လူ့စွမ်းအားအရင်းအမြစ် လမ်းလွဲတွင်နွံမနစ်စေလိုပါ

လူ့စွမ်းအားအရင်းအမြစ် လမ်းလွဲတွင်နွံမနစ်စေလိုပါ - Property News in Myanmar from iMyanmarHouse.com
21 Jun 2016 10:52 am တွင် တင်ခဲ့သည်
1437 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေးမြို့တော် ရန်ကုန်တွင် အထပ်မြင့်အဆောက်အအုံ များကို မူဝါဒအသစ်များချမှတ်ပြီးမှ ဆက်လက်ဆောက် လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက်က မူအားဖြင့်ခွင့်ပြုခဲ့သော အဆောက်အအုံများ ကိုလည်း ခေတ္တ ရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း သတင်းများထွက် လာသောအခါ အထပ်မြင့်အဆောက်အအုံ တို့ ဆောက်လုပ် ရန် အားခဲထားသည့် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ လုပ်ငန်းလည်ပတ်မှုအရှိန် တန့်သွားရသည်။ မည်သို့မည်ပုံ ဆက်လက်စခန်းသွားရမည်ကို အကဲခတ်နေစဉ် ကာလ တစ်လျှောက်လုံး ရပ်ဆိုင်းထားရသည့်လုပ်ငန်းတစ်ခုလုံး သက်ဝင်လှုပ်ရှားခြင်းမရှိနိုင်သဖြင့် ထိုလုပ်ငန်းများနှင့် တိုက်ရိုက်ထိတွေ့သက်ဆိုင်နေသူအားလုံး ထိခိုက်မှု များကြုံရသည်။

လုပ်ငန်းတစ်ခုရပ်ဆိုင်းသွားသည်ဆိုလျှင် ထိခိုက်မှုအရှိဆုံးမှာ အောက်ခြေမှ လစာနည်းဝန်ထမ်းများ ဖြစ်ကြသည်။ ထိပ်ပိုင်းပုဂ္ဂိုလ်များ၊ အလယ်အလတ်အဆင့်မှပုဂ္ဂိုလ်များအဖို့ သူ့အတိုင်းအတာနှင့်သူ ထိခိုက်မှုရှိသည့်တိုင် အောက်ခြေ၀န်ထမ်းများလောက်တော့ အထိနာသည်မဟုတ်။ စားဝတ်နေရေးအတွက် မနိုင်ဝန်ထမ်းရာတွင် ခရိုခရိုင်ခြေလှမ်းများဖြင့် မနည်းကျားကန်နေရသော အောက်ခြေ၀န်ထမ်းများအတွက်မူ ထမင်းအိုးကွဲသည့်အလား ထိခိုက်မှုပမာဏ ကြီးမားလှစွာ၏။ အခိုင်အမာရှိထားနှင့်ပြီးသော မြန်မာ့ ဆိုရိုးစကား အခိုင်းအနှိုင်းအရ ပြောရလျှင် သူဌေးသင်္ဘောမှောက်သည်ထက် သူတောင်းစား ခွက်ပျောက်ရသည်က ပိုအထိနာသည်ဟူ၍။

တကယ်တော့ အထပ်မြင့်အဆောက်အအုံ တစ်ခု ဆောက် လုပ် ခွင့်ရရန်မှာ ချက်ချင်းလက်ငင်းဖြစ်လာသည်မဟုတ်။ အဆင့်များစွာကျော်ဖြတ်အောင်မြင်ပြီးမှ ဆောက်လုပ်ခွင်ရခြင်းဖြစ်သည်။ စစ်ဆေးမှုများ၊ ဆန်းစစ်မှုများကို ကျော်ဖြတ်နိုင်စွမ်းရှိရသည်။ ဆောက်လုပ်ခွင့်အတွက် Proposal အောင်မြင်ရန်ပင် အချိန် ခြောက်လခန့်ယူရသည်။ ပထမဦးစွာ ဆောက်လုပ်မည့်နေရာနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမည့်သူသည် မြေ၀ယ်ခြင်း၊ သို့မဟုတ် မြေငှါးခြင်းကို မျြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ အတည်ပြုသည်အထိ စောင့်ဆိုင်းရသည်။ ထို့နောက် အဆောက်အအုံပုံစံထုတ်ရန် ဗိသုကာငှါးရမ်းခြင်း၊ လိုင်စင်အင်ဂျင်နီယာငှါးရမ်းခြင်း၊ လိုင်စင်ကန်ထရိုက်တာ ငှါးရမ်ခြင်းနှင့် M & E အင်ဂျင်နီယာငှါးရမ်းခြင်းတို့ ပြုရသည်။ ယင်းလုပ်ငန်းစဉ်များပြီးလျှင် မြို့တော့စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တို့၏ ထောက်ခံအတည်ပြုချက်များ ရအောင် စောင့်ဆိုင်းရသည်။

