ဝါတွင်းပေမဲ့ တချို့နေရာတွေမှာ အငှားဈေးကွက်ဖြစ်

ဝါတွင်းပေမဲ့ တချို့နေရာတွေမှာ အငှားဈေးကွက်ဖြစ် - Property News in Myanmar from iMyanmarHouse.com
24 Aug 2016 10:00 am တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး
ဝါတွင်းကာလမှာပဲ နေရာတချို့မှာ အငှားဈေးကွက်ဖြစ်နေပြီး ငှားခဈေးအနည်းငယ် တက်တယ်လို့ သိရပါတယ်။

ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက ‘မြို့သစ်တွေနဲ့ မြို့တွင်းဆက်စပ်မြို့နယ်တွေမှာ အငှားတွေဖြစ်တယ်၊ ဈေးကလဲ အရင်ကထက် ၂၀,ဝ၀ဝ၊ ၃၀,ဝ၀ဝ တော့  ဈေးပိုတောင်းကြတာပဲ၊ ငှားတဲ့သူတွေလဲ ရှိပါတယ်၊ ဝါတွင်းဆိုပြီး အရင်လို သိပ်မရှောင်ကြတော့ဘူး”လို့ ပြောပါ တယ်။

အရင်က ဝါတွင်းကာလမရောက်ခင်သာ အငှားဈေးကွက်ကောင်းပြီး ဝါတွင်းမှာအငှားရှားကြပါတယ်။သည်နောက်ပိုင်းမှာတော့ ဝါတွင်းမှာပါ ပြောင်းရွှေ့နေထိုင်တာ တွေရှိလာတာပါ။ မြို့သစ်နဲ့ မြို့တွင်းဆက်စပ်နေရာတွေမှာ အငှားများတာက မြို့ တွင်းပိုင်းထက် ဈေးနည်းတာကြောင့်ပါ။

တချို့မြို့တွင်းဆက်စပ်နေရာတွေနဲ့ မြို့သစ်နေရာတွေမှာ အငှားဈေးတွေက မြို့ထဲနီးပါးဈေးတွေနဲ့ ငှားကြတာတွေလည်း ရှိတယ်လို့ သိရတယ်။ အငှားများတဲ့ ဈေးနှုန်းတွေက ကျပ် ၁၀ဝ,ဝ၀ဝ အောက်နဲ့ ၁၅၀,ဝ၀ဝ ဝန်းကျင်တွေ များတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင်မကေသီက ‘ဒဂုံဘက်တွေမှာတော့ အများစုက ၁၀ဝ,ဝ၀ဝ  အောက်များတယ်၊  တစ်နေ့က ငှားပေးလိုက်တာဆို တစ်လကို   ကျပ် ၉၀,ဝ၀ဝ နဲ့ ဝါတွင်းကိုပဲ အခုနောက်ပိုင်း ငှားကြတယ်၊   ပြောင်းရွှေ့ကြတာပဲ၊ အငှားကတော့ ပုံမှန်ရှိနေတာပဲ ဈေးသာငှားတဲ့ သူနဲ့ အိမ်ရှင်နဲ့ ညှိမရလို့   မငှားကြတာတွေ ဖြစ်ကြတာ”လို့ ပြောပါတယ်။

ဝါတွင်းရောက်နေပေမဲ့ အငှားဈေးကွက်ဖြစ်နေသေးတာက အကျိုးဆောင်တွေအတွက် လည်ပတ်နိုင်သေးတယ်လို့ ပြောပါတယ်။ ငှားရမ်းခတွေ တက်တာကတော့ ဖြစ်ရိုးဖြစ်စဉ်အတိုင်းဈေးကွက်သဘောတရားအရပါ။ ဈေးကတော့ အမြဲတစ်ဦးပြောင်းရင် ဈေးက   ၂၀,ဝ၀ဝ၊   ၃၀,ဝ၀ဝ ဈေးထပ်တင်ကြတာဖြစ်တယ်လို့ သိရတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service