သမိုင်းဝင်ကျဆင်းတဲ့ထိ ရောက်ရှိပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီထိ အားရလောက်စရာ နာလန်ထူလာမှာမဟုတ်တဲ့ တရုတ်ဆောက်လုပ်ရေးကဏ္ဍ

သမိုင်းဝင်ကျဆင်းတဲ့ထိ ရောက်ရှိပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီထိ အားရလောက်စရာ နာလန်ထူလာမှာမဟုတ်တဲ့ တရုတ်ဆောက်လုပ်ရေးကဏ္ဍ - Property News in Myanmar from iMyanmarHouse.com
17 Nov 2015 10:51 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ တရုတ်မှာ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှုဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အိမ်ရာဆောက်လုပ်မှုမှာ ကျဆင်းမှုနဲ့အတူ ရေတိုမှာတော့ သမိုင်းဝင်နိမ့်ကျလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဆောက်လုပ်ရေးဟာ ၂၀၃၀ ပြည့်နှစ်နားကပ်လာတဲ့ နှစ်တွေမှာတော့ အနည်းငယ်ပြန်လည်နာလန်ထူလာမယ်လို့ ကမ္ဘာလုံးဆိုင်ရာဆောက်လုပ်ရေးအမြင်နှင့် အောက်စ်ဖို့ဒ်အီကော်နောမစ်က ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ဟာ အမရိကန်နဲ့ အိန္ဒိယပြီးရင် ကမ္ဘာ့တစ်ဝန်းမှာ အဓိကဆောက်လုပ်ရေးအင်အားကြီးမောင်းနှင်သူနိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ဆောက်လုပ်မှုပမာဏက ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြား ပျမ်းမျှနှုန်းရဲ့ သုံးပုံတစ်ပုံအောက် လျော့နည်းစွာ တစ်နှစ်ကို ၃ ဒသမ ၉ ရာခိုင်နှုန်းခန့်ပဲ ဖွံ့ဖြိုးတိုးတက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမဲ့ ရေရှည်မှာတော့ ဖွံ့ဖြိုးမှုနှုန်းက ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၅ ခုနှစ်ထိ ၄ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၂၀၂၅ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်ထိကို ၅ ဒသမ ၂ ရာခိုင်နှုန်းရောက်လာနိုင်တယ်လို့လည်း သိရပါတယ်။

အခုထိတော့ တရုတ်က ကမ္ဘာ့အကြီး ဆုံးဆောက်လုပ်ရေးဈေးကွက်ဖြစ်နေဆဲပါ။ ၂၀၃၀ ပြည့်နှစ်မတိုင်မီ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယဟာ ဆောက်လုပ်ရေးနဲ့ အင်ဂျင်းနီးယားရင်းမှာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းရှိလာမှာပါ။

တရုတ်ကတော့ ပြီးခဲ့တဲ့လက တစ်အိမ်ထောင် ကလေးတစ်ဦးမူဝါဒ ဖျက်သိမ်းပြီး စုံတွဲတိုင်း ကလေးနှစ်ဦးယူခွင့်ပြုခဲ့တာကြောင့် ပျမ်းမျှအားဖြင့် ၂၀၁၄ နဲ့ ၂၀၃၀ ကြား တစ်နှစ်ကို အိမ်သစ်အလုံးရေ ၈ ဒသမ ၅ သန်းခန့်ဆောက်လုပ်ရနိုင်တယ်လို့လည်း အဆိုပါအစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service