ထိုသို့ သက်ဆိုင်ရာဌာနများ၏ စံချိန်စံညွှန်းသတ်မှတ် ချက်များနှင့် ကိုက်ညီသော ထောက်ခံအတည်ပြုချက်များ ရရှိပြီးမှသာ H. I. C ၏ အတွင်းရေးမှူးရုံးဖြစ်သည့် ညှိနှိုင်းဆောင်ရွက်ရေးဌာနတွင် နောက်ဆုံး Presentation အဖြစ် အသေးစိတ်ပုံစံရေးဆွဲထားမှုများကို စိစစ်၍ ဥက္ကဋ္ဌ၏သဘောထားမှတ်ချက် ရယူကာ မြို့တော်စည်ပင်သာယာရေးကော်မတီအစည်းအဝေး၌ ဆုံးဖြတ်ချက်ချလျက် ၁၂ ထပ်ခွဲအောက် အဆောက်အအုံများကို ခွင့်ပြုခြင်းဖြစ်သည်။ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများအတွက်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး Cabinet အစည်းအဝေးတွင် Power Point Presentation ပြုလုပ်၍ မှတ်ချက်ပြုကာ ကန့်ကွက်သူရှိပါက ၀န်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းလေ့လာလျက် ညှိနှိုင်းဆောင်ရွက်ပြီး ပါမှ နောက်တစ်ကြိမ် Cabinet အစည်းအဝေး၌ အားလုံးသဘောတူညီဃျက်ဖြင့် ခွင့်ပြုမှသာ Proposal အောင်မြင်ပြီးမြောက်သည်ဟု သတ်မှတ်နိုင်သည်။

ထိုသို့ Proposal တင်ထားပြီး Proposal အောင်မြင်သည် အထိ ခြောက်လမျှသောကာလအတွင်း Soil test လုပ်ငန်းများအပါအ၀င် မိမိဘက်မှ လုပ်ဆောင်ဖွယ်ရာရှိသည်များကို လုပ်ဆောင်ထားရသည်။ ထို့ကြောင့် ၁၃ ထပ်နှင့်အထက် အဆောက်အအုံများ ဆောက်လုပ်ခွင့်ရရေးသည် အဆောက်အအုံဆောက်ရန် မြေစတင်ဝယ်ယူခြင်း၊ သို့မဟုတ် ငှါးရမ်းခြင်းမှ စတင်၍ရေတွက်လျှင် စတင်ဆောက်လုပ်နိုင်သည်အထိ တစ်နှစ်မှ တစ်နှစ်ခွဲခန့် အချိန်ပေးဆောင်ရွက်နေရကြောင်း အကြီးစားဆောက်လုပ်ရေးကုမ္ပဏီအသိုင်းအ၀ိုင်းမှ သိရသည်။ ယခင်အစိုးရလက်ထက်တွင် ဆောက်လုပ်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ထိုသို့ စိတ်ရှည်ရှည် ထားစောင့်ဆိုင်းကာ စံချိန်စံညွှန်း သတ်မှတ်ချက် များနှင့်ကိုက်ညီအောင် လိုက်နာဆောင်ရွက်ထား သဖြင့် ဆောက်လုပ်ခွင့်ကျပြီးဖြစ်ခြင်းကြောင့် စတင်ဆောက်လုပ်မှုပြုရန် အစပျိုးနေသည့် ဆောက် လုပ်ရေးလုပ်ငန်းများကို ယခုအစိုးရလက်ထက် တွင် ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားချက်ထွက်လာသော အခါ ဆောက်လုပ်ရေးလုပ်ငန်းရပ်တစ်ခုလုံး၌ပါဝင်ပတ်သက်နေရသူအားလုံး လှေပြေးတုန်းတက်ကျိုးသလိုအဖြစ်မျိုးနှင့် ပက်ပင်းကြုံရတော့သည်။

