တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများမှာ သာမန်အိမ်ရာများနှင့် ဈေးနှုန်းကွာခြားမှုနည်း၍ ၀ယ်ယူခွင့်ရရှိသော်လည်း ငွေလာမသွင်းသည့်အခန်းများ ရှိနေ

တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများမှာ သာမန်အိမ်ရာများနှင့် ဈေးနှုန်းကွာခြားမှုနည်း၍ ၀ယ်ယူခွင့်ရရှိသော်လည်း ငွေလာမသွင်းသည့်အခန်းများ ရှိနေ - Property News in Myanmar from iMyanmarHouse.com
30 Sep 2015 9:59 am တွင် တင်ခဲ့သည်
1587 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့ပြီးဖြစ်သော တန်ဖိုးနည်း၊ တန်ဖိုးမျှတဟုဆိုသည့် အိမ်ရာများမှာ သာမန်အိမ်ရာများနှင့် ဈေးနှုန်းကွာခြားမှုနည်းပါး၍ အခန်းများမဲပေါက်၍ ၀ယ်ယူခွင့်ရရှိခဲ့သော်လည်း ငွေလာမသွင်းနိုင်သည့် အခန်းများရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မဲနှိုက်ရောင်းချခဲ့သော လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတို့တွင် ၀ယ်ယူခွင့်ရရှိခဲ့သော်လည်း သတ်မှတ်ချိန်အတွင်း ငွေလာမသွင်းနိုင်သည့် အခန်းများရှိနေခြင်း ဖြစ်သည်။

တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများဟု ဆိုသော်လည်း ရွှေလင်ဗန်း တန်းဖိုးနည်းအိမ်ရာအား တစ်ခန်းလျှင် ကျပ်သိန်း ၁၁၀ နှင့် ၁၂၀ ကြား၊ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာအား တစ်ခန်းလျှင် အနည်းဆုံးကျပ် ၂၃၇ သိန်းမှ ကျပ်သိန်း ၃၀၀ ကျော်အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး သာမန်အိမ်ရာဈေးနှုန်းများနှင့် ကွာခြားမှုနည်းပါးကြောင်း၊
ထို့အတွက် အချို့ အခန်းဝယ်ယူခွင့်ရရှိပြီးမှ ငွေလာမသွင်းနိုင်ခြင်းဖြစ်ပြီး ယင်းအထဲတွင်အစိုးရ၀န်ထမ်းများ ပါဝင်နေကြောင်း သိရသည်။

ထိုသို့ ငွေလာမသွင်းနိုင်သည့် အခန်းများကို ၀ယ်ယူခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ပြီး အဆိုပါအခန်းများကို စုစည်းကာ အခြားဝယ်ယူလိုသူများကို ပြန်လည်ရောင်းချပေးရန် ညှိနှိုင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“သတ်မှတ်ချိန်အတွင်း ငွေလာမသွင်းနိုင်တဲ့ အခန်းတွေကို ၀ယ်ယူခွင့် ပယ်ဖျက်သွားပါမယ်။ အဲဒီအခန်းတွေကို အခြားဝယ်ချင်တဲ့သူရှိရင် တိုက်ရိုက်ရောင်းပေးမလား။ ဒါမှမဟုတ် မဲပြန်နှိုက်ပေးမလားဆိုတာတော့ ညှိနှိုင်းနေတုန်းပါပဲ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာတွင် လက်ရှိအချိန်အထိ အခန်းပေါင်း ၅၀၀ ကျော် ရောင်းချထားပြီး ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာတွင် အခန်းပေါင်း ၄၀၀ ခန့် ရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် ငွေလာရောက်မသွင်းနိုင်သည့် အခန်းအရေအတွက် အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာသည် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းချောင်းအနီးတွင် တည်ရှိပြီး မြို့တွင်းနှင့် များစွာအလှမ်းဝေးကွာသည့်နေရာဖြစ်ကြောင်း၊ အလားတူ ဗိုလ်ဗထူး တန်းဖိုးမျှတအိမ်ရာသည်လည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက် ဗိုလ်ဗထူးလမ်းပေါ်တွင် တည်ရှိသဖြင့် မြို့တွင်းနှင့်များစွာ အလှမ်းဝေးကွာနေသည်။
သို့ဖြစ်ရာ ထိုသို့ ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည့် ဈေးနှုန်းများဖြင့် ရန်ကုန်မြို့တွင်းရှိ အခြားဆင်ခြေဖုံးမြို့နယ်များဖြစ်သော သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပမြို့နယ်များ၌ပင် အသင့်အတင့်ရှိသော ကန်ထရိုက်တစ်ခန်း ၀ယ်ယူနိုင်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အသင့်ဆောက်ပြီး ကန်ထရိုက်တိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့်ပင် ၀ယ်ယူရရှိနိုင်ပြီး အလားတူ တောင်ဥက္ကလာပမြို့နယ်တွင်လည်း အဆိုပါဈေးနှုန်းနီးနီးဖြင့်ပင် ရရှိပိုင်ဆိုင်နိုင်ကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သူအချို့ထံမှ သိရသည်။

“လှိုင်သာယာ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာဆိုတော့ ပထမလျှောက်ကြည့်လိုက်တယ်။ အဲဒါနဲ့ အဲဒီဘက်ကို ရောက်လက်စနဲ့ ဘယ်နေရာလဲသိချင်လို့ သွားကြည့်လိုက်တော့ တော်တော်ကိုဝေးတာပဲ။
လှိုင်သာယာ ရွှေလင်ဗန်းချောင်းဘေးနားမှာ။ အဲဒီနားမှာ ကျူးကျော်အိမ်တွေလည်း ရှိတယ်။ ဒီလိုမြို့တွင်းနဲ့ အရမ်းအလှမ်းဝေးတဲ့နေရာမှာ တန်ဖိုးနည်းဆိုပြီး ကျပ်သိန်း ၁၂၀ လောက်နဲ့ ရောင်းတာဆိုတော့ များတာပေါ့။ ပိုက်ဆံထပ်စိုက်ပြီး မြို့ထဲကို သွားလာရလွယ်တဲ့ သာကေတလို၊ သင်္ဃန်းကျွန်းလိုနေရာမျိုးမှာပဲ ၀ယ်နေမှာပေါ့”ဟု ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာလျှောက်ထားခဲ့သူ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် နယ်မှပြောင်းရွှေ့အခြေချသူ များပြားလာခြင်းကြောင့် အိမ်ရာလိုအပ်ချက် မြင့်မားနေပြီး ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဟုဆိုကာ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများကို အကောင်အထည်ဖော်ခဲ့သော်လည်း အခြေခံပြည်သူများ မတတ်နိုင်သည့် ဈေးနှုန်းများ ဖြစ်နေသည်။

Credit : ကျော်ထင်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service