မလေးရှားတွင် ကျူးကျော်နေအိမ်များကိုအာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း

မလေးရှားတွင် ကျူးကျော်နေအိမ်များကိုအာဏာပိုင်တို့ အင်အားသုံးဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
10 May 2016 10:44 am တွင် တင်ခဲ့သည်
1298 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံအနောက်မြောက်ပိုင်း၊ ဘော်နီယိုကျွန်းရှိဆဗားပြည်နယ်၏မြို့ တော် ကိုတာကီနာဘာလူမြို့ တွင် ရပ်ကွက်တစ်ခုအတွင်းရှိ တရားမ၀င်ကျူးကျော် နေအိမ်များ ကိုအာဏာပိုင်တို့ကအင်အားသုံးဖျက်သိမ်းခဲ့ကြကြောင်းကွာလာလမ်ပူအခြေစိုက် သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

မလေးရှားအာဏာပိုင်တို့သည် အဆိုပါနေအိမ်များကိုဖျက်သိမ်းရန်အတွက် ၂၀၁၆ မတ်လအတွင်းကတည်း ကသတိပေးစာများ ထုတ်ပြန်ခဲ့ပြီးဖျက်သိမ်းရေး အဖွဲ့များကိုလည်း အစမ်းလေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။

ယင်းရပ်ကွက်တွင် နေအိမ်ပေါင်း ၄၀ ကျော်ကိုအင်အားသုံးဖျက်သိမ်းခဲ့ကြသည်။
ကိုတာကီနာဘာလူ မြို့ တော်ဝန် ရီယိုဘွန်းဟိုင်းကပြောကြားရာတွင် ယခုကဲ့သို့ အင်အားသုံးဖျက်သိမ်းရခြင်း၏ အကြောင်းရင်းမှာယင်းဒေသတွင် ကျူးကျော်နေအိမ်များမှာမိုးဦးကျမှိုများကဲ့သို့ အလွန်တိုးပွားလာလျက်ရှိကြောင်းဒေသခံတို့၏ တိုင်ကြားချက်အများအပြားရရှိနေခြင်းကြောင့်ဖြစ်သည်ဟုပြောကြားသည်။

“ရွာထဲမှာဘယ်ကမှန်းမသိတဲ့သူတွေ အရမ်းများလာနေတယ်လို့ ဒေသခံရွာသားတွေက ကျွန်တော်တို့ကိုတိုင်ကြားလာပါတယ်”ဟု မြို့ တော်ဝန်က ပြောကြားသည်။
အင်အားသုံးဖျက်သိမ်းရာတွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် အခြားအစိုးရအဖွဲ့အစည်းများစွာ ပါဝင်ခဲ့သည်။

နေအိမ်စုစုပေါင်း ၄၂ လုံးဖျက်သိမ်းခဲ့ပြီးလွန်ခဲ့သော တစ်လခန့်ကပင်ကြိုတင် သတိပေးထုတ်ပြန် ထားချက် ကိုမလိုက်နာခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့မှာတခြားရွေးချယ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကသူတို့ပိုင်ဆိုင်တဲ့မြေမဟုတ်ဘူး။ ဒီမြေတွေအပေါ်မှာနေအိမ်ဆောက်ခွင့်မရှိပါဘူး”ဟု မြို့ တော်ဝန်က ဆိုသည်။

နေအိမ်ဖျက်သိမ်းမှုပြုလုပ်စဉ်အတွင်း တရားမ၀င်အခြေချနေထိုင်သူများကို ရှာဖွေရာတွင် လူပေါင်း ၁၃၅ ဦးဖမ်းဆီးရမိခဲ့ကြောင်းကို တာကီနာဘာလူရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ အမ်ချန်ဒရာကပြောကြားသည်။

ယခုနေအိမ် ၄၂ လုံးအပြင် ဆက်လက်ဖျက်သိမ်း မည့် နေအိမ်များစွာရှိနေသေး ကြောင်းလည်း မြို့တော်ဝန် က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service