မြို့သစ်ရပ်ကွက်အချို့ ပါမစ်ပျောက် မြေဂရန် ထုတ်ပေးခြင်း ဆိုင်းငံ့

မြို့သစ်ရပ်ကွက်အချို့ ပါမစ်ပျောက် မြေဂရန် ထုတ်ပေးခြင်း ဆိုင်းငံ့ - Property News in Myanmar from iMyanmarHouse.com
15 Oct 2015 11:57 am တွင် တင်ခဲ့သည်
915 ကြိမ် ကြည့်ရှု့ပြီး
လူနေထိုင်ခြင်း မရှိသည့် မြို့စွန်ရပ်ကွက်များ၏ ပါမစ်ပျောက် မြေဂရန်လျှောက်ထားမှုများကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက
ခေတ္တရပ်ဆိုင်းလိုက်သည်။

မသမာသူများက မြေဂရန်ပျောက်ဆုံးကြောင်း လာရောက်လျှောက်ထားလာခြင်း၊ အဆင့်ဆင့် လိမ်လည်ရောင်းချခြင်းတို့ကြောင့် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးသန်းလွင်ဦးက့  ပြောသည်။

"ဒီလဆန်းကတည်းက ရပ်လိုက်တာပါ၊ ရက်အတိအကျတော့ မမှတ်မိပါဘူး၊ လူလည်တွေက မြေကွက်ပိုင်ရှင်တွေရဲ့နာမည်တွေကို ရတဲ့နေရာစုံကစုံစမ်းပြီး ပါမစ်ပျောက် ဂရန် လာလျှောက်တယ်၊ ရဲစခန်းထောက်ခံချက်တွေလည်း ပါလာတယ်၊ မသမာမှုတွေလည်းရှိတော့ လတ်တလော ပါမစ်ပျောက်မြေဂရန် ထုတ်ပေးမှုကို ဆိုင်းငံ့ထားလိုက်တာပါ၊ ဘေးပတ်ဝန်းကျင်မှာ လူနေအိမ်တွေရှိရင်တော့ ထုတ်ပေးနေပါတယ်၊ ၀န်ထမ်းတွေကိုချထား ပေးတဲ့မြေကွက်တွေ ဖြစ်တာများတဲ့အပြင် ချထားပေးတာကလည်း နှစ်ပေါင်းများစွာကြာပြီး အိမ်ဆောက်လုပ်ခြင်း မရှိဘဲ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ ရပ်ကွက်တွေမှာ သူတို့ မြေကွက်အပိုင်ဖြစ်သယောင်ယောင် လုပ်ပြီးအဆင့်ဆင့် ပြန်လည်ရောင်းစားတာတွေရှိတယ်၊
နောက်ပိုင်းကျမှပိုင်ရှင်အစစ်အမှန်တွေ ပေါ်လာ
တာတွေကြောင့် အခုလို ရပ်နားထားတာပါ"ဟု ၎င်းက ပြောသည်။

အဆိုပါမြိ့နယ်များမှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။

"အခုလို ရပ်ကွက်တွေကို ပါမစ်ပျောက် ဂရန်မထုတ်ပေးသေးဘူးဆိုတာကို အများပြည်သူ သိရှိအောင်လုပ်သင့်တယ်၊ဘယ်တော့ ပြန်ချပေးမလဲဆိုတာပါ သတင်းစာတွေထဲထည့်ပြီး ကြော်ငြာမှ အန်တီတို့က အလုပ်ကိုသေသေချာချာလုပ်လို့ရမှာ၊ ဈေးကွက်ထဲမှာ
ကတော့ ပါမစ်အတုတွေကော၊ ဂရန်အတုတွေကော၊ လက်ညှိးထိုးပြီး အဆင့်ဆင့်ရောင်းစား ထားတာတွေနဲ့ပါ ရှုပ်နေတယ်"ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း၊ အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်နီလာကျော်က ပြောသည်။

"ဈေးသက်သာတာကြောင့် မြေကွက်ဝယ်မယ်ဆိုပြီး သူတို့ပြောတဲ့ နာမည်နဲ့ အမည်ပေါက် သွားစစ်တော့လည်း အမှန်ပဲ၊ ဒါပေမဲ့ စာရွက်စာတမ်းက အတုဖြစ်နေလို့ ရောင်းတဲ့သူတွေကိုကော၊ ပွဲစားတွေကိုပါ တရားစွဲထားတယ်" ဟုဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၁ ရပ်ကွက်တွင် မြေကွက်ဝယ်ယူထားသူ ကိုစိုးရှိန်(အမည်လွှဲ) ကပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service