိ ခြံ ၁ ခြံသို့ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

အသက် ၄၁ နှစ်ရှိ ဂျိုလီသည် စတုရန်းပေ ၈,၀၀၀ ကျယ်ဝန်းပြီး ​အ​မေရိကန်​​ဒေါ်လာ ၆ သန်းတန်​​သော ခြံကြီးကို ၁ လလျှင် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဖြင့် ငှားရမ်းထားခြင်းဖြစ်သည်။ ထိုအိမ်သည် အမေရိကန်ရုပ်သံအစီအစဉ် တင်ဆက်သူအကျာ်အမော် ကင်ကာဒစ်ရှန်နှင့် အမေရိကန်အမျိုးသားရက်ပ်အဆိုတော် ကာနေးဝက်စ်တို့စုံတွဲ၏
အိမ်မှ ခရီးမိုင် ၁ မိုင်သာ ကွာဝေးသည့်အပြင်​ အခြားကာဒစ်ရှန်မိသားစုများဖြစ်သည့် ခရစ်ဂျန်နာနှင့် ကိုင်လီဂျန်နာတို့၏ အိမ်များလည်း ရှိသည်။

ဂျိုလီ၏ အိမ်သစ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းနှင့် ၀ိုင်ဘား ၁ ခုတို့ ပါဝင်ပြီး ခြံထဲတွင်လည်း ရေကူးကန် ၂ ကန်နှင့် အပန်းဖြေတဲကြီး ၁ တဲ ပါဝင်သည်။

ဂျိုလီက အသက် ၅၂ နှစ်ရှိ ခင်ပွန်း ဘရတ်ပစ်နှင့် ကွာရှင်းခွင့်အတွက် တရားရုံးသို့ စက်တင်ဘာလ ၂၀ ရက်တွင် လျှောက်ထားခဲ့သည်။ အတူနေသက်တမ်း၁၂ နှစ်နှင့် အိမ်ထောင်သက် ၂ နှစ်ကြာမြင့်ပြီးနောက် လမ်းခွဲရခြင်း၏ အကြောင်းရင်းအား စေ့စပ်ညှိနှိုင်း၍မရသော သဘောထားကွဲလွဲမှုများကြောင့်ဟု ဂျိုလီက ပြောကြားထားသည်။

ဂျိုလီက မိသားစုကျန်းမာရေးအတွက် ယခုကဲ့သို့ဆုံဖြတ်ရခြင်းဖြစ်ကြောင်း ပြောကြားထားပြီး ကလေးများကို အုပ်ထိန်းခွင့်ကို တရားရုံးသို့ တောင်းခံထားသည်။ သူတို့ ၂ ဦးတွင် သားသမီး ၆ ဦးရှိပြီး ၃ ဦးက မွေးစားကလေးများဖြစ်ကာ ၃ ဦးက သူတို့ ၂ ဦး သားသမီးအရင်းများဖြစ်သည်။ ဂျိုလီက ကလေးစရိတ်နှင့် မယားစရိတ် ၂ ခုစလုံးကို မတောင်းဆိုထားပေ။

ဘရတ်ပစ်သည် ယခုစက်တင်ဘာလ ၁၄ ရက်က အိန်ဂျလီနာဂျိုလီနှင့် ၂ ဦးပိုင် ပုဂ္ဂလိကလေယာဉ်ပေါ်တွင် သူတို့၏ သားသမီးများအနက် ၁ ဦးအားအခြားသားသမီးများရှေ့တွင် ရုပ်ပိုင်းဆိုင်ရာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှုတ်ဖြင့်ပါ နှိပ်စက်ခဲ့သည်ဟု PEOPLE သာမက သတင်းဌာနအများအပြားက အလားတူသတင်းများဖော်ပြနေကြပြီး ယင်းသည် အိန်ဂျလီနာဂျိုလီက ကွာရှင်းခွင့်တောင်းရသည့် အကြောင်းရင်းများအနက် ၁ ခုဖြစ်သည်ဟုလည်း ဖော်ပြနေကြသည်။

သူတို့ ၂ ဦးစလုံးသည် ကွာရှင်းသည့် အတွေ့အကြုံရှိထားကြပြီးသူများ ဖြစ်သည်။ ဘရက်ပစ်က သရုပ်ဆောင် ဂျနီဖာအန်နစ္စတန်နှင့် ကွာရှင်းခဲ့ဖူးပြီး ဂျိုလီက အင်္ဂလန်အမျိုးသားသရုပ်ဆောင် ဂျွန်နီလီမင်လာနှင့် အမေရိကန်အမျိုးသားသရုပ်ဆောင် ဘီလီဘော့ဘ်သွန်တန်တို့နှင့် ကွာရှင်းခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၁ လ​ဒေါ်လာ ၃၀,၀၀၀ ဖြင့်​ ဂျိုလီ ကလေးများနှင့်အတူ အိမ်ပြောင်းငှါး​နေ​ - Property News in Myanmar from iMyanmarHouse.com
၁ လ​ဒေါ်လာ ၃၀,၀၀၀ ဖြင့်​ ဂျိုလီ ကလေးများနှင့်အတူ အိမ်ပြောင်းငှါး​နေ​ - Property News in Myanmar from iMyanmarHouse.com
၁ လ​ဒေါ်လာ ၃၀,၀၀၀ ဖြင့်​ ဂျိုလီ ကလေးများနှင့်အတူ အိမ်ပြောင်းငှါး​နေ​ - Property News in Myanmar from iMyanmarHouse.com
၁ လ​ဒေါ်လာ ၃၀,၀၀၀ ဖြင့်​ ဂျိုလီ ကလေးများနှင့်အတူ အိမ်ပြောင်းငှါး​နေ​ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service