ရန်ကုန်မြို့ ရဲ့ အိမ်ယာ လိုအပ်ချက်

ရန်ကုန်မြို့ ရဲ့ အိမ်ယာ လိုအပ်ချက် - Property News in Myanmar from iMyanmarHouse.com
19 Oct 2015 10:43 am တွင် တင်ခဲ့သည်
1003 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်မှအခြားတိုင်းဒေသကြီးများသို့ ပြောင်းရွှေ့သွားသူများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကြောင့် ရန်ကုန်မြို့တော်သို့ ပြောင်းရွှေ့အခြေချနေထိုင်သူ အချိုးအစားမှာ တစ်အချိုး ရှစ်အထိ ပမာဏ ကြီးမားစွာ ကွာဟနေသည့်အတွက် နှစ်စဉ်ရန်ကုန်မြို့သို့ ပြောင်းရွေ့
အခြေချသူ ဦးရေမှာ ခြောက်ရာခိုင်နှုန်းအထိ ပုံမှန်မြင့်တက်လျက်ရှိသည့်အတွက် ရန်ကုန်မြို့တွင် အိမ်ရာ လိုအပ်ချက် နှစ်စဉ်အခန်းပေါင်း၇၅,၀၀၀ ဖြစ်ပေါ်လာမည်
ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများ၏ တွက်ချက်မှုများအရ စတုရန်းပေ ၄၅၀ အကျယ်အ၀န်းရှိသည့် တန်ဖိုးနည်းအိမ်ခန်း တစ်ခန်းအတွက်(မြေတန်ဖိုးမပါ) တစ်ခန်းလျှင် တည်ဆောက်ရေးကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ နီးပါးကျသင့်သည်။

"မြေနေရာရှိဖို့လည်းလိုတယ်၊ တိုးလာတဲ့ လူတွေကို ပြန်ကြည့်လိုက်ရင်လည်း အများအားဖြင့်က တန်ဖိုးနည်းအိမ်ခန်းတွေပဲ အဓိကလိုနေတာ တွေ့ရတယ်၊ လူချမ်းသာတွေ၊ လူလတ်တန်းစားတွေ အတွက်ကျတော့ သူတို့အတွက်က ဈေးကွက်နဲ့ ၀ယ်မယ့်ရောင်းမယ့် လူတွေကအဆင်သင့်ရှိတယ်၊ ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့တိုက်ခန်းတွေပဲအဓိကလိုတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက မြေလည်းဝယ်ရဦးမယ်၊ ဆောက်ဖို့လည်း ရင်းရဦးမယ်ဆိုရင် ရောင်းမယ့် တိုက်ခန်းဈေးက များနေနိုင်တယ်၊ မြေနေရာအတွက်တော့ အစိုးရဘက်က စီစဉ်ပေးရင်တော့ အလုပ်ဖြစ်နိုင်ပါလိမ့်မယ်"ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က အောက်တိုဘာလ ၇ ရက်နေ့တွင်ပြောသည်။

အများပြည်သူအိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများ ဖြစ်သည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းများ တည်ဆောက်ပေးနေသည့်အပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကလည်း ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းများတည်ဆောက်ပေးလျက်ရှိသော်လည်း
ရောင်းချမည့် အခန်းများ၏ တန်ဖိုးမှာ တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အထက်ရှိနေဆဲဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service