ကျွန်တော်တို့ ဘာ့ကြောင့် မအောင်မြင်ကြသေးတာလဲ ?

ကျွန်တော်တို့ ဘာ့ကြောင့် မအောင်မြင်ကြသေးတာလဲ ? - Property Knowledge in Myanmar from iMyanmarHouse.com
19 Jul 2016 11:32 am တွင် တင်ခဲ့သည်
2101 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အောင်မြင်တယ်ဆိုတာကို အဘိဓာန်မှာရှာကြည့်တော့"ရည်မှန်းချက်များ ပြီးမြောက်ခြင်း" လို့ ဆိုပါတယ်။

ဒီနေရာမှာ အောင်မြင်တယ်ဆိုတာကို ကျွန်တော်အနေနဲ့ အဓိပ္ပာယ် ပိုပြီးလေးနက်သွားအောင်..

**ကိုယ့်ရဲ့ရည်မှန်ချက်များ အချိန်မီ ပြီးမြောက်သွားခြင်း လို့ ဆိုပါရစေ...**

+++++++++++++++++++++++++++++++++++++
ခင်ဗျားတို့ ကို ကျွန်တော် လေ့ကျင့်ခန်းတစ်ခုပေးမယ်...

ကိုယ်တကယ် ဖြစ်ချင်တဲ့ ရည်မှန်းချက်နှစ်ခုလောက်ကိုစာရွက်တစ်ရွက်ပေါ်မှာ
စကားလုံးကြီးကြီးနဲ့ ရှင်းလင်းပီသစွာချရေးကြည့်ပါ။

ဥပမာ...ကျွန်တော်ရေးထားတာတစ်ခု နမူနာပေးမယ်။

၁) ငါ ဟာဝိုင်ယီကျွန်းသွားလည်ချင်တယ်...
၂) ငါ သန်းကြွယ်သူဌေး ဖြစ်ချင်တယ်...

ဒါပဲ ဆိုရင်တော့ ရည်မှန်းချက်တွေလို့ မခေါ်ပါဘူး။အိပ်မက် သက်သက်တွေပဲလို့ ပြောလိုက်ပါရစေ။

ဥပမာ မိတ်ဆွေက အထည်ချုပ်လုပ်ငန်း လုပ်တယ်ဆိုပါစို့ ။
ကျွန်တော်က ရှပ်အင်္ကျီနဲ့ စတိုင်ဘောင်းဘီ တစ်ထည်စီကို ချုပ်ဖို့  အော်ဒါမှာမယ်ဗျာ။

ဒါဆိုရင် မိတ်ဆွေက ပထမဆုံး ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာ"အတိုင်း" ကိုယူရမယ်။
ကျွန်တော် ကြိုက်နှစ်သက်တဲ့ ပုံစံကို မေးရမယ်။ဒါတွေကို အတိအကျ မှတ်တမ်းလုပ်ရမယ်။
ပြီးရင် ကျသင့်ငွေကို ဘောင်ချာဖြတ်ပြီး ကျွန်တော့်ကို ပေးမယ်။
စပေါ်တင်ဖို့ လိုရင် ဘယ်လောက်လိုကြောင်း၊ကြိုတင်ပြီး ဘယ်လောက်ပေးထားဆိုလည်း ပေးထားရမှာပေါ့။
နောက်ဆုံးမှာတော့ ဘယ်နေ့ နောက်ဆုံးထားပြီး လုပ်ပေးမယ်ဆိုတဲ့ ရက်ချိန်းပေးမယ်။

အဲ့ဒီလို ပန်းတိုင်အတိအကျသတ်မှတ်ပြီး လုပ်ငန်းလုပ်ရပါတယ်။
+++++++++++++++++++++++++++++++++++++++++++

ကျွန်တော်တို့ ဘ၀မှာပြန်ပြီးသုံးသပ်ကြည့်ရင်.....

