မန္တလေးတိုင်းဒေသကြီးအစိုးရပိုင်နေရာများ ပုဂ္ဂလိကငှားရမ်းရာတွင် ပေါက်ဈေးထက် နည်းနေကြောင်း ဝေဖန်

မန္တလေးတိုင်းဒေသကြီးအစိုးရပိုင်နေရာများ ပုဂ္ဂလိကငှားရမ်းရာတွင် ပေါက်ဈေးထက် နည်းနေကြောင်း ဝေဖန် - Property News in Myanmar from iMyanmarHouse.com
14 Dec 2015 10:24 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ရှိ နာမည် ကျော်ဟိုတယ်ကြီးများအပါအ၀င် တိုင်းဒေသကြီးအစိုးရပိုင်မြေနေ ရာများ၊ ဟိုတယ်များနှင့် စား သောက်ဆိုင်လုပ်ငန်းများအား ပုဂ္ဂလိကသို့ ငှားရမ်းရာတွင် ခေတ်ကာလပေါက်ဈေးထက် လျော့နည်း နေသည်ဟု တိုင်းဒေသကြီးလွှတ် တော် တပ်မတော်သားကိုယ်စား လှယ်တစ်ဦးက ဝေဖန်လိုက်သည်။

ဟိုတယ်မန္တလေး၊ မင်းသား ကြီးဟိုတယ်၊ နဒီမြန်မာဟိုတယ်၊ ILBC ကျောင်းမြေနေရာငှားရမ်း ခြင်း၊ ရွှေမန်းတောင်ဂေါက်ကွင်း၊ ရတနာပုံရေကူးကန်နှင့် အပန်းဖြေ စခန်းငှားရမ်းခြင်းနှင့် မြရည်နန္ဒာ စားသောက်ဆိုင်ငှားရမ်းခြင်းအ ပါအ၀င် ပုဂ္ဂလိကသို့ ငှားရမ်းရာ တွင် ငှားရမ်းခနှုန်းထားများ နည်း ပါးနေပြီး ခေတ်ကာလပေါက်ဈေး နှင့် လျော်ညီသောနှုန်းထားကိုပြောင်းလဲသတ်မှတ်သင့်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ် တော်တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ကျော်နိုင်က ဒီဇင်ဘာ ၈ ရက်တွင်ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ က လွှတ်တော်သို့တင်သွင်းသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အ တွင်း ဆောင်ရွက်မှုအခြေအနေ တင်ပြချက်တွင် ဖော်ပြထားသည့် အချက်အလက်များကို အခြေခံ ကာ ဒု-ဗိုလ်မှူးကြီး ကျော်နိုင်က ဆွေးနွေးပြောကြားခြင်း ဖြစ်သည်။

ဟိုတယ်မန္တလေးကို ၁၉၉၆ မှစတင်ကာ AK ကုမ္ပဏီသို့ ငှား ရမ်းထားပြီး တစ်နှစ်ကောက်ခံရရှိ ငွေမှာ ကျပ် ၂၈၆ သိန်း၊ မင်းသား ကြီးဟိုတယ်ကို ၁၉၉၆ မှစတင် ကာ AK ကုမ္ပဏီသို့ပင် ငှားရမ်း ထားပြီး တစ်နှစ်ကောက်ခံရရှိငွေ မှာ ကျပ် ၂၇၁ သိန်းကျော်ဖြစ် သည်ဟု တိုင်းအစိုးရအဖွဲ့၏ တင် ပြချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မန္တလေးတောင်ခြေရှိ မြေ ၁၀၁ ဧကကျော် ကျယ်ဝန်း သည့် ရွှေမန်းတောင်ဂေါက်ကွင်း လုပ်ငန်းအား မန်းစည်ပင်နှင့် ပုဂ္ဂလိကကုမ္ပဏီ Best Premium တို့ အကျိုးတူလုပ်ဆောင်ရာတွင် လည်း တစ်နှစ်လျှင် ငှားရမ်းခကျပ် သိန်း ၂၅၀ သာရရှိသကဲ့သို့ ပုသိမ် ကြီးမြို့နယ် ရေကြည်ကျေးရွာ အုပ်စုရှိ မြေ ၅၅၃ ဧကကျယ်ဝန်း သည့် ရေတံခွန်တောင်ဂေါက် ကွင်း အဆင့်မြှင့်တင်တိုးချဲ့တည် ဆောက်ရေးလုပ်ငန်းအား ဖွံ့ဖြိုး သစ်ကုမ္ပဏီသို့ နှစ် ၅၀ ငှားရမ်းရာ တွင်လည်း မြေငှားရမ်းခငွေကျပ် ငါးသန်းသာရရှိမည်ဟု ဖော်ပြ ထားသည်။ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း အစိုးရပိုင်မြေနေရာနှင့် အဆောက်အအုံငှားရမ်းခြင်း လုပ်ငန်း ခုနစ်ခုနှင့် ပုဂ္ဂလိကနှင့် အကျိုးတူလုပ်ငန်းဆောင်ရွက်ခြင်း ခြောက်ခုရှိသည်ဟု ဆိုသည်။

တပ်မတော်သားကိုယ်စား လှယ်က မြေယာနှင့် အဆောက် အအုံများ ပုဂ္ဂလိကသို့ ငှားရမ်းရာ တွင် နှုန်းထားများပြောင်းလဲသတ် မှတ်ရန် လိုအပ်ကြောင်း တိုက် တွန်းဆွေးနွေးခဲ့သော်လည်း အ ခြားတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး ဝေဖန်ခြင်းမရှိခဲ့ဘဲ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက် ကိုသာ လွှတ်တော်က အတည်ပြု ခဲ့သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service