စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ

စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
18 Aug 2016 10:46 am တွင် တင်ခဲ့သည်
1380 ကြိမ် ကြည့်ရှု့ပြီး
စကော့တလန်နိုင်ငံ၏မြို့တော် အီဒင်ဘာ့မှ ၁၅၈ မိုင်ကွာဝေးသည့်အရပ်တွင်တည်ရှိသည့် အင်ဗာနက်စ်ဟူသော မြို့ကလေးတွင် တည်ရှိသော ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက် ၀င်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာကြောင်း အင်္ဂလန်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အဆိုပါမြို့ကလေးသည် ဗြိတိန်နိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးတွင်တည်ရှိသော မြို့ငယ်ကလေးဖြစ်ပြီး လူဦးရေ ငါးသောင်းပင်မရှိသော လူနေကျဲပါးသည့် မြို့ကလေးတစ်မြို့ဖြစ်သည်။

ရောင်းချမည့်ခြံဝန်းကြီးတည်ရှိသောနေရာမှာ အင်ဗာနက်စ်မြို့ကလေး၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ၊ Cairngorm အမျိုးသားပန်းခြံဘေးတွင် တည်ရှိသည်။

အဆိုပါနေရာသည် ဥရောပ၌ ဆယ်လ်မွန်ငါးဖမ်းရန် အကောင်းဆုံးနေရာများတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး တောကြက်ဖမ်းရန် စားကျက်နှစ်ခုပါဝင်ပြီး ငှက်ပစ်ရန်လည်း အလွန်ကောင်းမွန်သည်ဟု ဆိုသည်။

အဆိုပါနေအိမ်ကြီးသို့ နာမည်ကျော်ပုဂ္ဂိုလ်များ လာရောက်လည်ပတ်ဖူးရာ အက်ဒ်ဝပ်ဘုရင် VII ၊ ဂျော့ဘုရင် V ၊ ဂျော့ဘုရင် VI ၊ အမေရိကန်သမ္မတ သီအိုဒို ရုစဗဲ့နှင့် ဘယ်လ်ဂျီယမ်ဘုရင် လီယိုပိုတို့ အပါအ၀င်ဖြစ်သည်။
စကော့တလန်တွင် နေအိမ်တစ်လုံး၏ အများဆုံးပျှမ်းမျှပေါက်ဈေးမှာ ပေါင် ၅ သန်းခန့်ဖြစ်ရာ ယခုဈေးနှုန်းမှာ စကော့တလန်တွင် အမြင့်မားဆုံးဈေးနှုန်းဖြစ်လာသည်။

ယင်းခြံဝန်းကြီးကို ရောင်းချရန်အတွက် နာမည်ကျော် ဗြိတိန်အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ Savills သို့ အပ်နှံထားခြင်း ဖြစ်ပြီး အမဲလိုက်၊ ငှက်ပစ်ဝါသနာပါသော သန်းကြွယ်သူဌေးများအတွက် အလွန်သင့်လျော်သော နေရာတစ်ခု ဖြစ်သည်။

အဆိုပါနေအိမ်ခြံဝန်းကြီးကို ပိုင်ဆိုင်သည်မှာ လစ်ခ်ျဖီးလ်မိသားစုဖြစ်ပြီး လွန်ခဲ့သော ၂၃ နှစ်တာလုံး ယင်းနေအိမ်ကြီး၏ ယာတောအိမ်များ၊ အမဲလိုက်ကွင်းများကို ပြုပြင်မွမ်းမံခဲ့ကြသည်။

အလွန်ကျယ်ဝန်းလှသော ခြံဝန်းကျယ်ကြီးအတွင်း သစ်သီးဝလံပင်များစုံလင်စွာ စိုက်ပျိုးပါရှိသည့်အပြင် မီးဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စိုက်ခင်းများလည်း ပါဝင်သည်။

ခေါ်ဈေးမှာ ပေါင် ၂၅ သန်း (ကန်ဒေါ်လာ ၃၂ သန်း) ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
စကော့တလန်တွင် ဧက၂၁၀၀၀ ကျယ်ဝန်းသောခြံမြေနှင့်နေအိမ်ကြီး ပေါင် ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာရာ စကော့တလန်၌ ဈေးအကြီးဆုံးနေအိမ်ဖြစ်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service