အိမ်ခြံမြေ ရောင်းသူဝယ်သူတို့ ဆင်ခြင်ကြစေဖို့

အိမ်ခြံမြေ ရောင်းသူဝယ်သူတို့ ဆင်ခြင်ကြစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
9 Sep 2015 11:33 am တွင် တင်ခဲ့သည်
4883 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အိမ်ခြံမြေအရောင်းအဝယ် အပါအဝင် အခြားစီးပွားရေး ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းတွေမှာဆိုရင် ရင်းနှီးမြှုပ်နှံမှုဝေစု ရှယ်ယာတွေကမြင့်လွန်းလျှင်ဖြစ်စေ၊နိမ့်လွန်းလျှင်ဖြစ်စေ
ငွေကြေးအရှုံးများစွာဖြစ်ပေါ် လာနိုင်ပါတယ်။

အိမ်ခြံမြေနဲ့ပတ်သက်တဲ့အကြောင်းပြောရရင်ဝယ် ဖို့ ပဲဖြစ်ဖြစ်၊ ရောင်းချဖို့ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းမှာ မှားယွင်းစွာလုပ်ကိုင်တတ် တဲ့ ယေဘုယျအမှားလေးတွေရှိပါတယ်။ အဲ့ဒီ အမှားတွေက ဘာ တွေလဲ၊ ဘာ့ကြောင့်မှားရသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရ အောင်……..

ဘယ်တော့မှ မှန်ကန်တဲ့ဈေးနှုန်းနဲ့ရမှာ မဟုတ်ပါဘူး

ဘယ်လို အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းမျိုးမှာမဆို မှန်ကန်တဲ့ ဈေးနှုန်းအမှန်ကို တသတ်မတ်တည်း သတ်မှတ်မထားကြပါဘူး။ အ ခြေအနေနဲ့ အချိန်အခါကို လိုက်ပြီးပြောင်းလဲနေတတ်ပါတယ်။ သင့် ရဲ့အိမ်ကို ရောင်းချင်တယ်ဆိုရင်တောင် အိမ်ရဲ့ဈေးနှုန်းကနည်း လွန်းနေလျှင် သင့်ဆီမှာအရှုံးပေါ်နေပြီး ဈေးနှုန်းများလွန်းသွားပြန် ရင်လည်း တော်တော်နဲ့ဝယ်လက်မပေါ်လာတာလို့ အိမ်အ ရောင်းထုတ်ဖို့ ခက်ခဲသွားနိုင်တာကြောင့်ပါပဲ။ ဒီတော့ ရောင်းချချင် တဲ့ အိမ်ပိုင်ရှင်တွေအနေနဲ့က ကိုယ့်ပတ်ဝန်းကျင်ကအိမ်ခြံမြေဈေး နှုန်းတွေ၊ ပြောင်းလဲ
မှုတွေကို စောင့်ကြည့်ကာသင့်တော်တဲ့ အိမ် ဈေးနှုန်းကို ချိန်ညှိပြီး အရောင်းအဝယ်လုပ်ကိုင်သင့်ပါတယ်။

လက်ပူတိုက်ပြင်ဆင်ပြီး အိမ်ကိုအရောင်းထုတ်ဖို့ မကြိုးစားပါနဲ့

ကိုယ့်ရဲ့အိမ်ကို မြန်မြန်အရောင်းထွက်ချင်လို့ လက်တလော နေလို့ ရရင်ပြီးရော၊ ရုတ်တရက်ကြည့်တဲ့ အမြင်နဲ့ကြည့်လို့ အဆင်ပြေရင် ပြီးရောဆိုပြီး အိမ်ရဲ့အချို့အစိတ်အပိုင်းနေရာတွေကို လက်ပူတိုက် ပြီး ပြင်ဆင်တတ်ကြတာက အိမ်အရောင်းသမားတွေ အများဆုံး ကျူးလွန်တတ်ကြတဲ့အမှားတစ်ခုပါပဲ။ ဝယ်သူလာကြည့်ခါနီးမို့လို့ အိမ်အဝင်တံခါးပေါက်တွေကို လက်ပူတိုက်ပြီး မသပ်မရပ်ပြင်ဆင် ထားတာမျိုး၊ အိမ်ရှေ့၊ နောက်ဖေးခြံနေရာလွတ်တွေက ချုံတွေနဲ့ ချိုင့်ခွက်တွေကို အလျင်အမြန်ရှင်းလင်းပြီး မညီမညာမြေဖို့ထားတာ မျိုး၊ နောက် အိမ်နံရံတွေ၊ ခြံစည်းရိုးတွေမှာ ဟိုတစ်ကွက်၊ ဒီတစ် ကွက်ဖြစ်နေတဲ့ သုတ်ဆေးကွက်တွေစတဲ့ လက်ပူတိုက်ပြင်ဆင် ထားတာမျိုးတွေ အားလုံးကို ဝယ်ယူသူတွေက နဂိုကတည်းကသိ ပြီးသားဖြစ်တာမို့လို့ ဒီလိုမျိုးလက်ပူတိုက်တဲ့ပြုပြင်ခြင်းကို လွန်လွန် ကျွံကျွံမပြုလုပ်မိပါစေနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုမျိုး ခဏတာ သာကြည့်ကောင်းနေမယ့် အိမ်တွေကို ဝယ်ယူဖို့ ဝယ်ယူသူတွေ ဘယ်သူကမှစိတ်ဝင်စားကြမှာမဟုတ်လို့ပါပဲ။

