မြေပြင်မှ ဝေဟင်သို့ ပျံသန်းခဲ့သော ငှက်တစ်ကောင်

မြေပြင်မှ ဝေဟင်သို့ ပျံသန်းခဲ့သော ငှက်တစ်ကောင် - Property Knowledge in Myanmar from iMyanmarHouse.com
15 Jul 2016 2:12 pm တွင် တင်ခဲ့သည်
4354 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အနောက်တိုင်းဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး မိုက်ခရို ဖုန်းကိုင်ကာ လူအများရှေ့တွင် ပြုံးရွှင်စွာ စကားပြောနေ သည့် အသက် ၃၅ နှစ်ခန့်ရှိလူတစ်ဦး။ အနောက်တိုင်းဝတ်စုံ ကိုဝတ်ဆင်ထားသော်လည်း ထိုသူက နားထောင်နေသူများကို မြန်မာစကားဖြင့် ပြောကြားနေသည်။ သူ၏မျက်နှာပြင်မှာ ဝိုင်းစက်သည့် သဏ္ဌာန်ရှိပြီး အသားဖြူသည့် အတွက် မြန်မာစကားပြော ဆိုခြင်းမရှိ လျှင် တရုတ်လူမျိုးဟု ထင်မြင်စရာရှိသော်လည်း သူသည် မြန်မာ လူမျိုးပင်ဖြစ်သည်။

သူ၏ပြောစကားကို နားထောင်နေသူများကလည်း အံ့သြခြင်း၊ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း စသည့်အမူအရာများ ၄င်းတို့၏ မျက်နှာ သွင်ပြင်တွင် ထင်ဟပ်လျက်ရှိနေသည်။ သူကတော့ အခြားသူမဟုတ်။ မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်အနည်းငယ်အတွင်းမှ နာမည်ကြီး လာခဲ့သည့် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်ပိုင်ရှင် သူဌေးလေး ပင် ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့မှာ သူ့ကိုမွေးဖွားခဲ့ ပြီး သူ၏ဖခင်က နာရီပြင်ဆိုင်လေးဖွင့်ကာ မိသားစုကို ရှာဖွေကျွေး မွေးခဲ့ပါသည်။ သူဆယ်တန်းအောင်မြင်သည့်အချိန်တွင် ကံကောင်း စွာဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်ကျောင်းတက်ခွင့်ရရှိခဲ့ပါသည်။ စင်ကာပူနိုင်ငံကိုရောက်ရောက်ချင်း ဘာသာစကားအခက်အခဲ၊ လူ နေထိုင်မှုပုံစံကွဲလွဲနေသည့် အခက်အခဲများအပြင် ဘဝခါးသီးသည့် ဒဏ်များကို ကျော်ဖြတ်ကာ ရပ်တည်ရပါတော့သည်။

မိဘများက နွမ်းပါးသည့်အတွက် သူ့ကို ကျောင်းစရိတ်ထောက်ပံ့ နိုင်ခြင်းမရှိခဲ့ချေ။ ကျောင်းစရိတ်ရရှိရန်ရုန်းကန်ခဲ့ရပုံကို သူက ''မီးဖို ချောင်အကူ၊ ပန်းကန်ဆေး၊ စားပွဲထိုး၊ အရောင်းသမားစတဲ့အလုပ် မျိုးစုံကို ကျွန်တော်လုပ်ခဲ့ပါတယ်''ဟုပြောဆိုပါသည်။ ထိုကဲ့သို့ လှုပ် ရှားရုန်းကန်နေရင်းကပင် တစ်ခါ သူ့တွင် ပိုက်ဆံလုံးဝပြတ်သွားခဲ့သည့်အတွက် ဆေးဝါးသုတေသနလုပ်သည့်ကုမ္ပဏီတစ်ခုမှာ သူ့ ခန္ဓာထဲကသွေးကို ဒေါ်လာ ၃ဝ ဖြင့် ထုတ်ရောင်းကာ ငွေရှာခဲ့ရသည် ဟု သူက ကြေကွဲဝမ်းနည်းစွာ ပြောပြပါသည်။