ငယ်ငယ်က စာမေးပွဲဆိုတဲ့ ရက်တွေ အတိအကျသတ်မှတ်ပြီး စာမေးပွဲတွေ တစ်ခုပြီးတစ်ခုဖြေခဲ့ရင်း ကျောင်းပြီးအောင်တက်ခဲ့ကြတယ်။

ဒါပေမယ့် မိခင် ကျောင်းတော်ကြီးကိုကျောခိုင်းလို့ ဘ၀ဆိုတဲ့ ကျောင်းတော်ကြီးလည်း ရောက်ရော
တစ်ယောက်နဲ့ တစ်ယောက်ဟာ မတူကြတော့ဘူး။

ကျောင်းတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်ပြီး အတန်းထဲမှာထိပ်တန်းအမှတ်ရနေတဲ့သူကလည်း စီးပွားရေး ချွတ်ခြုံကျလို့ တက်စီမောင်းချင်မောင်းနေမယ်။

အတန်းထဲ ဘိတ်ချီးပဲ ရတဲ့သူဟာလည်း ကုမ္ပဏီ ပိုင်ရှင်သူဌေးမင်းကြီးဖြစ်ချင်ဖြစ်နေလိမ့်မယ်။

ဟိုလိုလို ဒီလိုလို လူမျိုးတွေလည်း ကျောင်းပြီးလို့ ဘ၀မှာလောကဓံအဆိုးတွေကြုံပြီး
သာသနာ့ ဘောင်ကို အပြီးဝင်လို့ တရားဟော ဓမ္မကထိက အကျော်အမော်တွေ ဖြစ်ချင်ဖြစ်နေမယ်။

တစ်ချို့ လည်း အိမ်ထောင်ရေး အရှုပ်အထွေးဖြစ်တဲ့သူဖြစ်..အရက်သမား၊
ဆေးသမားဖြစ်တဲ့သူလည်းဖြစ်နေမှာပေါ့ဗျာ။

ဒါတွေဟာ မတော်တဆ ဘ၀ပေးကုသိုလ်ကံကြောင့်ဆိုပြီး
ကံတရားကို ခင်ဗျား လက်ညှိုးထိုးပြီး အပျင်းကမ္ဘာလေးထဲမှာပဲ နေတော့မှာလား??

ဒါဆိုရင်တော့ အောက်ကစာတွေကို ဆက်ဖတ်ဖို့ လုံးဝမလိုတော့ဘူးလို့ ပြောပါရစေ။
အပျင်းကမ္ဘာထဲက နေရုန်းထွက်ချင်သူတွေကတော့ အောက်ကစာတွေကို ဆက်ဖတ်နိုင်ပါပြီ။
++++++++++++++++++++++++++++++++++++++++++++++++++
********************************************************************************

တကယ်တော့ စာသင်ခန်းဆိုတဲ့ ကျောင်းတော်ကြီးကို ကျောခိုင်းလိုက်တဲ့
နောက်မှသာ ကျွန်တော်တို့ ဘ၀ အမှန်စကြရတာပါ။

ခုနကကျွန်ေတာ်ချရေးထားတဲ့ နှစ်ခုကို ပြန်ကြည့်ရအောင်ပါ။

၁) ငါ ဟာဝိုင်ယီကျွန်းသွားလည်ချင်တယ်...
၂) ငါ သန်းကြွယ်သူဌေး ဖြစ်ချင်တယ်...

Deadline လို့ ခေါ်တဲ့ ဖြစ်မယ့် အချိန်နေရာ အတိအကျမရှိတဲ့ အတွက် ဒီအဆိုနှစ်ရပ်စလုံးဟာ တကယ်တော့ အိပ်မက်တွေပဲဖြစ်တယ်။

လူအတော်များများဟာ အဲ့ဒီ အိပ်မက်ကမ္ဘာထဲမှာပဲနေပြီး မရုန်းထွက်ကြတော့ပဲ တစ်သက်လုံးပျော်ပျော်ပဲနေသွားကြတယ်။
အကောင်အထည် မဖော်ဖြစ်ဘူးပေါ့ဗျာ။

အိပ်မက်မက်တယ် အိပ်မက်တယ်...

