အောင်လံမြို့နယ်ရှိ ရွာငါးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဖော်ဆောင်မည်

အောင်လံမြို့နယ်ရှိ ရွာငါးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
11 May 2016 10:30 am တွင် တင်ခဲ့သည်
1334 ကြိမ် ကြည့်ရှု့ပြီး
မကွေးတိုင်း အောင် လံမြို့နယ်အတွင်းရှိ ကျေးရွာငါး ရွာကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းအဖြစ်အကောင်အထည် ဖော်ပေးမည်ဖြစ်ကြောင်း အောင် လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သတင်း ရရှိသည်။

မြစိမ်းရောင်ကျေးရွာများအ ဖြစ် မြွေရိုးကျေးရွာ၊ ကန်နှစ်ဆင့် ကျေးရွာ၊ မြစ်နားကျေးရွာ၊ ဆည် လောင်းကျေးရွာနှင့် ဥသျှစ်ကုန်း ကျေးရွာတို့ကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အောင်လံ မြို့နယ် ကျေးလက်ဦးစီးဌာန ဦးစီး အရာရှိ ဦးတိုးကြည်ကပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံ ကိန်းသည် ကျေးလက်ဒေသများဆင်းရဲနွမ်းပါးမှု လျော့ကျစေရေးနှင့် ကျေးလက်နေ ပြည်သူများလူမှု ဘ၀ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ချက်ဖြင့် ကျေးလက်ဦးစီးဌာနက အကောင်အထည်ဖော် လုပ်ဆောင်နေသော စီမံကိန်း ဖြစ်သည်။

မြစိမ်းရောင်ကျေးရွာစီမံ ကိန်းဆောင်ရွက်မည့် ကျေးရွာ များ ရွေးချယ်သည့် စံနှုန်းများနှင့် ပတ်သက်၍ အောင်လံမြို့နယ် ကျေးလက်ဦးစီးဌာန ဦးစီးအရာရှိ ဦးတိုးကြည်က ‘‘ကျေးရွာတွေကို ရွေးချယ်တဲ့နေရာမှာ အဲဒီကျေးရွာ ဟာ စိုက်ပျိုးရေး၊ မွေးမြူရေး အမှန် တကယ်လုပ်ကိုင်ရမယ်။ တရား ဥပဒေစိုးမိုးမှု ရှိရမယ်။ ကျေးရွာ ဟာ စည်းလုံးညီညွတ်မှုရှိရမယ်။ နောက်ဖွံ့ဖြိုးမှု နည်းပါးနေသေး တဲ့ရွာကို ဦးစားပေးတယ်’’ ဟု ဆို သည်။

ယင်းစီမံကိန်းအရ ကျေးရွာ တစ်ရွာလျှင် အရင်းမပျောက်ချေး ငွေအဖြစ် ကျပ်သိန်းသုံးရာအထိ ထုတ်ချေးပေးပြီး သင့်တင့်သော အတိုးနှုန်းရယူကာ ရရှိလာသည့်အတိုးငွေများကို ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်အသင်းသားများထပ်မံတိုးချဲ့၍ ငွေပြန်လည် ချေးငှားမည် ဖြစ်သည်။

အဆိုပါ ချေးငွေလုပ်ငန်း ကြီးကြပ်ဆောင်ရွက်ရမည့် ဒေသခံ ရွာသူ၊ရွာသားအနည်းဆုံးခုနစ်ဦးပါဝင်သည့် ကျေးရွာကော်မတီ တစ်ခုကိုလည်း ဒေသခံများ၏ အများဆန္ဒဖြင့် ရွေးချယ်ပေးရမည် ဖြစ်ပြီး ၎င်းအဖွဲ့ကသာ ချေးငွေစီမံခန့်ခွဲမှုများကို ဆောင်ရွက်သွား ရမည်ဖြစ်သည်။

အတိုးနှုန်းအဖြစ် တစ်ကျပ် လျှင် ပြားငါးဆယ်မှ တစ်ကျပ်ခွဲ အထိ အဆိုပါ ကော်မတီကပင် သတ်မှတ်ကောက်ယူပေးရမည် ဖြစ်ပြီး ရရှိလာသော အတိုးများကိုအသင်းဝင်တိုးချဲ့ချေးငှားပေးခြင်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုခြင်းများ ဆောင်ရွက်စေ မည်ဟု ဆိုသည်။

အဆိုပါစီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး အောင်လံမြို့နယ်အတွင်း ကျေးရွာ တစ်ရွာ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၁၀ ရွာ၊ ယခုနှစ်တွင် ငါးရွာ၊ စုစုပေါင်းကျေးရွာ ၁၆ ရွာရှိကြောင်း ကျေးလက်ဦးစီးအရာရှိက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service