တရားမ၀င် နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင် အများအပြားကို MIC သို့ စာရင်းအတိအကျဖြင့် တိုင်ကြားမည်ဟုဆို

တရားမ၀င် နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင် အများအပြားကို MIC သို့ စာရင်းအတိအကျဖြင့် တိုင်ကြားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
24 Jun 2016 10:31 am တွင် တင်ခဲ့သည်
1199 ကြိမ် ကြည့်ရှု့ပြီး
တရားမ၀င် နိုင်ငံခြားသား အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်း များကို စာရင်းကောက်ယူထားရာ နှစ်လအတွင်း ရာဂဏန်းခန့်ရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအ သင်းမှ သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်အထိ စာရင်း ကောက်ယူထားမှုအရ ရာဂဏန်း ခန့်ရှိနေပြီး အများစုသည်သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပစသည့် မြို့နယ်များတွင် မည်သည့်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကုမ္ပဏီလိုင်စင်မရှိဘဲ လုပ်ကိုင်နေသော နိုင်ငံခြားသားအိမ်ခြံမြေအကျိုးဆောင်
များဖြစ်ကြောင်း စာရင်းကောက်ယူရာ၌ ပါဝင်သည့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

စာရင်းကောက်ယူမှုကို ယခု လအပြီးပြုလုပ်မည်ဖြစ်ပြီး အရေ အတွက် အတိအကျကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ သတင်းပေး တိုင်ကြားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားသည်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက ပြည်တွင်းလုပ်ငန်းရှင်များနှင့်သာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ဖော်ပြထားသည်။

လုပ်ကိုင်လိုပါက တရားဝင် လိုင်စင်ရရှိရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့ တင်ပြ၍ တရားဝင်လိုင်စင် လျှောက်ထားကာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း အတည်ပြုပြဋ္ဌာန်းထားသည်။

‘‘အခု လာလုပ်နေတဲ့သူတွေ က သူတို့နိုင်ငံက နိုင်ငံသားလာရင် သူတို့လူအချင်းချင်းပေါင်းပြီး မြေ ၀ယ်၊ တိုက်ခန်းဝယ် လုပ်ကြတာ။ နိုင်ငံခြားသားကလည်း သူတို့လူ အချင်းချင်းဆို ပိုယုံကြည်တဲ့ သ ဘောဖြစ်နေတယ်။ အခု လုပ်နေ တာက တကယ်တမ်းတော့တရား မ၀င်ပါဘူး။ ပြည်တွင်းက အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းရှင် တွေကိုလည်း ပိုထိခိုက်ပါတယ်’’ ဟု ဦးစိုင်းခွန်နောင်က ဆိုသည်။

နိုင်ငံခြားသားလုပ်ငန်းရှင်များ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားမှုသည် မေလအထိ စာရင်းများအရ ၃၅ ခုရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service