Proposal အောင်မြင်ပြီးလျှင်အောင်မြင်ပြီးချင်း အဆောက်အအုံဆောက်လုပ်ရေးအတွက် Soil test ကို တက်သုတ်ရိုက်၍လုပ်ခြင်း၊ Structure design အပ်နှံတွက်ချက်ခြင်း၊ M & E လုပ်ငန်းများ အပ်နှံဆောင်ရွက်ခြင်း၊ မီးသတ်ဌာန၏ Fire save လက်မှတ် ရရှိရေးအတွက် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း စဉ်များအတွက် ကုန်ကျစရိတ်များမှာ အဟော သိကံဖြစ်ရတော့သည်။ဆိုခဲ့ပါ ဆောက်လုပ်ရေးစီမံကိန်းများမှာ ကျပ်သိန်းပေါင်း ထောင်၊ သောင်း ချီ ၍ အကုန်အကျခံရင်းနှီးမြှုပ်နှံထားရသော လုပ်ငန်းများ ဖြစ်သည်။ ထို့ပြင် ထိုလုပ်ငန်းရှင်များကိုအမှီပြု၍ လုပ်ကိုင်နေသော လက်ဝေခံ ဆောက်လုပ်ရေး လုပ်ငန်းငယ်များနှင့် အောက်ခြေဆောက်လုပ်ရေးအလုပ်သမားများမှာလည်း အခက်အခဲအကျပ်အတည်းတွေ့လျက် ရှိကြသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ၀င်ရောက် လုပ်ကိုင်နေကြသော လျှပ်စစ်၊ ပိုက်ဆက်၊ ပန်းရန် စသည့်အတတ်ပညာများဆိုင်ရာ ပညာရှင်တို့အနေဖြင့် မထောင်းတာလှသော်လည်း ပညာရှင် အဆင့်မရောက်သေးသော သာမန် လက်လုပ်လက်စားအလုပ်သမားများအတွက်မူ ထမင်းအိုးကွဲရသည့်ကိန်း ဆိုက်နေတော့သည်။ သာမန်အဆင့်ဖြစ်သည့် အုတ်သယ်၊ သဲသယ်၊ မဆလာရွက် စသော အလုပ်ကြမ်းလုပ်ကိုင်ရသူများမှာ အလုပ်နေ့စဉ် ရှိနေချိန်များတွင်ပင် တစ်နေ့လုပ်မှတစ်နေ့စား ရသူများဖြစ် သည်။ အလုပ်ရပ်နားထားရသည့်အချိန်တွင် နေ့တွက်မရ သဖြင့် ရရာအလုပ်ကို ခေါင်းမရှောင်တမ်းလုပ်ကြရသည်။ ရပ်ကွက်များထဲမှ အိမ်ပြင်ခြင်း၊ အိမ်ချဲ့ခြင်းလုပ်ငန်းများကို လက်ခံလုပ်ရန်ကလည်း သူတို့သည် အပိုင်းကဏ္ဍတစ်ခုခုကို ကျွမ်းကျင်စွာတတ်မြောက်သည့် ပညာရှင်အဆင့် မဟုတ်သဖြင့် ထိုသို့လည်းပွဲမတိုးနိုင်။

လူသည် အစာအိမ်၏စိန်ခေါ်မှုကို တောင့်ခံနိုင်သည့်အချိန်မှာ အကန့်အသတ်ရှိသည်။ ထိုကန့်သတ်ချက် အတိုင်းအတာ ကို ကျော်လွန်သွားလျှင် အစာအိမ်၏တောင်းဆိုမှုနောက်သို့ လူက ပါသွားတတ်သောသဘော ရှိသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှဘ၀သည် လူပန်းသော်လည်း စိတ်လန်းသည်။ လူညစ်သော်လည်း ဘ၀သန့်သည်။ သမ္မာအာဇီဝမြောက်သော ထမင်းသည် ဟင်းလျာ မကောင်းသော်ငြား အာဟာရမြောက်သည်။ ထိုလုပ်ငန်းမလုပ်ရသဖြင့် ရရာအလုပ်ကိုဝင်လုပ်ရသည့်အခါ ထိုအလုပ်သည် မိမိနှင့်ရေစက်ပါပါက အကြောင်းမ ဟုတ်သော် လည်း လုပ်နေမကျ၍ အထမမြောက်သောအခါ ဆက်လက်ကြိုးပမ်းဖို့ရာ အခွင့်မသာဖြစ်ရ သည်။ ကောင်းသောအလုပ်တို့အတွင်းကြိုးစားရန် အခြေအနေမပေးတော့ပါက ငါ့ဝမ်းပူဆာ မနေသာသောဘ၀ပိုင်ရှင်သည် မှောင်သောလမ်းကို ဇွတ်တိုး၍လျှောက်ချေတော့မည်။

နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောသည် လူ့စွမ်းအားအရင်းအမြစ်ပင် ဖြစ်သညိ။ မည်သည့်သယံဇာတမျှ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် မထွက်နိုင်သည့်တိုင် ရှိနှင့်ထားသောနိုင်ငံသူနိုင်ငံသားတို့၏ အရည်အသွေးအစွမ်းသတ္တိကို မှန်ကန်စွာအသုံးချနိုင်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း မည်ပေ၏။ ရိုးသားသောအလုပ်ကို လိပ်ပြာသန့်သန့်ဖြင့်လုပ်ရင်း ဘ၀တည်ဆောက်သွားလိုသည့် လုပ်အားရှင်လူသားတို့၏ အရင်းအမြစ်စွမ်းအားကောင်းသည် တိုးတက်အောင်ပျိုးထောင်ပေးနိုင်လျှင် နိုင်ငံတော်အတွက်ရော၊ နိုင်ငံသားများအတွက်ပါ အပေါင်းလက္ခဏာဆောင်၏။ ထိုအရင်းအမြစ် လမ်းလွဲရောက်သွားလျှင်တော့ အနုတ်လက္ခဏာအသွင်သာဆောင်တော့မည်။ ရိုးသားစွာကြိုးစားချင်သောသူကို ထိုသို့ကြိုးစားရမည့်အခွင့်အလမ်း ပိတ်ပင်လိုက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် လမ်းလွဲတွင်နွံနစ်သွားမည်ဆိုပါက ထိုသို့ဖြစ်ရခြင်းအတွက် မည်သူ့တွင်တာဝန်ရှိ သနည်းဟူသောမေးခွန်း မလွဲမသွေ ပေါ်ပေါက်လာမည်သာ။

လူ့စွမ်းအားအရင်းအမြစ် လမ်းလွဲတွင်နွံမနစ်စေလိုပါ။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service