ထိုကဲ့သို့ ဘဝ၏ခက်ခဲမှုဒဏ်များကိုကျော်ဖြတ်ရင်း သူ့တွင်စုဆောင်း ငွေ ဒေါ်လာတစ်ထောင်နီးပါး ရရှိလာခဲ့သည်။ အဆိုပါငွေအား အ ရင်းအနှီးပြုလုပ်ပြီး သူ၏ပထမဆုံးကိုယ်ပိုင်လုပ်ငန်းအဖြစ် ဝက်ဘ် ဆိုက်ရေးဆွဲသည့်လုပ်ငန်းကို Zillion Tech.com အမည်ဖြင့် စတင် တည်ထောင်ပါတော့သည်။ လုပ်ငန်းတည်ထောင်ပြီးသော်လည်း ရုံး ခန်းလိုအပ်သည့်အတွက် စင်ကာပူနိုင်ငံ၊ ဘုဂျစ်(Bugis)နားက ၇ ပေx၁ဝပေ အခန်းလေးတစ်ခုကိုငှားပြီး သူစတင်အလုပ်လုပ်ပါတော့ သည်။ ထိုအခန်းလေးတွင် စားပွဲသေးသေးတစ်လုံးနှင့် ကုလားထိုင် တစ်လုံးသာပါဝင်ပြီး သူနေထိုင်ရာအရပ်နှင့် ဝေးကွာသည့်အတွက် အခန်းပိုင်ရှင်ကိုအသနားခံပြီး နေထိုင်ခွင့်ရရန် တောင်းဆိုခဲ့သော ကြောင့် နေထိုင်ခွင့်ပေးခဲ့သည်ဟုဆိုပါသည်။

ထိုအခန်းမှာပင် သူဖြစ်သလိုနေထိုင်ခဲ့ရပြီး အိပ်စက်ခဲ့ရပုံကို လည်း သူက ''အဲဒီအခန်းရဲ့ကြမ်းပြင်မှာ တာလပတ်ခင်းပြီး ကျွန်တော် အိပ်ခဲ့ရတာပေါ့''ဟုပြောပြပြီး အဆိုပါအခန်းကျဉ်းလေးတွင် ရေချိုး ခန်းမရှိသည့်အတွက် ''အိမ်သာထဲက ရေဆေးတဲ့ပိုက်နဲ့ ရေချိုးခဲ့ရ တယ်။ ထမင်းအတွက်လဲ ကျွန်တော်ခေါက်ဆွဲခြောက်တွေချည်းပဲ တစ်လလုံး စားခဲ့ရပါတယ်'' ဟု ရိုးသားစွာပြောပြပါသည်။ ထိုကဲ့သို့ နေထိုင်ကာ အလုပ်လုပ်ခဲ့သော်လည်း နောက်တစ်နှစ်ခန့်ကြာသည် အထိ သူ၏လုပ်ငန်းက ဝင်ငွေပုံမှန်မရှိခဲ့ဘဲ ဘဏ်စာရင်းလက်ကျန် ငွေမှာ မကြာခဏကုန်သွားတတ်တာကြောင့် ရုံးခန်းခပင်ပေးနိုင်ခြင်း မရှိခဲ့ဟု သူက ဆက်လက်ပြောဆိုပါသည်။ ထို့ကြောင့် ရုံးခန်းပိုင်ရှင် ထံတွင် ထပ်မံအသနားခံကာ အလကားနေခွင့်ရရန် တောင်းဆိုခဲ့ ပြီး ပိုင်ရှင်တွင်ရှိသည့်အခန်းများအား သန့်ရှင်းရေးလုပ်ပေးခြင်း၊ လက်တိုလက်တောင်းလုပ်ပေးခြင်းဖြင့် နေထိုင်ခွင့်ရရှိခဲ့ပြန်သည်။

အဆိုပါဒဏ်များကို ကြံ့ကြံ့ခံရင်း သူ၏ယုံကြည်မှုကို ဆက်လက် ဆုပ်ကိုင်ပြီးရပ်တည်လာခဲ့ရာ ၂ဝဝ၉ ခုနှစ် စက်တင်ဘာတွင် သူ ၏ဘဝကို ပြောင်းလဲရန်လမ်းစတစ်ခုကို သူစတင်တွေ့ရှိခဲ့ပါတော့ သည်။ အဲဒီလမ်းစတစ်ခုကိုဆုပ်ကိုင်ရင်း ဘဝမှာအကောင်းဆုံးနေ ထိုင်ရမည့်နည်းလမ်းများ၊ ဘဝအတွက်အောင်မြင်ရန်နည်းလမ်းများ ကိုနားလည်ခဲ့ပြီးနောက် ကြိုးစားခဲ့ရပုံကို သူက ''စီးပွားရေးမြန်မြန် ဆန်ဆန်တိုးတက်ရမယ့်နည်းလမ်းကိုတွေ့ပြီးတော့ ၂ဝဝ၉ ခုနှစ်အထိ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့်ဖြစ်တဲ့ဘဝကနေ နောက်တစ်နှစ် ၂ဝ၁ဝ ထဲမှာတော့ ကျွန်တော့်ရဲ့လုပ်ငန်းအမြတ်ငွေက တစ်လကို ဒေါ်လာ သုံးသောင်းကျော်အထိ ဖြစ်လာပါတယ်''ဟု ပြောပြသည်။

