လွမ်းမောဖွယ်ရာ ရိုးရာအိမ်များ

လွမ်းမောဖွယ်ရာ ရိုးရာအိမ်များ - Property News in Myanmar from iMyanmarHouse.com
18 Feb 2016 10:17 am တွင် တင်ခဲ့သည်
8312 ကြိမ် ကြည့်ရှု့ပြီး
ရိုးရာအိမ်ဆိုတာ ဗမာတွေရဲ့ရိုးရာအိမ်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တခြားတိုင်းရင်းသားတွေရဲ့ရိုးရာအိမ်တွေဟာလည်း သူတို့ရေမြေသဘာဝနဲ့ လိုက်ဖက်ညီစွာ ဖန်တီးဆောက်လုပ်ထားတာမို့ သူတို့လည်း လွမ်းမောစရာပါပဲ။ ဒါပေမဲ့ မြေပြန့်သားကျွန်တော့်အတွက် တိုင်းရင်းသားအားလုံးရဲ့ရိုးရာအိမ်တွေအကြောင်း လက်လှမ်းမမီနိုင်သေးတဲ့အတွက် ဗမာရိုးရာ အိမ်တွေအကြောင်းပဲ အထူးပြုရည်ညွှန်း လိုက်ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝသစ်ပင် သစ်တော ပေါများကြွယ်ဝ တဲ့နိုင်ငံပါ (အရင်တုန်းကပေါ့လေ)။ မြေ လွတ်မြေရိုင်း ဆိုတာကလည်း ပေါမှပေါ (အဲဒါလည်း အရင်တုန်းကပါပဲ)။ ဒီတော့ ကြိုက်တဲ့မြေနေရာကို စိတ်ကြိုက်ရွေးပြီး သစ်ကောင်းကောင်း၊ ၀ါးကောင်းကောင်းနဲ့ ဆောက် ထားတဲ့အိမ်တွေ မြန်မာပြည်အနှံ့ လက်ညှိုးထိုးမလွဲပေါ့။ ဗမာအိမ်တွေထဲမှာလည်း ပထ၀ီအနေအထားနဲ့ ရာသီသဘာဝအခြေအနေပေါ် မူတည်ပြီး အိမ်ပုံစံတွေ ကွာခြားကြသေးတယ်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတို့လို အောက်ပြည်အောက်ရွာမှာ မိုးကောင်းပေမဲ့ အိမ်တွေက ခြေတံရှည် နည်းတယ်။ အိမ့်ကြမ်းခင်းက မြေပြင်နဲ့ လေးပေလောက်ပဲ မြင့်တယ်။

အညာဘက်ကျတော့ မိုးခေါင်တာတော့မှန်ပါရဲ့၊ အိမ်တွေက ခြေတံရှည်အိမ်တွေ များတယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ မြစ်ရေကြီးတဲ့ ဒဏ် နှစ်တိုင်းခံရလို့ပဲ။မြစ်ရေက လူတစ်ရပ်လောက်ကနေ ရှစ်ပေါာ ကိုးပေလောက်အထိ တက်တတ်တာဆိုတော့ အိမ်အမြင့်ကို ၁၀ ပေ လောက်ကနေ ကြမ်းစ ခင်းပြီး ဆောက်လေ့ရှိကြတယ်။ ရေတက်လာချိန်ကျတော့ နွားစာကျင်းလုပ်ထားတဲ့လှေတွေကို သုတ်သင်ရှင်းလင်းပြီး စီးတော်ယဉ်အသွင်ပြောင်းကြတာပေါ့။

ရန်ကုန်နယ်နိမိတ်ထဲက ဆင်ခြေဖုံးရပ်ကွက်တွေမှာ သစ်သားအိမ်ကြီးတွေ ခုထိ တစ်လုံးစ၊ နှစ်လုံး စ တွေ့နိုင်နေတုန်းပါပဲ။ လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ လောက်ကဆိုရင် မြို့လယ်ခေုက်မြို့နယ်ကလွဲလို့ အလုံ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ စတဲ့မြို့နယ်တွေမှာ သစ်သားအိမ်တွေချည်းပဲလို့ သိမီသူတွေပြောကြတာ ကြားဖူးပါတယ်။ တကယ်နေခဲ့ဖူးလို့ တကယ်အကျွမ်းဝင်ခဲ့တဲ့သူတွေ လွမ်းတာမပြောနဲ့ လက်ကျန်အိမ်လေး တစ်လုံစ၊ နှစ်လုံးစ တွေ့ဖူးတဲ့ ကျွန်တော်တောင် အဲဒီသစ်သားအိမ်မျိုးတွေ့ရတဲ့အခါ စိတ်ထဲမှာ တစ်မျိုးတစ်ဖုံ ခံစားရတယ်။