စိတ်ကူးယဉ်တယ်။ ဒါနဲ့ ပဲ သေသွားကြတယ်...

ဒါဟာဘာကြောင့်လည်းဆိုရင် ဖြစ်ရမယ့် နေ့ စွဲကို အတိအကျမသတ်မှတ်လို့ ဖြစ်တယ်။

ကိုယ်ဖြစ်ချင်တဲ့ရက်ကို အဲ့သလို မသတ်မှတ်တော့ ကိုယ်ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မမြင်တော့ဘူး။

အမြင် မရှင်းတဲ့ အတွက် အတွေးတွေဟာေ၀၀ါးနေတာဖြစ်တယ်။

အတွေးတွေဟာ မရေရာလို့ ပြုလုပ်ဆောင်ရွက်ချက်ဟာလည်း မလိုက်လာတော့ဘူး။ အလွဲလွဲအချော်ချော်တွေ ဖြစ်သွားကြတာပဲ။

ဒီအဆိုနှစ်ရပ်ကို ဒီလိုလေးပြောင်းကြည့်ရအောင်။

(၁) ၂၀၁၇ သြဂုတ်လ၂၁ရက်မှာ ဟာဝိုင်ယီကျွန်းကိုငါရောက်အောင်သွားမယ်။ ငါ့မိဘနှစ်ပါးကို ခေါ်ပြီးသွားမယ်။
(၂) အသက်၄၀မှာ ငါဟာ သန်းကြွယ်ချမ်းသာလာရမယ်။
ဝင်ငွေ ငါးခုလောက်ရှိပြီး အနည်းဆုံး ကန်ဒေါ်လာငါးသန်းပိုင်ဆိုင်တဲ့လုပ်ငန်းရှင်ဖြစ်ရမယ်။

ကယ်ခုနကပြောခဲ့တာနဲ့ ဘယ်လိုမှ မတူတော့ဘူး ..
လုံးဝပြောင်းသွားပြီ...ချရေးလိုက်တာနဲ့ တိကျတဲ့ ပုံရိပ်တွေဟာ
ရှင်းရှင်းလင်းလင်းဖြစ်သွားတာတွေ့ ရမယ်။လုပ်ချင်ကိုင်ချင်စိတ်တွေ ဆူပွက်လာမယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာက
မိတ်ဆွေတို့ ရဲ့ အနှစ်နှစ်အလလ မှိုတက်နေပြီး အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်တွေကို ချရေးပါ။
စာလုံးကြီးကြီးနဲ့ ရှင်းလင်းအောင်ရေးပါ။ကန့် သတ်ရက်အတိအကျသတ်မှတ်ပါ။ပြီးရင် ...
ကိုယ်မြင်နိုင်မယ့် နေရာမှာထားလို့ တစ်ခုပြီးတစ်ခု စတင် အကောင်အထည်ဖော်ပါ။

အဲ့သလို အတိအကျ ကိုယ်ဘာလုပ်ရမယ်သိတဲ့သူဟာ
ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါနဲ့ နှိုင်းယှဉ်စရာလို့ လည်းမမြင်တော့ဘူး။
ငါသည်သာ ငါ့ရဲ့ အကောင်းဆုံးပြိုင်ဖက်ဖြစ်တယ်ဆိုတာ နားလည်လာမယ်။
မနာလို ၀န်တိုမှုတွေလည်း ကင်းသွားတယ်။
နေရတဲ့ ဘ၀ဟာပိုပြီး လေးနက်လာမယ်။ အဓိပ္ပာယ်ပြည့်ဝလာမယ်။

အောင်မြင်ပျော်ရွှင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ပါစေ။

Credit: Thein Htet Soe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service