၂၀၂၂ ခုနှစ်တွင် အိန္ဒိယတစ်နိုင်ငံလုံးနေအိမ်ပိုင်ဆိုင်ရေးစီမံကိန်းဖြင့် ကျေးလက်နေအိမ်များစတင်ဆောက်လုပ်ရန် အစိုးရအဖွဲ့အတည်ပြု

၂၀၂၂ ခုနှစ်တွင် အိန္ဒိယတစ်နိုင်ငံလုံးနေအိမ်ပိုင်ဆိုင်ရေးစီမံကိန်းဖြင့် ကျေးလက်နေအိမ်များစတင်ဆောက်လုပ်ရန် အစိုးရအဖွဲ့အတည်ပြု - Property News in Myanmar from iMyanmarHouse.com
5 Apr 2016 10:15 am တွင် တင်ခဲ့သည်
771 ကြိမ် ကြည့်ရှု့ပြီး
အိန္ဒိယအစိုးရသည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံသား အားလုံးနေအိမ်ပိုင်ဆိုင်နိုင်ရေးစီမံကိန်းအရ ရူပီးငွေ ၂၀ ဒသမ ၉၅ သန်းသုံးစွဲကာကျေးလက်နေအိမ်များ စတင်ဆောက်လုပ်သွားရန် ဆုံးဖြတ်လိုက်ကြောင်း အိန္ဒိယအခြေစိုက်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါစီမံကိန်းသည် မြို့ ပြနှင့် ကျေးလက်နှစ်ခုလုံးတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီးယခုအခါ ကျေးလက်တွင် စတင်ဆောက်လုပ်မှုများ ပြုလုပ်ရန် ၀န်ကြီးချုပ် နာရန်ဒရာမိုဒီဦးဆောင်သောအစိုးရအဖွဲ့ကအတည်ပြုလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယအစိုးရအနေဖြင့် ပထမ ၃ နှစ်အတွင်းနေအိမ်ပေါင်း ၁၀ သန်းစတင်ဆောက်လုပ်မည်ဖြစ်ပြီး ရူပီးငွေ သန်းပေါင်း ၈၁၉၇၅၀ ခန့် သုံးစွဲသွားရဖွယ်ရှိသည်။
မြေပြန့်ဒေသများတွင် နေထိုင်သူတို့အား ရူပီးငွေ ၁ ဒသမ ၂ သိန်းထောက်ပံ့မည်ဖြစ်ပြီးတောင်ပေါ်နှင့် ဆက်သွယ်ရေး ခက်ခဲသောဒေသများတွင် နေထိုင်သူတို့ကိုမူ ရူပီးငွေ ၁ ဒသမ ၃ သိန်းထောက်ပံ့မည် ဖြစ်သည်။
ယခုစတင်ဆောက်လုပ်မည်မှာစုစုပေါင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံအတွက် အလွန်အရေးပါသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၀န်ကြီးရာဗီရှန်ကာပရာဆက် ကပြောကြားသည်။ အဆိုပါစီမံကိန်းကို နယူးဒေလီနှင့် ချန်ဒီဂါ့မြို့ ကြီးများမှလွဲ၍ အိန္ဒိယတစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

နေအိမ်ဆောက်လုပ်မှုများအတွက် ကုန်ကျစရိတ် ကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ခွဲဝေကျခံရမည် ဖြစ်သည်။ “၂၀၁၆-၁၇ နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွေမှာနေအိမ် ၁၀ သန်းဆောက်လုပ်ဖို့အတွက် ရူပီးငွေ ၈၁၉၇၅၀ သန်းလောက် လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ ၆၈၀၀၀၀ သန်းကဘဏ္ဍာရေး ခွင့်ပြုချက်ကနေရ ရှိမှာ ဖြစ်ပြီးကျန်တဲ့ငွေကတော့ စိုက်ပျိုးရေး နဲ့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ကနေချေးယူရမှာပါ”ဟု ၀န်ကြီးပရာဆက်ကပြောကြားသည်။

နေအိမ်ဆောက်လုပ်မှုအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား မျှဝေကျခံရမည့် အချိုးမှာမြေပြန့်ဒေသများတွင် ၆၀း၄၀ ဖြစ်ပြီးအရှေ့ မြောက်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် ၉၀း၁၀ ဖြစ်ကြောင်း ၀န်ကြီပရာဆက်က ဆက်လက်ပြောကြားသည်။
အိန္ဒိယအစိုးရသည် ပေါင်းစည်းဆောင်ရွက်မှုစီမံကိန်း (IAP) ဖြင့် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နေအိမ်ပေါင်း ၃၅၁ သိန်းကျော် ဆောက်လုပ်ခဲ့ပြီးဖြစ်ကာအဆိုပါစီမံကိန်းအတွက် ရူပီးငွေသန်းပေါင်း ၁၀၅၈၁၅၀ ကျော် သုံးစွဲခဲ့ပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service