ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းနေပြီး တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ကျော် ကျဆင်း

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းနေပြီး တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ကျော် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
21 Apr 2016 11:02 am တွင် တင်ခဲ့သည်
1966 ကြိမ် ကြည့်ရှု့ပြီး
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း ဆက်လက် ကျဆင်းနေပြီး တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ကျော် ကျဆင်းလာကြောင်း ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရသည်။

ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် သင်္ကြန်ရက်အပြီး ဈေးကွက်ပြန်လည် စတင်ခဲ့သည့် ဧပြီ ၁၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၈၂ ကျပ်ဝန်းကျင်မှ ဧပြီ ၁၉ ရက်တွင် ၁၁၇၅ ကျပ်သို့ လည်းကောင်း ဧပြီ ၂၀ ရက်တွင် ကျပ် ၁၀ ကျော် ထပ်မံ ကျဆင်းခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၁၆၂ ကျပ်ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ပထမပတ် ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် တစ်ဒေါ်လာလျှင်(ဧပြီ ၁ ရက်) ၁၁၉၆ ကျပ်ဝန်းကျင်မှ (ဧပြီ ၈ ရက်)ကျပ် ၁၁၈၀ ၀န်းကျင်သို့ တစ်ပတ်အတွင်း ၁၆ ကျပ်ဝန်းကျင် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၂၀ ရက် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၁၆၂ ကျပ်ဝန်းကျင်၊ ၀ယ်ဈေးကျပ် ၁၁၆၀ ၀န်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက်မှ သိရသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၉၉ ကျပ်ဝန်းကျင်မှ ဧပြီ ၆ ရက်အထိ တစ်ဒေါ်လာလျှင် ၁၁၇၇ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့သည့်အပြင် ဧပြီ တတိယပတ် ၂၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၆၂ ကျပ်ဝန်းကျင်အထိ ဆက်လက်ကျဆင်းနေသည်။

ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ သတ်မှတ်နှုန်းသည် ဧပြီ ပထမပတ်အတွင်း ဆက်တိုက်လျှော့ချ သတ်မှတ်လျက်ရှိပြီး ဧပြီ ၄ ရက်တွင် ကျပ် ၁၂၁၀ သို့ လည်းကောင်း၊ ဧပြီ ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၀၅ ကျပ်မှ ဧပြီ ၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၁၉၆ ကျပ်၊ ဧပြီ ၇ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း လေးကျပ်သို့ ထပ်မံလျှော့ချခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ၁၁၉၂ ကျပ်မှ ဧပြီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂ ကျပ်အထိ ထပ်မံလျှော့ချခဲ့သည့်အတွက် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သို့ ကျဆင်းလာသည်။

သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းသည် ဧပြီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၁၈၀ သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၁၁၈၀ ၀န်းကျင်၊ ၀ယ်ဈေး ၁၁၇၈ ကျပ်ဝန်းကျင် ရှိခဲ့ပြီး ငွေလဲနှုန်းများ ဆက်လက် ကျဆင်းနေခြင်းဖြစ်သည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service