''ကြိုးစားသူ၏ လက်တစ်ကမ်းအကွာတွင် အောင်မြင်မှုပန်း တိုင်ရှိမည်''ဆိုသည့်စကားအတိုင်း သူသည် ပန်းတိုင်ရှိရာဆီသို့ မမှိတ် မသုန်လျှောက်လှမ်းရင်း နောင်နှစ်နှစ်အကြာ ၂ဝ၁၂ တွင် ဒေါ်လာ တစ်သန်းကျော်တန် ကွန်ဒိုမီနီယံတစ်လုံးကို စင်ကာပူနိုင်ငံတွင် ဝယ် ယူနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ တွင် ၄င်းလုပ်ငန်းငါးခုရှိနေပြီး မြန်မာနိုင်ငံ၌ iMyanmarHouse.com ဆိုသည့် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်တွင် မန်နေဂျင်း ဒါရိုက်တာအဖြစ် အချိန်ပေးလုပ်ကိုင်လျက်ရှိကာ မြန်မာနိုင်ငံလုပ် ငန်းရှင်များအကြားတွင် ဦးနေမင်းသူဆိုသည့်အမည်တစ်ခုမှာလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

သူ၏အကြောင်းကို ထုတ်ဖော်ပြောကြားရသည်မှာလည်း ကြွားဝါ လိုသည့်စိတ်မရှိဘဲ အောင်မြင်ရန်နည်းလမ်းကိုသိပြီး လိုက်နာကျင့် သုံးနိုင်သည့် လူတစ်ယောက်ဘဝအတွက် တစ်နှစ်အတွင်း လုံးဝ ပြောင်းလဲသွားနိုင်သည်ကို လူငယ်များ နမူနာယူလိုသည့်ဆန္ဒဖြင့် ပြောကြားလိုခြင်းကြောင့်သာဖြစ်သည်ဟု ၄င်းက ပြောဆိုသည်။

''မီလျံနာတစ်ယောက်ဖြစ်ဖို့ ကျွန်တော့်အတွက် အချိန်သုံးနှစ် ကြာခဲ့ပါတယ်။ နောက်ထပ် မီလီယံဒေါ်လာတွေရှာဖို့ဆိုတာ အများ ကြီး လွယ်ကူသွားပါပြီ''ဟုလည်း ၄င်းက ဆိုပါသည်။

၂ဝ၁၂ ခုနှစ်ကုန်တွင် မြန်မာနိုင်ငံကိုအလည်ပြန်လာရင်း မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ရောက်ရှိရာတွင် မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်း အမြစ်များများစွာရှိ သည်ကိုတွေ့ခဲ့ရသည်ဆို၏။ အဆိုပါလူ့စွမ်း အားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးနိုင် ပြီး စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုက်မည်ဆိုပါက တိုင်း ပြည်အတွက်၊ လူငယ်များအတွက် တိုးတက်နိုင်သည်ကို မြင်တွေ့ခဲ့ သောကြောင့် စင်ကာပူနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်း များအားထားခဲ့ပြီး မြန်မာနိုင်ငံသို့ အပြီးတိုင်ပြန်လာခဲ့ပြီဖြစ်ကြောင်း ဦးနေမင်းသူက ရှင်းပြပါသည်။

၂ဝ၁၃ ခုနှစ်တွင် iMyanmarHouse.com ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်ကာ အဓိကလုပ်ငန်းအဖြစ် အွန်လိုင်းမှအိမ်ခြံမြေ ရောင်းဝယ်ငှားများအတွက် ဝန်ဆောင်မှုပေးနေပြီး ၄င်း၏ဝက်ဘ် ဆိုက်နှင့်ချိတ်ဆက်ကာ လုပ်ဆောင်နေသည့်ကုမ္ပဏီ ၃၅ဝ ကျော်ရှိ နေပြီဖြစ်သည်ဟုလည်း ရှင်းပြပါသည်။

မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံသားလူရွယ်တစ်ဦးက စီး ပွားရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်သည့်က ဂုဏ်ယူစရာ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအကြားသည် စွန့်ဦးတီ ထွင်လုပ်ငန်းရှင် ဦးနေမင်းသူကဲ့သို့ အနိမ့်ဆုံးအခြေအနေလွယ်ရင်း အမြင့်ဆုံးသို့ပျံသန်းနိုင်သော သူရဲကောင်းများဖြစ်ကာ အမှန်တကယ် လိုအပ်နေသည် မဟုတ်ပါလား။

Credit : Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service