ဝယ်လက်မှာရှိတဲ့ ပြဿနာအချို့ကို မေ့နေတတ်ကြ တယ်

အချို့အိမ်အရောင်းသမားတွေက မိမိလိုချင်တဲ့အရောင်းအဝယ်လုပ် ငန်း အလုပ်ဖြစ်ဖို့ကိုပဲ အာရုံစိုက်နေကြပြီး တစ်ဖက်ဝယ်ယူသူမှာရှိ တဲ့ ပြဿနာတွေကို ထည့်မစဉ်းစားပေးတတ်ကြပါဘူး။ ဒါကလည်း ဝယ်ယူသူတွေအားလုံးနီးပါးမှာရှိတတ်ကြတဲ့ တစ်ကိုယ်ကောင်းဆန် ခြင်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့အိမ်အရောင်းထွက်ဖို့အရေးက ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက်အဆင်ပြေမှ လုပ်ငန်းပြီးမြောက်အောင်မြင်နိုင် မှာဖြစ်ပါတယ်။ မတန်တဆဖြစ်လွန်းတဲ့ ဈေးနှုန်း၊ ဝယ်သူမတတ်နိုင် တဲ့ ဈေးနှုန်းနဲ့ အရောင်းခေါ်ထားတာကြောင့် တစ်ဖက်ဝယ်သူက ဘယ်လောက်ပင်ကြိုက်ပါစေ မိမိအိမ်ကို ဝယ်ယူဖို့မဖြစ်နိုင်တော့လို့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒီတော့ ရောင်းသူဘက်ကလည်း ဝယ် သူဘက်ကစဉ်းစားပြီး တတ်နိုင်တဲ့ ဈေးနှုန်းကို တစ်ထစ်လျှော့ပေးပြီးအဆင်ပြေပြေညှိ
နှိုင်းရောင်းချသင့်ပါတယ်။

ဈေးပြိုင်ပေးတာမျိုးတွေ ဖြစ်လာနိုင်တာ

တစ်ယောက်ထက်မကရှိလာတဲ့ ဝယ်ယူသူတွေက ဈေးပြိုင်ပေးလာ တာမျိုးတွေ ရှိနေတဲ့အခါ သင့်အတွက်လိုချင်တဲ့ ဈေးနှုန်းလိုလားတဲ့ စိတ်တွေကနေ စိတ်လှုပ်ရှားမှု၊ စိတ်ခံစားမှုတွေ ပိုပြီးတော့ရှုပ်ထွေး လာနိုင်ပါတယ်။ဝယ်လက်မေးမြန်းလာတဲ့ ဈေးထက်တောင်ပိုပြီး တော့ ရချင်လာတဲ့အခါ တစ်ဖက်ဝယ်ယူသူနဲ့ အတတ်နိုင်ဆုံးညှိနှိုင်း မှုတွေပြုလုပ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဈေးတွေအပြိုင် ပေးနေပြီဆိုကတည်းက ကိုယ့်ရဲ့လုပ်ငန်းကို ပွဲဖြစ်သွားစေချင်တာ ထက် ပွဲပျက်သွားစေဖို့ကိုပဲ လိုလားကြသူတွေပိုများလာတာကို သ တိထားသင့်ပါတယ်။ တိကျသေချာတဲ့ ဈေးနှုန်းနဲ့တိကျတဲ့ ဝယ် လက်တစ်ဦးတည်းနဲ့သာ အတတ်နိုင်ဆုံးသူ့ဘက်ကိုယ့်ဘက်ညှိနှိုင်း ပြီး အရောင်းအဝယ်ဖြစ်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။

ကြာရှည်လွန်းတဲ့ အရောင်းအဝယ်ညှိနှိုင်းခြင်းမျိုးကို ရှောင်ပါ
နေအိမ်တစ်လုံးအရောင်းထွက်ဖို့ အလွန်ဆုံးသုံးပတ်ကြာညှိနှိုင်း ဆောင်ရွက်သင့်တယ်လို့ ကမ္ဘာ့အိမ်ခြံမြေရေးရာစစ်တမ်းကောက် ချက်မှာ ဖော်ပြထားပါတယ်။ အကယ်၍ အဲ့ဒီအချိန်တွေကျော်လွန် သွားတာတောင် အလုပ်မဖြစ်သေးဘူးဆိုရင်တော့ တခြားဝယ်လက် ကိုရှာလိုက်တာအကောင်းဆုံးပါပဲ။ အချိန်ကြာလာလေ ရောင်းသူ၊ ဝယ်သူနှစ်ဦးစလုံးမှာ ထိခိုက်လာလေပဲဖြစ်ပါတယ်။ ငွေလက်ထဲကိုင် ထားပြီး ဝယ်သူအဖို့ကလည်း ငွေကြေးသုံးစွဲဖို့အတွက် အိမ်မဟုတ် ပဲ အခြား ကားတို့၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတို့ပဲ ပြောင်းပြီးလုပ်မလား လို့တောင် စိတ်ပြောင်းလဲစဉ်းစားမိကြတော့မှာပါ။ တစ်ဖက်က ရောင်းသူအနေနဲ့ကလည်း အိမ်အရောင်းက အလုပ်မဖြစ်သေးပဲ တခြားပစ္စည်းအသုံးအဆောင်တွေကို ကြိုပြီးဝယ်ဖို့စီစဉ်ထားလို့ ကတိဖျက်ရုတ်သိမ်းရတာမျိုးတွေ၊ တခြားစီစဉ်ထားတဲ့စီးပွားရေးလုပ်ငန်းကိစ္စတွေ၊လက်ကျန်ငွေကိုအကုန်သုံးမိသွားတာတွေစတဲ့ ငွေကြေးအခက်အခဲ
ပြဿသနာတွေ ပေါ်လာနိုင်တာကြောင့်ပဲဖြစ် ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service