အာဆီယံအိမ်ခြံမြေ မဟာမိတ်အဖွဲ့ နက်ဝပ်ခ်တိုးချဲ့ထားဟုဆို

အာဆီယံအိမ်ခြံမြေ မဟာမိတ်အဖွဲ့ နက်ဝပ်ခ်တိုးချဲ့ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
13 Sep 2016 10:58 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး
အာဆီယံအိမ်ခြံမြေအဟာမိတ်အဖွဲ့ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ နက်ဝပ်ခ်ချဲ့ထားပြီး နိုင်ငံတကာနည်းတူ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အိမ်ခြံမြေပညာများ ဒီပလိုမာ ၊ ကောလိပ်တွေလုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ် ။

နိုင်ငံတကာနည်းတူ အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အိမ်ခြံမြေပညာများ ဒီပလိုမာ ၊ ကောလိပ်တွေ ဖွင့်လှစ်နိုင်ဖို့ စင်ကာပူနိုင်ငံ Real Centre Academy (Asia) (RCA) ကကူညီဆောင်ရွက်ပေးဖို့ ရှိတယ်လို့ သိရပါတယ် ။ ပြီးခဲ့တဲ့မေလပိုင်းမှာလည်း Asia Pacific Investment Referral Programme (APIRP) Seminar နဲ့ Council of Estate Agent ကို မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MR-ESA) က တာဝန်ရှိသူတွေက ငါးရက်ကြာတက်ရောက်ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ် ။

MRESA ပြန်ကြားရေးနှင့်ဆက်သွယ်ရေးကော်မတီက အာဆီယံနိုင်ငံများကြား အိမ်ခြံမြေလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်လုပ်ကိုင်နိုင်ရေး အဟာမိတ်ဖွဲ့ထားတဲ့ ချိတ်ဆက်မှုပဲဖြစ်ပါတယ် ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းအနေနဲ့ အာဆီယံအဖွဲ့ဝင်ရောက်နိုင်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားတယ် ၊ ဥပဒေတွေလည်း ပြဌာန်းနိုင်ဖို့ တာဝန်ရှိသူတွေက ကြိုးစားဆောင်ရွက်နေပါတယ် ၊ အိမ်ခြံမြေကို ပရော်ဖက်ရှင်နယ် လုပ်ကိုင်နိုင်ရေး လုပ်ငန်းလိုင်စင်နဲ့ လူပုဂ္ဂိုလ်လိုင်စင်တွေ ရရှိရေးလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ် ။

စက်တင်ဘာ ၉ ရက်နေ့မှာ နေပြည်တော် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းကြီးနဲ့ ဥပဒေပညာရှင်တွေ ရေးဆွဲထားတဲ့ ‘အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်း’ ကို တင်သွင်းထားပြီး ဖြစ်တယ် ။
ပြည်သူ့လွှတ်တော်ကို ဆက်လက်တင်ပြပြီး အိမ်ခြံမြေဝန်ဆောင်မှုဥပဒေထွက်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

အကျိုးဆောင်တွေအနေနဲ့ ဘာတွေပြင်ဆင်ထားပြီးကြပြီလဲ ။ ဘာသာစကားဘယ်နှမျိုးလောက် တတ်ထားကြပြီလဲ ။ စနစ်တကျ ထိန်းသိမ်းထားတဲ့ အိမ်ခြံမြေဒေတာ အချက်အလက်တွေရှိကြပြီလား ။ Customer ကို GPS နဲ့ပြလို့ရပြီလား ။ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ ဘာတွေတင်ထားပြီးကြပြီလဲ ။
အသင်းကြီးဝက်ဘ်ဆိုက်နဲ့ရော ချိတ်ဆက်ထားကြပြီးပြီလား ။ ရောင်းခြင်း ၊ ဝယ်ခြင်းလုပ်ငန်းတွေ ကျွမ်းကျင် နေကြပြီလား စတဲ့ အချက်တွေကို ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service