ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
29 Jul 2016 10:43 am တွင် တင်ခဲ့သည်
1117 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ်သည် ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်ရောက်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် အမေရိကန်ပန့်ဂီတ၀ိုင်း Good Charlotte မှ လိဒ်ဂစ်တာသမား ဘင်ဂျီမက်ဒန်နှင့် ယခုနှစ်မေလအတွင်းက လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်တည်ရှိရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၏ နာမည်ကျော် ဂရင်းဝစ်ရွာတွင် ဖြစ်သည်။

နေအိမ်အတွင်းတွင် အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး ဟောလိဝုဒ်၏ အကျော်ကြားဆုံးအမျိုးသမီးတစ်ဦး မည်သို့နေထိုင်သည်ကို တွေ့မြင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။

ယင်းနေအိမ်ကြီးကို ပြန်လည်ဒီဇိုင်းရေးဆွဲမွမ်းမံပေးခဲ့သူမှာ နာမည်ကျော်တို့၏ လက်စွဲဒီဇိုင်နာ ကယ်လီဝယ်စတယ်လာဖြစ်သည်။

အကျယ်အ၀န်းစတုရန်းပေ ၁၄၀၀ ရှိသော အဆိုပါနေအိမ်သည် ဂရင်းဝစ်ရွာ၏ တစ်ခုတည်းသော စစ်ကြိုခေတ်အဆောက်အအုံလည်း ဖြစ်သည်။

ညစာစားခန်းသည် နေအလင်းကောင်းစွာရရှိသော ဧည့်ခန်းနှင့် တစ်ဆက်တည်းတည်ရှိပြီး ဧည့်ခန်းအတွင်း ထင်းသုံးမီးလင်းဖိုလည်း ပါဝင်သည်။

ဆင်စွယ်ရောင်လွှမ်းသောဧည့်ခန်းအတွင်း ကင်မရွန်းဒိုင်ယက်ဇ်နှင့် အမေရိကန်ရုပ်သံဇာတ်လမ်းတွဲ Charlie’s Angels မှ သရုပ်ဆောင်များဖြစ်သည့် လူစီလီယူ၊ ဒရူးဘယ်ရီမိုးတို့နှင့်အတူ ၀ိုင်သောက်ရင်း ပျော်ရွှင်ခဲ့သည့်နေ့ရက်များစွာ ရှိခဲ့ဖူးသည်။

နေအိမ်ကြီးအတွင်း အရောင်စုံလင်စွာသုံးထားပြီး မီးဖိုဆောင်မှာ ကျောက်စိမ်းရောင်၊ အိပ်ခန်းမှာ ကော်ဇောနီ၊ အ၀တ်အစားထားသိုသည့် ဗီရိုခန်းများနှင့် ရေချိုးခန်းမှာ ရွှေအိုရောင်ဖြစ်သည်ကို တွေ့ရသည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် အဆိုပါနေအိမ်ကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့်သာ ရောင်းထွက်ခဲ့မည်ဆိုပါက ကန်ဒေါ်လာ တစ်သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် နယူးယောက်မြို့တွင် မကြာသေးမီကပင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ ဒသမ ၅၂ သန်းဖြင့် ၀ယ်ယူခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်သရုပ်ဆောင် ကင်မရွန်ဒိုင်ယက်ဇ်၏ နေအိမ် ကန်ဒေါ်လာ ၄ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service