၁၉၇၀ တစ်ဝိုက်လောက်က ၀တ္ထုတွေကို ဖတ်မိတဲ့အခါ အဲဒီခေတ်တစ်ဝိုက်လောက်က ကလေးတွေ မုန့်ဖိုးပြတ်တဲ့အခါ အိမ်အောက်တွေဝင်ပြီး ပိုက်စိတ်တိုက်ရှာလိုက်ရင် မုန့်ဖိုးပဲဖိုးရတဲ့အပြင် တစ်ခါတလေ ရုပ်ရှင်ဖိုးလောက်ရတဲ့ အထိ နေ့တွက်စည်သေးဆိုပဲ။ ဟုတ်မှာပါ၊ အဲဒီခေတ်တွေတုန်းက ငါးပြား၊ ဆယ်ပြား သုံးလို့ ကောင်းကောင်းရနေသေးတဲ့ခေတ်ဆိုတော့ အိမ်ပေါ်က လူကြီးတွေက ကြမ်းကြားထဲကနေကျသွားတဲ့ အကြွေစေ့ကို အရေးတယူ ပြန်ကောက်မနေ ကြတော့ဘူးလေ။ အဲဒီတော့ အဲဒီပိုက်ဆံတွေက အသုံးပြတ်နေတဲ့ကလေးတွေအတွက်တော့ ပဒေသာပင်ပံ့သုကူကြီး ဖြစ်နေတော့တာပေါ့။

အဲဒီ သစ်သားအိမ်ကြီးတွေဟာ အိမ်ဆိုတဲ့အလုံး အထည်သာမက မြေလည်းအကျုံးဝင်ပါသေးတယ်။ မြေကွက်သတ်မှတ်ချက်အရ ပိုင်ဆိုင်မှုစည်းခြားထားပြီး အဲဒီ ကိုယ်ပိုင်မြေပေါ်မှာ အိမ်ဆောက်နေကြတာပါ။ ဒီတော့ ဗမာအိမ် ရှေ့-နောက်၊ ၀ဲ-ယာ မှာ မြေပိုက ပါလာသေးတယ်။ ဗမာတိုင်းရင်းသားအပါအ၀င် မြန်မာလူမျိုး ဆိုတာကလည်း မြေသားနည်းနည်းရှိရင် အပင်စိုက်ချင်တဲ့လူမျိုးကလား။ "သစ်တောနှင် သစ်ပင် ချစ်ခင်တဲ့လူမျိုး" ဆိုတာ လွှတ်မှန်တဲ့စကားလေ။ ဒီတော့ ဗမာအိမ်တွေရဲ့ပတ်ပတ်လည်မှာ သစ်ပင်စိမ်းမြတွေက လေအလာ ယိမ်းကနေကြပေသပေါ့။

နောက်ပြီး ကိုယ့်ရဲ့ မြေနေရာပိုင်ဆိုင်မှုနယ် နိမိတ် ခြံစည်းရိုးအပြင်ဘက် အများနဲ့သက်ဆိုင်တဲ့နေရာမှာ အရိပ်ရအပင်တွေစိုက်ဖို့လည်း ၀ါသနာပါကြသေးတယ်။ ဒီလိုစိုက်ထားတဲ့အတွက် အိမ်ကို နေရောင်တိုက်ရိုက် မထိုးတော့ဘဲ အရိပ်အာဝါသနဲ့ အပူဒဏ်လျော့ပါးမှုကို ခံစားကြရတယ်။ နောက်တစ်ခုက ရေချိုးခန်း၊ အိမ်သာ သီးခြားထားတဲ့အတွက် အိမ်မကြီးမှာ နေရာ ကျယ်ကျယ်သုံးခွင့်ရတယ်၊ အညစ်အထည်း ကင်းကင်းစင်စင်နဲ့ စိတ်သန့်ရတယ်။ ရေချိုးခန်းရယ်လို့ အခန်းသတ်သတ်မှတ်မှတ်ဖွဲ့မထားပေမဲ့ အိမ်နောက်ဖေးရေကပြင်အောက်မှာ စဥ့်အိုးတို့၊ တိုင်ကီတို့ ကပ်ထောင်ထားပြီး သားငါးခုတ်ထစ်တာမျိုး၊ အိုးခွက်ဆေးတာမျိုးကို ရေကပြင်ပေါ်ကနေ တိုင်ကီထဲကရေ လှမ်းခပ်သုံးစွဲနိုင်သလို ရေချိုးတော့ တိုင်ကီဘေးမှာ ခပ်ချိုး၊ အ၀တ်လျှော်တော့ တိုင်ကီဘေးအောက်မှာလျှော် အဲဒီကစီးသွားတဲ့ရေတွေကို မြောင်းတစ်ခုသွယ်ပြီး ခြံဘေး၊ ခြံနောက်က ပင်မမြောင်းကြီးနဲ့ ဆက်ပေး၊ ခြံထဲက ရေဆင်းမြောင်းဘေး တစ်ဖက်တစ်ချက်မှာ ရုံးပတီ၊ ခရမ်းကြွပ်၊ ငရုတ်ပွ၊ ပျဉ်းတော်သိမ် စတဲ့ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်တွေ စိုက်ထားလို့တောင်ရသေး။

