ဝန်ဆောင်မှုကောင်းမှ နိုင်ငံခြားသားအငှား ဈေးကောင်းနိုင်

ဝန်ဆောင်မှုကောင်းမှ နိုင်ငံခြားသားအငှား ဈေးကောင်းနိုင် - Property News in Myanmar from iMyanmarHouse.com
29 Feb 2016 10:51 am တွင် တင်ခဲ့သည်
1403 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားသားအငှားအတွက် ဝန်ဆောင်မှု အပြည့်အစုံပေးနိုင်မှသာ ဈေးကောင်းရပြီး အလုပ်ဖြစ်နိုင်မယ်လို့ သိရပါတယ်။

နိုင်ငံခြားသားဈေးကွက်ကိုမျှော်ပြီး အရောင်းဈေးကွက်အတွက် ကြိုတင်ပြင်ဆင်ကြတာရှိသလို အငှားအတွက်လည်း ကြိုတင်ပြီး ပြည့်စုံအောင်လုပ်ထားရမှာပါ ။ ပြည်တွင်းအငှားနဲ့မတူဘဲ ရေ ၊ မီး ကိုအဓိကထားပြီး ငှားကြတယ်ဆိုပေမယ့် စိစစ်လွန်းတာကြောင့် လက်ရှိဈေးကွက်ထဲမှာတင် အကျိုးဆောင်တွေအနေနဲ့ နေရာပြတဲ့အခါ အခက်အခဲတချို့ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံခြားသား အငှားဈေးကွက်က လက်ရှိမှာလည်းကောင်းလာတယ် ဆိုပေမဲ့ သူတို့လိုချင်တဲ့ ပုံစံ ၊ ၊ ဝန်ဆောင်မှုပြည့်စုံမှသာ အလုပ်ဖြစ်တဲ့ဈေးကွက်တစ်ခုဖြစ်နေတာပါ။ ရေ ၊ မီး ရရှိမှုကိုအဓိကထားကြတာကြောင့် အများဆုံးအငှားဖြစ်တာက ကွန်ဒိုတွေဖြစ်ပါတယ်။ လုံးချင်းအိမ်တွေလည်းအငှားရှိပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လုပ်ငန်းနဲ့ နီးစပ်တဲ့နေရာ ရေနဲ့မီး ဒါတွေကိုကြည့်ပြီးမှ ငှားတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပအကျိုးဆောင်နဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ အကျိုးဆောင်မနီလာက ‘အများစုကတော့ မီး ၂၄ နာရီရတဲ့နေရာတွေလိုချင်ကြတယ် ၊ မီးအားမပြည့်တာမျိုးလဲမရဘူး ၊ တိကျတယ် ၊ တခါတလေ ပြေလည်အောင်ညှိနှိုင်းပေးရတာတွေရှိတယ် ၊ ပြည်တွင်းနဲ့မတူတာက ပါဝင်တဲ့ ပစ္စည်း ၊ ဝန်ဆောင်မှုတွေ လွဲနေရင် ၊ မပြည့်စုံရင် complain တွေပြန်ရတယ် ၊ ဒါတွေမဖြစ်အောင် လုပ်ဆောင်ပေးထားရင်တော့ အဆင်ပြေတာပေါ့’ လို့ ပြောပါတယ်။

ကွန်ဒိုအငှားကိုတောင် ကွန်ဒိုတစ်ခုရဲ့ဝန်ဆောင်မှု အပြည့်အစုံပါမှသာ လက်ခံကြပြီး တိကျလွန်းတယ်။ ရန်ကုန်မြို့တွင်းမှာ အများဆုံးရင်ဆိုင်ရတာက မီးရရှိမှုပြဿနာလို့ သိရတယ် ။ ငှားမယ့်ပိုင်ရှင်တွေအနေနဲ့ ငှားရမ်းခ ဈေးကောင်းရနိုင်ဖို့က ဥပမာ ၂၄ နာရီလျှပ်စစ်မီးရဖို့ ၊ မီးအားကောင်းဖို့ မီးလိုင်းနှစ်လိုင်း သွယ်ပေးထားတာမျိုးတွေ ၊ အိမ်ထောင်ပရိဘောဂ ၊ အသုံးအဆောင် အပြည့်အစုံ ပါဝင်တာမျိုးတွေလည်း ပြင်ဆင်ထားသင့်တယ်လို့ ပြောပါတယ်။

လုံးချင်းအိမ် အငှားများတာက သုဝဏ္ဏ ၊ သာကေတ မြခွာညို ၊ တောင်ဒဂုံ အင်းဝဘက်စတဲ့နေရာတွေမှာ ငှားကြတယ် ။ တစ်လကို ငှားရမ်းခ ၁၀ သိန်းနဲ့ အထက်ရှိတယ်လို့ သိရတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service