တရုတ်နိုင်ငံတွင် ဂရမ်သက်တမ်းကုန်ဆုံးသောနေအိမ်များယွမ်ငွေ ၃၀၀၀၀၀ (ကန်ဒေါ်လာ ၄၆၃၁၄) ပေးဆောင်ရမည်

တရုတ်နိုင်ငံတွင် ဂရမ်သက်တမ်းကုန်ဆုံးသောနေအိမ်များယွမ်ငွေ ၃၀၀၀၀၀ (ကန်ဒေါ်လာ ၄၆၃၁၄) ပေးဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com
25 Apr 2016 11:05 am တွင် တင်ခဲ့သည်
937 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံအရှေ့ ပိုင်း၊ ဇီကျန်ပြည်နယ်၊ ၀မ်ရှုမြို့ နေ ပြည်သူများသည် မြေယာငှားရမ်းမှုသက်တမ်းကုန်ဆုံးသည့် ပြဿနာနှင့် ပထမဆုံးရင်ဆိုင်ရသည့် တရုတ်နိုင်ငံသားများဖြစ်လာနေကြကြောင်းရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရုတ်အိမ်ခြံမြေဥပဒေအရတရုတ်နိုင်ငံရှိမြေအားလုံးကိုအစိုးရကပိုင်ဆိုင်ပြီး ပြည်သူများကအများဆုံးသက်တမ်းအားဖြင့် နှစ် ၇၀ ငှားရမ်းခွင့်ရှိသည်။

ယခုအခါ ၀မ်ရှုမြို့ အာဏာပိုင်တို့သည် ၁၉၉၀ ပြည့်လွန်နှစ် များက နှစ် ၂၀ ငှားရမ်းခွင့်ရယူထားသူတို့အားနေအိမ်တွင် ဆက်လက်နေထိုင်လိုပါကအဆိုပါနေအိမ်လက်ရှိပေါက်ဈေး၏ သုံးပုံတစ်ပုံခန့် ငွေပမာဏပေးဆောင်ရ မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လာခဲ့သည်။
ယင်းဖြစ်ရပ်ကတရုတ်အိမ်ခြံမြေကဏ္ဍတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံမှု၏ အန္တရာယ်ကို မီးမောင်းထိုးပြသလိုက်ခြင်းလည်းဖြစ်ပြီးငွေမပေးဆောင်သူတို့အားအစိုးရကမည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်အဖြေမှာတရုတ်အိမ်ခြံမြေတန်ဖိုးအပေါ် ကြီးမားသောသက်ရောက်မှုများရှိလာတော့မည် ဖြစ်သည်။
များမကြာသေးမီကပင် တရုတ်နိုင်ငံသားတစ်ဦးသည် ၀မ်ရှုမြို့ တွင် နေအိမ်တစ်လုံးဝယ်ယူခဲ့သည်။

အဆိုပါနေအိမ်ကိုယွမ်ငွေ ၆၅၈၀၀၀ (ကန်ဒေါ်လာ ၁၀၁၀၀၀) ဖြင့် ၀ယ်ယူလိုက်ခြင်းဖြစ်ပြီး ၀ယ်ယူပြီးများမကြာမီတွင်ပင် ယင်းနေအိမ်၏ မြေယာအသုံးပြုခွင့် နှစ် ၂၀ မှာသက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်းသိလိုက်ကြရသည်။
အဆိုပါနေအိမ်ကိုဆက်လက်ပိုင်ဆိုင်လိုပါကယွမ်ငွေ ၃၀၀၀၀၀ (ကန်ဒေါ်လာ ၄၆၃၁၄) ပေးဆောင်ရမည်ဟု မြို့ အာဏာပိုင်တို့ကအိမ်ပိုင်ရှင်ကိုသတိပေးပြောကြားသည်ဟုဆိုသည်။

တရုတ်နိုင်ငံအတွင်းမြေယာငှားရမ်းခွင့် သက်တမ်းတိုသာပေးသော မြို့ များထဲတွင် ၀မ်ရှုလည်း အပါအ၀င်ဖြစ်သည်။

ယခုပြဿနာမှာနောင်တစ်ချိန်တွင် တရုတ်နိုင်ငံသားအားလုံးရင်ဆိုင်ရတော့မည့် ပြဿနာဖြစ်ကြောင်းတပ်လှန့်သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။
မြို့ အာဏာပိုင်တို့ကထုတ်ပြန်သည်မှာယခုမှစ၍ ၂၀၁၉ ခုနှစ်အတွင်းသက်တမ်းကုန်ဆုံးမည့် နေအိမ်ပေါင်း ၁၇၀၀ ခန့်ရှိကြောင်း၊ နေအိမ်ဆက်လက်ပိုင်ဆိုင်လိုပါကအိမ်တန်ဖိုး၏ ၃၃ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်းဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားပြီးမပေးဆောင်ပါကမည်သို့အရေးယူမည်ဆိုခြင်းကိုမူဖော်ပြထားခြင်းမရှိချေ။

၂၀၀၇ ခုနှစ် တရုတ်မြို့ပြ အိမ်ရာအုပ်ချုပ်ရေး ဥပဒေအရမြေယာ သုံးစွဲခွင့်ကို ငွေပေးဆောင် ကာသက်တမ်းတိုးနိုင်သည်ဟု ပြဌာန်းထားသော်လည်း မည်သည့်ပမာဏ ပေးဆောင်ရမည်ကို မူဖော်ပြထားခြင်းမရှိချေ။

တရုတ်အစိုးရအနေဖြင့် သက်တမ်း ကုန်ဆုံးသောနေအိမ်များကိုမည်သို့ အရေးယူကိုင်တွယ် မည်ဆိုခြင်းအားပြည်ပရင်းနှီးမြှုပ်နှံသူတို့ကစောင့်ကြည့်လျက်ရှိကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်နိုင်ငံတွင် ဂရမ်သက်တမ်းကုန်ဆုံးသောနေအိမ်များယွမ်ငွေ ၃၀၀၀၀၀ (ကန်ဒေါ်လာ ၄၆၃၁၄) ပေးဆောင်ရမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service