အိမ်ရှေ့မှာလည်း အိမ်ခေါင်းရင်းနံရံနဲ့ ကပ်ပြီး မြေပိုပေါ် မူတည်လို့ ကပြင်လေးထုတ်ထားလိုက်ရင် လွတ်လပ် ကျယ်ပြော တဲ့ဧည့်ခန်းလေးတစ်ခုပေါ့။ ပူအိုက်တဲ့နွေရာ သီမျိုးဆို အဲဒီကပြင်ပေါ် ခြင်ထောင်လေးထောင်ပြီး တဟူးဟူးတိုက်နေတဲ့လေအေးအရသာခံစားရင်း အိပ်ရတာ စာဖွဲ့လို့မရနိုင်တဲ့ စည်းစိမ်ပါ။ ညဥ့်နက်တဲ့အထိ မအိပ်ဖြစ်သေးရင်လည်း ကပြင်ပေါ်မှာ မိသားစု ၀ိုင်းဖွဲ့စကားပြောရင်း နွေးထွေးချစ်ကြည်မှုတွေ၊ နားလည်စာနာမှုတွေ မြင့်တက်ခဲ့။ ကျွန်တော့်ဦးလေးတွေ သူတို့ငယ်ဘ၀ ပြန်ပြောပြတဲ့အခါ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးအောင်ပွဲနေ့ဆိုရင် တစ်မိသားစုလုံး ညမအိပ်ကြဘဲ လွတ်လပ်ရေးအောင်ပွဲနေ့ကို ကြိုဆိုကြတယ်တဲ့။ အဘွားတို့၊ အဘွားလေးတို့၊ ကြီးတော်တို့က ကောက်ညှင်းပေါင်း ပေါင်းကြသတဲ့။ အဘိုးတို့၊ အဘိုးလေးတို့၊ ဘကြီးတို့်က အုန်းသီးခွဲ၊ အုန်းသီးခြစ်၊ မုန့်နှစ်ကြိတ်၊ မုန့်နှစ်နယ်၊ အစ်မတွေက နှမ်းထောင်းထောင်းကြ၊ အကြော်ဒယ်အိုးပြင်ကြနဲ့ ခြံထဲမှာ အောက်လင်းဓာတ်မီးတွေထွန်းပြီး ပျော်စရာကြီးတဲ့။ မနက် ၄ နာရီလောက်ဆို ကောက်ညှင်းပေါင်း၊ အကြော်စုံ၊ ငါးခြောက်ဖုတ်၊ ငါးကျည်းကြော်၊ ငါးခူကြော် အကုန်လုံး အဆင်သင့်ဖြစ်ပြီး ၄ နာရီ မိနစ် ၂၀ မြန်မာနိုင်ငံ လွတ်လပ်ရေးရလို့ကြေညာနိုင်တဲ့အချိန်ရောက်တာနဲ့ စက်ရုံတွေကဆွဲတဲ့ ဥဩသံနဲ့အတူ တစ်မိသားစုလုံး လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ဘက် ဦးတည်လို့ ဦးညွတ်အလေးပြုကြသတဲ့။ ဥဩသံလည်း စဲသွားရော ခုန တစ်ညလုံး စီစဉ်လုပ်ကိုင်ထားတဲ့ စားစရာသောက်စရာတွေကို ဘုရားဆွမ်းတော်တင်၊ လူကြီးသူမတွေ ဦးချပြီး ၀ိုင်းစားကြ၊ အိမ်နီးနားချင်းတွေ ဝေကြနဲ့ တပျော်တပါးကြီးပဲတဲ့။ ဆောင်းတွင်း မနက်စောစောမှာ ကောက်ညှင်းပေါင်းပူပူနွေးနွေးကို လက်နဲ့ဆုပ်၊ နှမ်းဆီနဲ့တို့၊ အုန်းသီုဆန် တင်၊ နှမ်းထောင်းဖြူးပြီး ပါးစပ်ထဲထည့်၊ ၀ါးနေရင်း ငါးကြော်တစ်ကိုက်၊ အကြော်လေးတစ်ကိုက် ကိုက်ပြီး ကောက်ညှင်းပေါင်းနဲ့ရောဝါး၊ ပါးစပ်ထဲမှာ အရသာစုံခံစားရင်း မျိုချပြီးတဲ့အချိန် လက်ဖက်ခြောက်များများခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းခါးခါးကို သောက်လိုက်တဲ့အခါ ကိုယ်တွင်းဖြတ်စီးသွားတဲ့ အနွေးဓာတ်က ဆောင်းမနက်ခင်းကို အန်တုလိုက်နိုင်ပါသတဲ့။

