ဒဂုံမြို့သစ်တောင်ပိုင်း၌ အငှားအိမ်ရာစီမံကိန်းအတွက်ဒုတိယအကြိမ်ထပ်မံတင်ဒါခေါ်ယူမည်ဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးမည်မဟုတ်

ဒဂုံမြို့သစ်တောင်ပိုင်း၌ အငှားအိမ်ရာစီမံကိန်းအတွက်ဒုတိယအကြိမ်ထပ်မံတင်ဒါခေါ်ယူမည်ဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးမည်မဟုတ် - Property News in Myanmar from iMyanmarHouse.com
5 Oct 2015 10:34 am တွင် တင်ခဲ့သည်
1303 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ တည်ဆောက်မည့် အငှားအိမ်ရာစီမံကိန်းအတွက် ကုမ္ပဏီငါးခုက တင်ဒါတင်သွင်းခဲ့သော်လည်း တင်ဒါမအောင်သဖြင့် ဒုတိယအကြိမ် တင်ဒါထပ်မံခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့ရှိ အိမ်ရာမ၀ယ်နိုင်သူများအတွက် ရည်ရွယ်၍ အငှားအိမ်ရာစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဒသမ ၅၃၄ ဧကတွင်အကောင်အထည်ဖော်မည် ဖြစ်ပြီး
ယင်းမြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ယင်းအိမ်ရာဖော်ဆောင်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ကုမ္ပဏီငါးခု တင်ဒါတင်သွင်းခဲ့သော်လည်း အစိုးရက သတ်မှတ်ပေးသည့် PAE ဈေးနှုန်း နည်းပါးခြင်းကြောင့် ကုမ္ပဏီများဘက်မှ သတ်မှတ်ထားသည့် အလုံးရေအတိုင်း ဆောက်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် တင်ဒါမအောင်ခဲ့ခြင်းဖြစ်ကြောင်း၊
ထို့ကြောင့် ဒုတိယအကြိမ် တင်ဒါကို မကြာမီ ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာစီမံကိန်းအကောင်အထည်ဖော်ရန်
ပြည်ထောင်စုအစိုးရအဖွဲ့က ကျပ်ဘီလျံ ၂၀ ထောက်ပံ့ပြီးဖြစ်ရာ ယင်းအိမ်ရာကို ယခုဘဏ္ဍာနှစ်အတွင်းအပြီးဆောက်လုပ်မည်ဟုဆိုသော်
လည်း ယခုကဲ့သို့ တင်ဒါခေါ်ယူမှုအပိုင်းတွင် ကြန့်ကြာနေသဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးရန် မလွယ်ကူတော့ပေ။

ထိုစီမံကိန်းတွင် တိုက်အလုံးပေါင်း ၄၀ ခန့် ပါဝင်မည်ဖြစ်ပြီး ယခု၂၀၁၅၂၀၁၆ဘဏ္ဍာနှစ်ကုန်ဆုံးရန်မှာ ခြောက်လနီးပါးခန့်သာ ကျန်ရှိတော့ခြင်းကြောင့် ပြီးစီးနိုင်မည့် အနေအထားမရှိတော့ကြောင်း သုံးသပ်မှုများရှိနေသည်။

“အန်တီတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရအဖွဲ့က ကတိပေးပြီးသား။ ဒီစီမံကိန်းကို ဒီဘဏ္ဍာနှစ်ထဲမှာ အပြီးလုပ်မယ်ဆိုပြီး။ ဘဏ္ဍာငွေကျပ် ၂၀ ဘီလျံလည်း ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပြီးသား။
ဒါပေမဲ့ အခုထိ တင်ဒါခေါ်တဲ့ လုပ်ငန်းစဉ်လေးတောင် မပြီးနိုင်သေးဘူး” ဟု ဗဟန်းမြို့နယ် မဲဆ န္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက
ပြောကြားသည်။

ယင်းစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံး အကောင်အထည်ဖော်မည့် အငှားအိမ်ရာစီမံကိန်း ဖြစ်ကြောင်းနှင့် အခန်းပေါင်း ၂၀၀၀ နှင့် ၃၀၀၀ ကြား ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာအား ငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည်ဆိုသည်ကို ညှိနှိုင်းလျက်ရှိကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် တစ်လတစ်ကြိမ် အိမ်ငှားခ ပေးသွင်းသည့်စနစ်ဖြင့် ငှားရမ်းနေထိုင် ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်အသီးသီးမှ ပြောင်းရွှေ့ အခြေချနေထိုင်သူဦးရေ ရန်ကုန်မြို့၌ မြင့်တက်လာပြီး အိမ်ရာဈေးနှုန်းကြီးမြင့်မှုကြောင့် အိမ်ရာပိုင်ဆိုင်ရန်များစွာ အလှမ်းဝေးနေကြောင်း၊၀င်ငွေနည်းအခြေခံ ပြည်သူများအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများမှာလည်း ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော်ဖြင့် ရောင်းချနေရာ အခြေခံပြည်သူများ ၀ယ်ယူနိုင်သည့် အနေအထားမရှိသဖြင့် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှသာ အဆင်ပြေမည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service