အဲဒီလိုပဲ သင်္ကြတွင်းကျရင်လည်း မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ မုန့်လက်ဆောင်းတွေကိုလည်း ခြံမြေပြန့်ပြန့်ပြူးပြူးပေါ်မှာ ၀ိုင်းဖွဲ့လုပ်ကိုင်ကြ၊ ရလာတဲ့ မုန့်တွေကို အိမ်ရှေ့ကပြင်ပေါ် စီတန်းတင်ထားပြီး အရပ်ထဲလိုက်ဝေကြ၊ လုပ်တဲ့လူတွေ ၀ိုင်းဖွဲ့စားကြ၊ တစ်ယောက်နဲ့တစ်ယောက် ရေပက်၊ အိုးမဲသုတ်၊ စကြနောက်ကြနဲ့ ရိုးရာအပျော်ပွဲဆင်နွဲကြသလို နှစ်ဆန်း ၁ ရက် ဥပုသ်သီတင်းဆောက်တည်ဖို့ ဘုန်းတော်ကြီးကျောင်းယူသွားမယ့် လှူဖွယ်ပစ္စည်းတွေ၊ ဆွမ်းချိုင့်တွေကို အိမ်ရှေ့ကပြင်မှာ စုစည်းခင်းကျင်းရင်း လူစုံမှ သယ်ပြီးထွက်သွားကြတာ ရိုးရာအိမ်လေးတွေရဲ့ ကုသိုလ်မြေခံပါ။

ဗမာအိမ်တွေရဲ့ အဓိကပါဝင်ပစ္စည်းက သစ်ဝါးဖြစ်တာကြောင့် အပူအအေး မျှတညီညွတ်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုလိုနီခေတ်မတိုင်ခင်ကဆို အမိုးကို သက်ငယ်နဲ့ ဓနိပျစ်တွေ မိုးကြတာမို့ အပူဒဏ်မခံစားရပေမဲ့ ကိုလိုနီခေတ်မှာဝင်လာတဲ့ သွပ်ပြားတွေနဲ့ မိုးတဲ့ဓလေ့ အစားထိုးဝင်ရောက်လာတဲ့အခါ သက်ငယ်နဲ့ ဓနိပျစ်တွေလောက် အပူဒဏ်မကာကွယ်နိုင်တော့ပါဘူး။ ဒါပေမဲ့ သစ်ဝါးအခြေပြု အိမ်ပုံစံ ဖြစ်တဲ့အတွက် ခံသာသလို ကြမ်းကြားက၀င်တဲ့လေကလည်း အပူဒဏ်ကို သက်သာရာရစေပါတယ်။ ဘူးခါးရေနဲ့ ကြမ်းကြားလေ ဆိုတာ ပူပြင်းတဲ့နွေရာသီအတွက် အေးရိပ်ဆာယာ အိုအေစစ်လေးတွေပါ။

ခုချိန်မှာတော့ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် မိုးထိအောင်လှေကားထောင်နေတဲ့ တိုက်တာမြင့်မြင့်ကြီးတွေ ရှောင်လို့မလွတ်နိုင်လောက်အောင် တွေ့နေရပါပြီ။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတာ နိုင်ငံတိုင်းအတွက်လိုအပ်တာ မငြင်းနိုင်ပေမဲ့ အဲဒီတိုးတက်မှုအတွက် စတေးလိုက်ရတဲ့ အမျိုးသားရေးလက္ခဏာတွေကတော့ နှမြောစရာပါ။ ကိုယ့်အခန်းကိုယ်နေ တံခါးပိတ် ဂျိတ် ဆိုပြီး နွေးထွေးခြင်းကင်းမဲ့ဇုန် ဖန်တီးနေထိုင်ကြတဲ့ မြို့ပြလူသားတွေရဲ့ဘ၀ဟာ နှလုံးသားထဲကမြစ်ဖျားခံတဲ့ အရယ်အပြုံးစစ်စစ်တွေ ဆိတ်သုဉ်းလို့နေပါပြီ။ မိုးလင်းတာနဲ့ ထွက်၊ မိုးချုပ် ပြန်လာ၊ စား၊ အိပ်၊ နောက်နေ့ မိုးလင်းတာနဲ့ အလုပ်ခွင်ပြန်ဝင် . . . ဒီလို စက်ရုပ်ဆန်တဲ့လှုပ်ရှားမှုတွေဟာ လွမ်းမောဖွယ် ရိုးရာအိမ်လေးတွေရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ရုပ်ဝတ္ထုဖွံ့ဖြိုးတိုးတက်မှု သာဓကများပဲ ဖြစ်နေပါတော့တယ်။

ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service